သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-08
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ဟိုနမ့်ကျေးရွာမဲရုံကနေ သယ်ဆောင်လာ တဲ့ မဲပုံးသုံးပုံးကို ရပ်ကျေးမဲရုံဝန်ထမ်းတွေ က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးထံ မပို့ဘဲ ရုံးအနီးက အဏ္ဏဝါဓာတ်ပုံနဲ့ မိတ္တူဆိုင်မှာ ဖွင့်ဖောက်နေတဲ့အတွက် အန်အယ်လ်ဒီပါတီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားလိုက်ပါတယ်။
2015-11-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီနေ့မနက်က ဗဟန်းမြို့နယ်မှာ သွားရောက်မဲပေးပြီးနောက် ကော့မှူးမြို့နယ်ကို ဆက်လက်ထွက်ခွာကာ မဲရုံ ၃ ရုံကို ဝင်ရောက်ကြည့် ရှုခဲ့ပါတယ်။
2015-11-08
မြန်မာနိုင်ငံမှာ ဒီနေ့ ကျင်းပတဲ့ သမိုင်းဝင်ပါတီစုံဒီမို ကရေစီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နောက်ဆုံး အခြေအနေတွေ၊ ဂရုပြုသတိထားစရာတွေကို ရန်ကုန် မြို့က နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ် ဒေါက်တာ ရန်မျိုးသိန်း နဲ့ ၁၉၉၀ပြည့် ရွေးကောက်ပွဲ အနိုင်ရ ပုလဲမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ တင့်ဆွေတို့နဲ့ ဆက်သွယ်ပြီး ဦးခင်မောင်ညိန်း က ဆွေးနွေးထားပါတယ်။
2015-11-08
ဒီနေ့ ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် မဲရုံတိုင်း အဆင့် လေးဆင့် ထားရှိတယ် လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် သိန်းဦးက ပြောကြားလိုက်ပါတယ်။
2015-11-08
ပြည်သူတွေ ရွေးချယ်တဲ့ ရွေးကောက်ပွဲ ရလဒ်အတိုင်း လက်ခံမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
2015-11-08
မြန်မာနိုင်ငံမှာ ဒီနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲပြီးဆုံးသွားလို့ မဲလက်မှတ်တွေ ရေတွက်ကြတဲ့အခါမှာ လူအများ စိုးရိမ်နေကြသလို မဲလိမ် မဲခိုးမှုတွေ လုပ်လို့ မရအောင် တရားဥပဒေပိုင်းက စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်လို့ NLD ရှေ့နေ ဦးကိုနီက ပြောကြားလိုက်ပါတယ်။
2015-11-08
ရှမ်းပြည်နယ်မှာ ကချင်တိုင်းရင်းသားရေး ရာ ဝန်ကြီးနေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲပေးခွင့်ရရှိတဲ့ ကချင်တိုင်းရင်းသား ၇ သောင်းသာရှိတယ် လို့ ကော်မရှင်က စာရင်းထုတ်ပြန်ထားတဲ့အတွက် မဲပေးခွင့် ဆုံးရှုံးသူတွေ အမြောက်အများ ရှိနေတယ်လို့ သိရပါတယ်။
2015-11-07
အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်တို့ဟာ ဒီနေ့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့ နယ် ညောင်ပင်ကြီးစုကျေးရွာက မဲရုံ အမှတ် ၂မှာ ကြိုတင် မဲပေးခဲ့တယ်လို့ သိရပါတယ်။
2015-11-07
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာ ကြိုတင်မဲပေးသူ တစ်သောင်းကျော် ရှိတဲ့အတွက် ကြိုတင်မဲတွေ ဖောင်းပွနေ တယ်လို့ ဇမ္ဗူသီရိမြို့နယ် အန်အယ်လ်ဒီပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းက ပြောပါတယ်။
2015-11-07
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်က မဲလက်မှတ်တွေမှာ ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ချခံထားရတဲ့ ချင်းတိုးတက်ရေးပါတီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း နာမည်နဲ့ ပါတီတံဆိပ် ပါဝင်နေတယ်လို့ သိရပါတယ်။
2015-11-07
၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကနေ ထွက်ပေါ်လာမယ့် ရလဒ်ကို အစိုးရနဲ့အတူ တပ်မတော် တို့က လေးစားလိုက်နာသွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတဝှမ်းကို မနေ့က ထုတ်ပြန် တဲ့ ရွေးကောက်ပွဲဆိုင်ရာ မိန့်ခွန်းထဲမှာ ကတိပေးပြောဆို သွားပါတယ်။
2015-11-07
မြန်မာနိုင်ငံမှာ မဲပေးရမယ့်ရက် မရောက်သေးပေမယ့် ကြိုတင်မဲနဲ့ ပတ်သက်ပြီး မသင့်လျော်တာတွေကို လုပ်ဆောင်နေတဲ့ သက်သေ အထောက်အထား တစ်ခုကို အာအက်ဖ်အေက တွေ့ရှိရပါတယ်။
2015-11-07
မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ သာသနာရေးမှာ မန္တလေး သံဃာတော်များရဲ့ သြဇာအရှိန်အဝါက ကြီမားလှ ပါတယ်။ အခုနှစ်ပိုင်းတွေအတွင်း နိုင်ငံတကာ သတင်းမီဒီယာ အတော်များများမှာ ရေပန်း စားနေတဲ့ မန္တလေးသံဃာတော်တပါးကတော့... မစိုးရိမ်တိုက်သစ်က ဆရာတော် အရှင်ဝီရသူ ဖြစ် ပါတယ်။
2015-11-07
တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်က ရတောင်မှောင်းလှော်၊ ရတောင်၊ ညောင်သီးစတဲ့ ကျေးရွာတွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေနဲ့ ထောက်ခံသူတွေဟာ မနေ့က မဲဆွယ်စည်းရုံးခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
2015-11-07
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ရန်ကုန် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးမဲဆွယ်စည်းရုံးရေး လုပ်ခဲ့ပါတယ်။