သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-20
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာမှာ ဒီနေ့မနက် ၄ နာရီ လောက်က ရွာထဲကနေအိမ်တစ်လုံးကို သေနတ်ကျည်ကျရောက်လို့ အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး ယာဘက်ခြေထောက်မှာ ကျည်ထိမှန်ဒဏ်ရာရသွားပါတယ်။
2020-01-19
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှာ စေတနာ့ဝန်ထမ်း ကချင်ဆရာမ နှစ်ဦး အဓမ္မပြုကျင့် အသတ်ခံခဲ့ရမှု အမှုမှန်ပေါ်ပေါ်ဖို့ မိသားစုဝင်တွေနဲ့ အမှုမှန်ပေါ်ပေါက်ရေးကော်မတီက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2020-01-19
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ထိရောက်မယ်လို့ ယုံကြည်ကြောင်း ဘာသာရေးခေါင်းဆောင်တွေက ပြောကြပါတယ်။
2020-01-19
ရခိုင်ပြည်နယ်မှာ သုံးရက်အတွင်း တိုက်ပွဲမရှိပေမယ့် မင်းပြားမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ လက်နက်ကြီးကျည် ပေါက်ကွဲတာ၊ မိုင်းပေါက်ကွဲတာတွေကြောင့် အရပ်သား ကိုးယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2020-01-19
ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းဝန်းကျင်ရှိတဲ့ အထဲမှာ ထက်ဝက်လောက်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ မဟုတ်ဘဲ နီးစပ်ရာ နေရာတွေမှာ ခိုလှုံနေကြရပါတယ်။ ကာလကြာရှည်လာတဲ့ တိုက်ပွဲတွေကြောင့် အဲဒီဒုက္ခသည်တွေ စားသောက်နေထိုင်ရေး အခက်အခဲတွေ ကြုံနေကြပါတယ်။
2020-01-18
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ နှစ်ရက်ကြာ မြန်မာပြည်ခရီးစဉ်အကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် က တင်ပြထားပါတယ်။
2020-01-18
NCA အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား အဖွဲ့တွေအားလုံး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးမှာ ပါဝင်နိုင်ဖို့နဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို မတ်လထဲမှာကျင်းပဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ PPST အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြပါတယ်။
2020-01-18
ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းပေးဖို့အတွက် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် ကို ဒီနေ့ ဆန္ဒပြတောင်းဆိုပါတယ်။
2020-01-18
၂ဝ၂၀ ဇန်နဝါရီ ၁၈ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ “NLD အစိုးရရဲ့ လူ့အခွင့်အရေးကော်မရှင်သစ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-01-17
၂ဝ၁၅ ခုနှစ်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ်မြို့နယ်ခွဲက ကောင်းခါးကျေးရွာမှာ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ရဲ့ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးဖြစ်တဲ့ မရမ်-လုရာနဲ့ တန်ဘောင်-ခေါ်န်နန်စင်တို့ အဓမ္မ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။
2020-01-17
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA အကြားက တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ကလေးတွေအနေနဲ့ မကြာခင်ကျင်းပတော့မယ့် အတန်းတင်စာမေးပွဲကိုတောင် ဖြေနိုင်ပါ့မလား ဆိုပြီး စိုးရိမ်နေကြရပါတယ်။
2020-01-17
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာ တရုတ်မြန်မာနယ်စပ်မှာရှိတာမို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ တရုတ်နဲ့ တိုက်ရိုက်ဆက်စပ်မှုတွေရှိနေပေမယ့် တရုတ်နိုင်ငံရဲ့ မဟာဗျူဟာအရ အလုံးစုံငြိမ်းချမ်းရေးရဖို့အတွက် လုပ်ဆောင်မှာမဟုတ်ဘူးလို့ သုံးသပ်မှုတွေရှိပါတယ်။
2020-01-17
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ အစည်းအဝေးကို ၂၀၂၀ ခုနှစ် လေးလအတွင်း ကျင်းပနိုင်ဖို့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က ဒီနေ့ ဆွေးနွေးကြပါတယ်။
2020-01-17
နေပြည်တော်ကို ရောက်ရှိနေတဲ့ သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာအစိုးရတို့ဟာ မနက်ဖြန်မှာ ပိုးခါးပတ်လမ်းမ BRI ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မြန်မာနိုင်ငံထဲက စီမံကိန်းကြီးတွေကို နားလည်မှုစာချွန်လွှာ MOU တွေ ရေးထိုးဖို့ရှိတယ်လို့ သိရပါတယ်။
2020-01-17
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာပြည်ခရီးစဉ်ကို ကြိုဆိုကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ လေးဖွဲ့က ကြေညာချက်တွေ အသီးသီးထုတ်ပြန်ရာမှာ UWSA၊ AA နဲ့ TNLA အဖွဲ့တွေက ခေတ်သစ်ပိုးလမ်းမစီမံကိန်း BRI ကို လက်ခံကြိုဆိုကြောင်း ပြောကြပါတယ်။