သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-25
ပုဒ်မ ၁၈ လို့ လူသိများတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကြား သဘောထား ကွဲလွဲနေတဲ့အတွက် ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အတည်မပြုနိုင်သေးဘဲ ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2016-08-25
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဗဟိုအလုပ် အမှုဆောင် အရေးပေါ် တိုးချဲ့အစည်းအဝေးက ၂၁ ပင်လုံ ညီလာခံ တက်ရောက်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။
2016-08-25
အရင် အစိုးရအဆက်ဆက် နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအကျဉ်းချခဲ့တဲ့၊ ပုဒ်မ ၅-ည လို့ လူသိများတဲ့ "အရေးပေါ်စီမံမှု အက်ဥပဒေ" ကို ရုပ်သိမ်းဖို့ ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2016-08-25
ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်နေတာ ၂ လ နီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ကုန်ဈေးနှုန်း မြင့်တက်လာတဲ့အတွက် မိသားစုတွေမှာ ဈေးဝယ်ရတာ အခက်တွေ့ လာနေပါတယ်။
2016-08-25
မကွေးတိုင်းအတွင်း ဧရာဝတီမြစ် ရေကြီးရေလျှံ ဖြစ်ခဲ့ရာက ရေပြန်ကျသွားပြီဖြစ်ပေမယ့် စာသင်ကျောင်းတွေပြန်ဖွင့်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
2016-08-25
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲမှာ ထိုက်သင့်တဲ့ အောင်မြင်မှုရရှိအောင် ကြိုးစားသွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌသစ် ဦးသန်းဌေးက ပြောပါတယ်။
2016-08-25
ဒီကနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၅ မိနစ်က မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့ အနောက်ဘက် ၁၂ မိုင် လောက်အကွာကို ဗဟိုပြုပြီး အင်အား ၆ ဒဿမ ၈ ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပါတယ်။
2016-08-24
ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းဖို့အတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် Kofi Annan ဥက္ကဌအဖြစ် ဦးဆောင်မယ့် အကြံပေးကော်မရှင်ကို ဖဲ့ွစည်းလိုက်ပါတယ်။
2016-08-24
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်က ကျေးရွာတွေမှာ ဝက်သက်နဲ့ တခြားကူးစက်ရောဂါတွေကြောင့် သေဆုံးသူ ၇၀ နီးပါးဖြစ်နေပြီလို့ ကျေးရွာတွေကို သွားရောက်ခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောပါတယ်။
2016-08-24
ချင်းပြည်နယ်၊ ထန်တလန်မြို့နဲ့ ဟားခါးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီးပြီး မြေပြိုကျမှုတွေ ရှိနေတာကြောင့် နေအိမ်တချို့ပြိုကျပျက်စီးမှုတွေ ရှိနေပါတယ်။
2016-08-24
မြန်မာနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် အသေအပျောက်၊ အပျက်အစီးနောက်ဆုံး အခြေအနေသိရအောင် မကွေးမြို့အခြေစိုက် RFA သတင်းထောက် ဦးမြင့်ဇော်ဦးကို ကိုကျော်ကျော်အောင် ဝါရှင်တန်ဒီစီမြို့ RFA ရုံးချုပ်ကနေ တိုက်ရိုက်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-08-24
ငလျင်ဒဏ်ကြောင့် ပျက်စီးမှုရှိခဲ့တဲ့ ပုဂံရှေးဟောင်း စေတီပုထိုးတွေ အခြေအနေကို ပုဂံရှေးဟောင်းညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-08-24
ပြင်းအား ၆.၈ ရစ်ချ်တာစကေးပြင်းအား ရှိတဲ့ မြေငလျင်ဟာ ချောက်မြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာကြောင့် ၂၁ မိုင်သာကွာဝေးတဲ့ ပုဂံရှေးဟောင်းမြို့ က စေတီပုထိုး ၈၀ နီးပါးလောက် ပျက်စီးမှုရှိကြောင်း ကနဦးလေ့လာချက်ကို ပုဂံရှေးဟောင်းညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။
2016-08-24
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ထိုက်သင့် တဲ့ အောင်မြင်မှုရရှိအောင် ကြိုးစားသွား မယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌသစ် ဦးသန်းဌေး က ပြောပါတယ်။
2016-08-24
လာမဲ့ စက်တင်ဘာလ ၅ ရက်နေ့ မှာ နောက်ဆုံးထားပြီး ရန်ကုန်တိုင်းဒေသ ကြီး လှည်းကူးမြို့နယ် ရန်ကုန် မန္တလေး အမြန်လမ်း ၃ မိုင် ကနေ ၅ မိုင်ကျော် အတွင်းမှာရှိတဲ့ ကျူးကျော်အိမ်တွေကို ဖယ်ရှားပေးဖို့ရန်ကုန်တိုင်း အစိုးရ အဖွဲ့ကအကြောင်းကြားထားပါတယ်။