သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-18
မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေဟာ နေရာအတည်တကျမရှိဘဲ ရွှေ့ပြောင်းထုတ်လုပ် နေသလို လမ်းကြောင်း အမျိုးအမျိုးကနေ သယ်ဆောင်ရောင်းဝယ်နေတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကာလ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းချမှုတွေ ရပ်တန့်မသွားဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မူးယစ်ဆေးဝါးဆန့်ကျင် တိုက်ဖျက်ရေးလုပ် ဆောင်နေသူတွေက ပြောပါတယ်။
2020-05-18
၂၀၂၀- ၂၀၂၁ စာသင်နှစ်အတွက် အခြေခံပညာသင်ရိုးတွေထဲမှာ မျိုးဆက်ပွား ကျန်းမာရေး သင်ရိုးအသစ်ထည့်သွင်းဖို့ ပညာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။ မျိုးဆက်ပွား ကျန်းမာရေး သင်ရိုးသစ် ထည့်သွင်းသင်ကြားဖို့ သင့်၊ မသင့် အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။
2020-05-18
မြန်မာနိုင်ငံမှာ မနေ့ည ၈ နာရီထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နှစ်ဦး ထပ်တွေ့ရတဲ့ အတွက် အတည်ပြုလူနာ ၁၈၄ ယောက်ရှိပါတယ်။ မွန်းတည့်ချိန်ထိ စောင့်ကြည့်လူနာ အသစ် ၇၆ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။ မလေးရှားနိုင်ငံက ပြန်လာ သူတွေထဲက ဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးဦး ထပ်မံတွေ့ရှိရကြောင်း ဒီနေ့မနက်က ထုတ်ပြန်တာကြောင့် ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၁၈၇ ဦးရှိသွားပြီဖြစ်ပါတယ်။
2020-05-17
မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှာ မေလ ၁၆ ရက်နေ့က နေအိမ်အလုံး ၁၉၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။ ဒါဟာ "AA အဖွဲ့ရဲ့လုပ်ရပ်" ဖြစ်တယ်လို့ တပ်မတော်က ထုတ်ပြန်လိုက်သလို AA အဖွဲ့ကလည်း ဒါဟာ တပ်မတော်က သူတို့ရဲ့ စစ်ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ ကြိုးစားတာလို့ ပြောပါတယ်။
2020-05-17
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း နေအိမ်မှာ နေထိုင်ကြဖို့ ထုတ်ပြန်ထားတဲ့ Stay at Home အမိန့်ကို မေလ ၁၅ ရက်နေ့က ပယ်ဖျက်လိုက်ပါတယ်။
2020-05-17
ကိုရိုနာကူးစက်ပြန့်ပွားမှု ထိန်းချုပ်နေတဲ့ ကာလမှာ ချင်းပြည်နယ်က အိန္ဒိယနယ်စပ်ဂိတ်ကို ပိတ်ထားတာကြောင့် စားနပ်ရိက္ခာ ပြတ်သွားမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။
2020-05-17
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ဒုတိယအကြိမ် ထောက်ပံ့မှုတွေကို ရက်သတ္တပတ် နှစ်ပတ်ကနေ သုံးပတ်အတွင်း လုပ်ဆောင်ပေးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
2020-05-17
RFA သတင်းဌာနမှ ထိုင်းနိုင်ငံအခြေစိုက် ဝါရင့်သတင်းထောက် တစ်ဦးဖြစ်တဲ့ ဦးအောင်မိုးမြင် ၄၉ နှစ်ဟာ မေလ ၁၆ရက်နေ့ က အသဲကင်ဆာရောဂါနဲ့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ကွယ်လွန်သွားပါတယ်။
2020-05-16
လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာနရဲ့ ထိုင်းနိုင်ငံအခြေစိုက် သတင်းထောက်တစ်ဦး ဖြစ်တဲ့ ဦးအောင်မိုးမြင့်ဟာ ၂ဝ၂ဝ ပြည့်နှစ် မေလ ၁၆ ရက်နေ့က ချင်းမိုင်မြို့ဆေးရုံကြီးမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
2020-05-16
အကြမ်းဖက်လုပ်ရပ်တွေကြောင့် ရခိုင့်တပ်တော် (AA)ကို တပ်မတော်ရဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာချက်မှာ ချန်ထားခဲ့တာဖြစ်ပြီး၊ ဒါဟာ နိုင်ငံတကာစံနှုန်းနဲ့အညီ လုပ်ဆောင်တာလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောကြားလိုက်ပါတယ်။
2020-05-16
ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အုပ်ချုပ်မှုလုပ်ငန်းတွေ ရှိနေတဲ့ ဒေသအတွင်း တပ်မတော်စစ်ကြောင်းတချို့ ပိုမို လှုပ်ရှားလာတာကြောင့် ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေနိုင်ကြောင်း KNU က ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
2020-05-16
ရန်ကုန်တိုင်းအတွင်း မေလ ၁၅ ရက်နေ့က စပြီး အသွားအလာ ကန့်သတ်ထားတဲ့ လေးမြို့နယ်ကို ဖြေလျှော့ ပေးလိုက်ပေမယ့် မြို့နယ်တွေ အားလုံးနီးပါးမှာ တင်းကျပ်မှုတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။
2020-05-16
လွတ်လပ်တဲ့အာရှအသံ RFA က အပတ်စဉ် စနေနေ့ နေ့လယ် ၂ နာရီကနေ ၃ နာရီအထိ “RFA စကားဝိုင်း” အစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
2020-05-15
ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး စတဲ့ ကဏ္ဍအသီးသီးမှာ ကြီးမားတဲ့ ရိုက်ခတ်မှုတွေရှိနေပေမဲ့ - မူးယစ်ဆေးဝါး ထုတ်လုပ်မှုအပိုင်းမှာ တော့ အားကောင်းနေဆဲပဲလို့ UNODC က ပြောလိုက်ပါတယ်။
2020-05-15
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စတင်တွေ့ရှိချိန်ကစပြီး နိုင်ငံအနှံ့မှာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေမှာ လူငယ်တွေ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေတာတွေ့ရပါတယ်။