သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-02-15
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ဆုံဒေသ၊ တန်ဖရဲရွာမှာ ကျောင်းဆရာမတွေ ကျောင်းသား၊ ကျောင်းသူလေးတွေအပါအဝင် ဒေသခံအယောက် ၂၀ လောက်ကို KIA ကချင်လွတ်မြောက်ရေး တပ်မတော်က အဓမ္မစစ်သားစုဆောင်းသွားခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။
2013-02-15
ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ၂၀၁၃-၂၀၁၄၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အကောင်အထည်ပေါ်လာ ခဲ့ရင် ပြည်သူတွေရဲ့ဆန္ဒတွေ အတိုင်းအတာ တစ်ခုအထိ ရောင်ပြန်ဟပ်မယ် ထင်ပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2013-02-15
မြန်မာနိုင်ငံက HIV/AIDS ရောဂါ ကုသရေးနဲ့တိုက်ဖျက်ရေး အစီအစဉ်တွေမှာ ဘဏ္ဍာရေး အခက်အခဲဖြစ်ပြီး အလှူရှင်အသစ်တွေ မရတော့ရင် အကြပ်အတည်း ဆိုက်လာနိုင်ဖွယ် ရှိတယ်လို့ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက သတိပေးပြောဆိုလိုက်ပါတယ်။
2013-02-15
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဟာ သူမရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူး မြို့နယ်ကို ဒေသဖွံ့ဖြိုးရေးအတွက် မနက်ဖြန်မနက်မှာ သွားရောက် ကြည်ရှုမယ်လို့ သိရပါတယ်။
2013-02-15
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတချိူ့ဟာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ကို လေကြောင်းခရီးနဲ့ ဒီနေ့နေ့လည် မှာ ရောက်ရှိသွားတယ်လို့ သိရပါတယ်။
2013-02-15
ကချင်ပြည်နယ်မှာ စစ်ဘေးရှောင် ထွက်ပြေးသွားပြီးနောက် ကိုယ့်ရပ်ရွာ အိမ်ပြန်သွားတဲ့ ဒုက္ခသည်များဟာ သူတို့အိမ်တွေ ဖေါက်ထွင်းဖျက်ဆီး ခံထားရတာကို တွေ့ကြရတယ်လို့ ဒုက္ခသည်တွေနဲ့ နီးစပ်တဲ့ ကချင်ဒေသခံတွေက ပြောပါတယ်။
2013-02-15
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့ရှိ မြို့တော်ခန်းမမှာ ရှမ်းပြည်နယ် အတွင်း လူထုအခြေပြု ဖွံ့ဖြိုးရေး စီမံကိန်း ဆောင်ရွက်မည့် မြို့နယ်ရွေးချယ်ရန် အကြံပေးခြင်း အခမ်းအနား ကို ဖေဖော်ဝါရီလ ၁၄ ရက်က ကျင်းပခဲ့ပါတယ်။
2013-02-15
အရင်စစ်အစိုးရလက်ထက်က အကောင်အထည်ဖော်နေတဲ့ စီမံကိန်းစနစ်တွေအစား အခုပြောင်းလဲ လာတဲ့ အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာနတွေအနေနဲ့ ပြည်သူတွေယုံကြည်တဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ လက်တွေ့ စီမံကိန်းတွေ ပြောင်းလဲဖော်ဆောင်ပေးဖို့ကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက တိုက်တွန်း လိုက်ပါတယ်။
2013-02-15
ကချင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့အကြီးအကဲ ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် က မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
2013-02-14
အမေရိကန်နိုင်ငံအနေနဲ့ စစ်တပ်ကျောထောက်နောက် ခံ မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေအားလုံးကို ရုပ်သိမ်းပေး လိုက်ရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း အစီအစဉ်တွေဟာ နောက်ကြောင်းပြန်လှည့် သွားနိုင်တယ်လို့ Amnesty international နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဝါရှင်တန်ရုံးအကြီးအကဲ Frank Jannuzi က သတိပေး ပြောကြားလိုက်ပါတယ်။
2013-02-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို လာမယ့် မတ်လအတွင်း ကျင်းပရေးအတွက် ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ အရှေ့ပိုင်းခရိုင် ညီလာခံ ကိုယ်စားလှယ်ရွေးချယ်ပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်တန်းအသင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
2013-02-14
ကချင်ပြည်နယ်အထိ ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်သူတွေအဖွဲ့ ဟာ မန္တလေးမြို့မှာ ၂ ရက်ကြာ နားနေပြီးနောက် ဒီကနေ့ နေ့လည်ပိုင်း မှာ စစ်ကိုင်းတိုင်းဒေသကို ဆက်လက်ခရီးထွက်ခွာ ခဲ့ကြပါတယ်။
2013-02-14
တစ်ကမ္ဘာလုံးမှာရှိကြတဲ့ အမျိုးသမီးတွေ ညှင်းပန်းနှိပ်စက်ခံရတဲ့ အခြေအနေတွေ ရပ်တန့်ဖို့အတွက် ရန်ကုန်မြို့မှာ ဒီကနေ့ အမျိုးသမီး၊ အမျိုးသားအရွယ်စုံ အင်အားနှစ်ရာလောက်စုပေါင်းပြီး ဆန္ဒထုတ်ဖော် ကပြဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ပါတယ်။
2013-02-14
နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆု ကို လက်ခံရယူဖို့၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ဟာ ဒီနေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။
2013-02-14
လက်ပန်းတောင်းတောင်သပိတ် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရှေ့နေများကွန်ရက်ရဲ့ အစီရင်ခံစာကို အများပြည်သူ သိရှိနိုင်အောင် ရှင်းလင်းတင်ပြတဲ့ အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။