သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-09
ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် လိုအပ်ရင် ပါတီဥက္ကဌတာဝန်က နှုတ်ထွက် မယ်လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင် က ပြောပါတယ်။
2015-11-09
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ရွေးကောက်ပွဲမဲရလဒ်တွေကို ဒီကနေ့ စတင်ကြေညာရာမှာ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းက ပြည်သူ့လွှတ်တော်အတွက် မြို့နယ်ပေါင်း ၁၂ မြို့နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီး အတွက် ၂၄ နေရာအားလုံး မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရတယ်လို့ ပြောပါ တယ်။
2015-11-09
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က တရားဝင်ရလဒ်တွေ မထွက်သေးပေ မယ့် ရွေးကောက်ပွဲကို နိုင်ခဲ့ပြီလို့ ယူဆကြောင်း ရှုံးတဲ့သူက သတ္တိရှိဖို့နဲ့ အိန္ဒြေရှိဖို့လိုအပ်သလို နိုင် တဲ့သူကလည်း စိတ်ကိုနှိမ့်ချပြီး သဘောထားကြီးဖို့ လိုကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2015-11-09
ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ရလဒ်ကို လက်ခံကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ က ပြောပါတယ်။
2015-11-08
အခုဆက်ပြီး တွေ့ဆုံမေးမြန်းချက်တွေကို ထုတ်လွှင့်ပေးမှာပါ။ ပရိသတ်များရှင်၊ မြန်မာပြည် ရဲ့ နိုင်ငံရေးနဲ့ သာသနာရေးမှာ မန္တလေး သံဃာတော်များရဲ့ သြဇာအရှိန်အဝါက ကြီမား လှပါတယ်။
2015-11-08
ဒီကနေ့ ရွေးကောက်ပွဲနေ့ ညနေပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရန်ကုန်ရုံးချုပ်ရှေ့မှာ သောင်းဂဏန်းလောက်ရှိမယ့် မြို့ခံတွေ လာရောက် စုဝေးနေကြပါတယ်။
2015-11-08
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၈ ရက် ဒီကနေ့မနက်က ဗဟန်းမြို့နယ်မှာ သွားရောက် မဲပေးခဲ့ပြီးနောက်၊ ကော့မှူးမြို့နယ်ကို ဆက်လက်ထွက်ခွာပြီး မဲရုံ ၃ ရုံကို ဝင်ရောက် ကြည့်ရှုခဲ့ပါတယ်။
2015-11-08
ဒီနေ့ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်လောင်းတွေလည်း မဲပေးခဲ့ကြပါတယ်။
2015-11-08
ဒီနေ့ အထွေထွေ ရွေးကောက်ပွဲနေ့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေ မဲသွားပေးတဲ့အခါ ကြုံတွေ့ရတာတွေနဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ က စုစည်းတင်ပြထားပါတယ်။
2015-11-08
မန္တလေးခရိုင် အတွင်းမှာရှိတဲ့ မဟာအောင်မြေ မြို့နယ်၊ မဟာမြိုင်-၁ ရပ်ကွက်က မဲရုံအမှတ်-၅ မှာ အမှန်တကယ် နေထိုင်ခြင်းမရှိသူ အယောက်တစ်ရာလောက် ဒီကနေ့ မဲလာပေးတာနဲ့ ပတ်သက်ပြီး NLD ပါတီဝင် မဲရုံကိုယ်စားလှယ်တွေက ဖော်ထုတ်လိုက်ရာကနေ မြို့နယ် ရွေးကောက်ပွဲကော်မရှင်က အဲဒီလူတွေကို မဲပေးခွင့် ပိတ်ပင်လိုက်ပါတယ်။
2015-11-08
နိုဝင်ဘာလ ၈ရက်နေ့ အထွေထွေ ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင်တွေဟာ မဲရုံတွေမှာ မနက် မိုးမလင်းခင် ကတည်းက စောင့်ဆိုင်းပြီး မဲပေးခဲ့ကြပါတယ်။
2015-11-08
မြန်မာနိုင်ငံမှာ ပိုမို ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတည်ထောင်ရေး အတွက် စစ်တပ်က ဖြေလျှော့ပေးလာမလားဆိုတဲ့ ေ မးခွန်းအတွက် ပြည်သူ သန်းပေါင်း ၃၀ ကျော်က ဒီနေ့ ၂၀၁၅ ခု နိုဝင်ဘာလ ၈ ရက်နေ့မှာ မဲပေးရွေးချယ်ကြပါတယ်။ ြ မန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကျော် စစ်တပ်က အုပ်ချုပ်လာပြီး၊ လွန်ခဲ့တဲ့ ၅ နှစ်မှာ အငြိမ်းစား စစ်ဗိုလ်ချုပ်တွေ ပါဝင်တဲ့ အရပ်သားတပိုင်း အစိုးရက အုပ်ချုပ်ခဲ့ပါတယ်။
2015-11-08
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး မြို့နယ်မှာ ဒီကနေ့ နေ့လည်က တောင်ကြီး မြို့နယ် ကော်မရှင် ထံကို ကြိုတင်မဲ ထုပ်တွေ ရောက်ရှိလာရာမှာ မဲကွာ ဟတာများနေတဲ့အတွက် နိုင်ငံရေးပါတီတွေက ကန့်ကွက်တာကြောင့် ကော်မရှင်က အဲဒီမဲထုပ်တွေ ကို ချိတ်ပိတ်လိုက်ပါတယ်။
2015-11-08
မန္တလေးခရိုင်အတွင်းမှာရှိတဲ့ မဟာအောင်မြေမြို့နယ် မဟာမြိုင် ၁ ရပ်ကွက်က မဲရုံအမှတ် ၅ မှာ အမှန်တကယ်မနေထိုင်တဲ့ လူဦးရေ ၁ဝဝ ခန့်ဟာ မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေ ယူဆောင်ပြီး မဲလာပေးတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
2015-11-08
ဆန္ဒမဲတွေကိုရေတွက်တဲ့အချိန်မှာ ပွင့်လင်းမြင်သာမှုရှိရေးဟာ အရေးကြီးကြောင်း အီးယူ ဥရောပသမဂ္ဂ ရွေးကောက် ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် Alexander Lambsdorff က ပြောပါတယ်။