သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-23
ပြည်ပနိုင်ငံသားအဖြစ် ခံယူထား တဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံသား အဖြစ် ပြန်လည်လျှောက်ထားခွင့်ကို သတ်မှတ်လုပ်ငန်းစဉ်တွေနဲ့အညီ ခွင့်ပြုပေးနေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
2016-09-23
ပြည်တွင်းစစ်တွေရပ်စဲပြီး ငြိမ်းချမ်းရေး အမြန်ဆုံးရရှိဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ခွင့်ရဖို့ အမျိုးသမီးအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
2016-09-23
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူး မြို့နယ် တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၃၁ အနီးမှာ အခုလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ သုံးရက်အတွင်း တရားမဝင် သစ်တန်ချိန် ရှစ်ရာနီးပါးကို ဖမ်းဆီးရမိခဲ့ပါတယ်။
2016-09-23
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင် ပိုင်းမြို့နယ်၊ ကျူးကျော်နေထိုင်သူစာ ရင်းတွေ ကောက်ယူရာမှာ ပဏာမကောက်ယူထားတဲ့ စာရင်းတွေထက် အိမ်ထောင်စု ၁၀၀၀ ကျော် ပိုများလာ တယ်လို့ မြို့နယ်အုပ်ချုပ်ရေးက ပြောပါတယ်။
2016-09-23
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေ မနုတ်ထွက်မချင်း ကော်မရှင်ရုံးရှေ့ မှာ နေ့စဉ်ဆန္ဒပြဖို့နဲ့ ကော်မရှင်အဖွဲ့ဝင်တွေ နုတ်ထွက်ရေးအတွက် လက်မှတ်ရေးထိုးတောင်းဆိုဖို့ အရပ်ဘက်အဖွဲ့ အစည်းအချို့ စုပေါင်းပြီး ပြင်ဆင်နေပါတယ်။
2016-09-23
ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်နဲ့ လိုင်ဇာမြို့တွေ နားမှာ အစိုးရတပ်မတော် နဲ့ ကေအိုင်အေ တို့ကြား အခုလ ၁၆ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေ ပါတယ်။
2016-09-23
တနင်္သာရီတိုင်းဒေသကြီးက မြို့နယ် ၄ ခု မှာ စက်တင်ဘာ ၅ ရက်ကနေ ၂၀ ရက်နေ့ အထိ ဆန္ဒအလျောက် မူးယစ်ဆေးဖြတ်သူ ၁၂၀ ကျော်ရှိပြီလို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါ တယ်။
2016-09-23
မြိုင်ကြီးငူဒေသမှာ ခိုလှုံနေရတဲ့ မဲသဝေါဒေသခံ စစ်ဘေးဒုက္ခ သည်တွေ နေရပ်ပြန်ရင် လုံခြုံဖို့အတွက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF က မိုင်းရှင်း လင်းရေး ဆောင်ရွက်နေတယ်လို့ နယ်ခြားစောင့်တပ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
2016-09-23
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ နိုင် ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ မနေ့က နယူးယောက်မြို့အခြေစိုက် Asia Society အဖွဲ့က ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ ပရိသတ်တွေကို စကားပြောခဲ့ပြီး လက်ရှိအစိုးရသစ် ရဲ့ မူဝါဒရေးရာတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ကို ဖြေဆိုခဲ့ပါတယ်။
2016-09-22
ရန်ကုန် ကျောက်တံတားမြို့နယ် လမ်း ၄ဝ မှာရှိတဲ့ အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်ဖော်လုပ်ရင်း ညှဉ်းပန်းနှိပ်စက်ခံရတဲ့ မစန်းကေခိုင်၊ မသင်ဇင်တို့ အမှုနဲ့ပတ်သက်ပြီး အိမ်ရှင်မိသားစုကို တရား စွဲဆိုလိုက်ပေမယ့်… မစန်းကေခိုင်၊ မသင်ဇင်တို့ မိသားစုဝင်တွေဟာ အကြောက်တရားနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
2016-09-22
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ်မပေးတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တချို့ကို ထိထိရောက်ရောက် အရေးယူပေးဖို့ အစိုးရကိုတိုက်တွန်းကြောင်း အရေးကြီးအဆို ကို ပြည်သူ့ လွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ရာမှာ လွှတ်တော်က လက်ခံဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
2016-09-22
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်အတွင်းမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်ခဲ့တဲ့ လယ်ယာမြေဧကပေါင်း ၂၆၀၀ ကျော်ကို တောင်သူတွေ လက်ဝယ်ပြန်ရဖို့ ဒေသခံတောင်သူ ၅၀၀ ကျော်က စဉ့်ကိုင်မြို့မှာ ဒီကနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။
2016-09-22
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အမှတ်-၉ တပ်မတော် ကုတင်တစ်ရာဆေးရုံက သူနာပြု တပ်ဖွဲ့ဝင်တွေဟာ လားရှိုးမြို့အမှတ်-၁၁ ရပ်ကွက်က ဒေသခံပြည်သူတွေကို အခမဲ့ ဆေးကုသပေးနေပါတယ်။ RFA သတင်းထောက် ကိုကံသာက သတင်းပေးပို့ထားပါတယ်။
2016-09-22
အိမ်အကူမိန်းကလေးငယ်နှစ်ဦးကို နှိပ်စက်မှုနဲ့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ် ဆိုင်ပိုင်ရှင် မိသားစုကို ကလေးသူငယ်ဥပဒေ ၆၆ (ဃ) နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနက ကျောက်တံတားမြို့နယ် ရဲစခန်းမှာ မနေ့က ထပ်မံအမှုဖွင့်လိုက်ပါတယ်။
2016-09-22
အိမ်အကူ မိန်းကလေး ၂ ဦးကို လုပ်ခလစာမပေးဘဲ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်တွေရဲ့ လုပ်ဆောင်မှုကို လျော်ကြေးနဲ့ကျေအေးဖို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို မှုခင်းထိန်ချိန်မှုနဲ့ တရားစွဲဆိုဖို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြင်ဆင်နေပါတယ်။