သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-04-18
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်တို့ဟာ ဧပြီလ ၁၆ ရက် သြင်္ကန်အတက်နေ့က ပြင်ဦးလွင်မြို့မှာ တွေ့ဆုံ ခဲ့ကြောင်း မစ္စတာသက်ဆင်ရဲ့ လူမှုရေးစာမျက်နှာမှာ ဖော်ပြ ထားပါတယ်။
2013-04-18
၂၀၁၅ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ရန်ကုန် အခြေစိုက် နိုင်ငံရေးပါတီတွေကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ဧပြီလ ၂၆ ရက်နေ့မှာ ခေါ်ယူတွေ့ဆုံမှာ ဖြစ် ပါတယ်။
2013-04-18
ဂျပန်နိုင်ငံကို အလည်အပတ်ရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေနေ့ခင်းက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) နဲ့ တွေ့ဆုံပြီး ဂျပန်မြန်မာနှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
2013-04-18
သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း မှုတွေမှာ တိကျတဲ့ပြုပြင်ပြောင်းလဲရေး မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာ မတွေ့ရသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဝေဖန်ပြောဆို လိုက်ပါတယ်။
2013-04-18
မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေထဲက လက်နက်ရောင်းချ မှုကလွဲလို့ ကျန်ပိတ်ဆို့မှုအားလုံးကို EU ဥရောပသမဂ္ဂက လာမယ့်သတင်းပတ်ထဲမှာ ရုပ်သိမ်းမယ် လို့ မျှော်လင့်ရပါတယ်။
2013-04-17
လွန်ခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်း ကမ္ဘာ့သြဇာအရှိဆုံး လူပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်လိုက်ပါ တယ်။
2013-04-17
ပဲခူးတိုင်း အနောက်ပိုင်း၊ ပြည်မြို့မှာ ဧပြီလ ၁၆ ရက် မနေ့ညနေပိုင်းက လေပြင်း မုန်တိုင်း ၂ ကြိမ် တိုက်ခတ်ခဲ့တဲ့အတွက် အိမ်ခြေ ၁၀၀ ကျော်နဲ့ စာသင်ကျောင်းတချို့ ပျက်စီးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2013-04-17
မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှုှုရှိရေးဟာ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ဒီနေ့မှာ ပြောလိုက်ပါတယ်။
2013-04-16
ဧပြီလ ၂၂ ရက်နေ့မှာ နယူးယောက်မြို့ အခြေစိုက် နိုင်ငံတကာ ပဋိပက္ခများ ဖြေရှင်းရေးအဖွဲ့ က မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ချီးမြှင့်တဲ့ ၂ဝ၁၂ ခုနှစ် ငြိမ်းချမ်းရေးကြိုးပမ်းမှုဆုကို သမ္မတကိုယ်စား ဝန်ကြီး ဦးအောင်မင်းက လက်ခံရယူမယ်လို့ သိရပါတယ်။
2013-04-16
မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းဟာ အပြောင်းအလဲ အဖြစ်နိုင်ဆုံး အချိန်ဖြစ်တာကြောင့် အခက်ခဲဆုံးကာလဖြစ်ပြီး လက်ရှိအခြေအနေကို လက်လွှတ်မခံသင့်ဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2013-04-16
ဂျပန်နိုင်ငံမှာ ထုတ်ဝေခဲ့တဲ့ မြန်မာပြည်မှ ပေးစာကဏ္ဍကြောင့် ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့အတူ မြန်မာပြည်သူတွေရဲ့ အတွေးအခေါ်တွေကို ဂျပန်ပြည်သူတွေနဲ့ မိတ်ဆက်ခွင့် ရခဲ့တာဖြစ်ပြီး ဂျပန်ပြည်သူတွေရဲ့ နွေးထွေးပျူငှာမှုတွေကို လက်ခံရခဲ့တဲ့အတွက် မိုင်နိအိချိ သတင်းစာကြီးကို ကျေးဇူး တင်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
2013-04-16
ဂျပန်နိုင်ငံကို ၁ ပတ်ကြာ အလည်ပတ်ရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ တိုကျိုမြို့တော်က တိုဂူးနန်းတော်ကို သွားရောက် ခဲ့ပြီး ဂျပန်အိမ်ရှေ့မင်းသား Naruhito နာရူဟီတို နဲ့ တွေ့ဆုံခဲ့ပါတယ်။
2013-04-16
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးပေးဖို့ OIC ခေါ် အစ္စလာမ်ဘာသာဝင် နိုင်ငံများ အဖွဲ့ချုပ်က လာရောက်ဆွေးနွေးလိုပါကြောင်း နိုင်ငံတော် သမ္မတရုံးကို အကြောင်းကြားထားတဲ့ကိစ္စကို မကွေးတိုင်း မြို့နယ် ၈ မြို့နယ်မှာရှိကြတဲ့ သံဃာတော်တွေက ကန့်ကွက်ကြောင်း သမ္မတရုံးကို စာပေးပို့လိုက်ပါတယ်။
2013-04-16
မိတ္ထီလာမြို့ အဓိကရုဏ်းကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးရပြီး ဒုက္ခသည်စခန်းတွေ မှာ ခိုလှုံနေကြသူတွေထဲက ထက်ဝက်လောက်ဟာ မိမိတို့ရဲ့နေအိမ်တွေကို ပြန်သွားလို ကြပေမယ့် သက်ဆိုင်ရာအာဏာပိုင်တွေက ခွင့်မပြုဘူးလို့ RFA ကို ဒီနေ့မှာပြောပါတယ်။
2013-04-15
မြန်မာအစိုးရသစ်ဟာ ၂ဝ၁၁ ခုနှစ်က စပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေ ဆောင်ရွက်ခဲ့ရာမှာ တောက်ပြောင်ထင်ရှားတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရလာဒ်တွေ တွေ့မြင်ရ သလို၊ တချိန်တည်းမှာလည်း နိုင်ငံရေး၊ ဘာသာရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာတွေလည်း တွေ့မြင်နေ ရဆဲဖြစ်တယ်လို့ ဗြိတိန်အစိုးရက မနေ့ကပြောဆိုပါတယ်။