သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-02-29
အိန္ဒိယနိုင်ငံကို အစိုးရဧည့်သည်အဖြစ် အလည်အပတ် ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချို တို့ဟာ မနေ့က အူးတား ပရာဒက်ရှ် ပြည်နယ် အာ့ဂရားမြို့မှာရှိတဲ့ ကမ္ဘာကျော် Taj Mahal တဂျ်မဟာဗိမ္မာန်ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
2020-02-29
ဒီတစ်ပတ်မှာ "ကန့်သတ်ချက်တွေရှိနေတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-02-29
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)နဲ့တိုက်ပွဲဖြစ်နေပြီး အရာရှိနဲ့ တပ်သားတချို့ ကျဆုံးသွားတယ်လို့ တပ်က ပြောပါတယ်။ ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးရပါတယ်။
2020-02-29
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွေချေကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဒီနေ့မနက် တိုက်ပွဲဖြစ်တာကြောင့် ဒေသခံ သုံးဦး သေဆုံးကာ ကိုးဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
2020-02-28
မြန်မာ့ပင်လယ်ပြင်မှာ သုံးနှစ်အတွင်းအဖမ်းခံရတဲ့ရိုဟင်ဂျာ ၁၇၀၀ နီးပါးရှိတယ်လို့ RFA က သီးသန့်ဖတ်ခွင့်ရတဲ့ တပ်မတော် (ရေ) ရဲ့ လျှို့ဝှက်စာရင်းအရသိရပါတယ်။
2020-02-28
ထိုင်ဝမ်အခြေစိုက် လင်ဂျားတောင် ဝိပဿနာ တရားရိပ်သာရဲ့ နာယကဆရာတော်- ဘဒ္ဒန္တကုသလ ဦးဆောင်ပို့ချခဲ့တဲ့ ကမ္ဘာအရပ်ရပ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ ဆယ်ရက်ကြာသင်တန်းတခုကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က ဓမ္မဝံသကျောင်းသစ်မှာ ဇန်နဝါရီလဆန်ပိုင်းက ပို့ချခဲ့ပါတယ်။
2020-02-28
မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ မှတ်ပုံတင်မရှိတဲ့ ဌာနေတိုင်းရင်းသားတွေ အများအပြား ရှိနေပါတယ်။ သူတို့ကို "နိုင်ငံမဲ့" လို့ မသတ်မှတ်ထားပေမဲ့ နိုင်ငံမဲ့သူတွေနဲ့မခြား အခွင့်အရေးတွေ ဆုံးရှုံးနေကြတာပါ။
2020-02-28
ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ အက်ဆစ်နဲ့အပက်ခံခဲ့ရတဲ့ အမျိုးသမီးတဦးဟာ အသက်မသေခဲ့ပေမယ့် မျက်နှာတပြင်လုံးနဲ့ ခန္ဓာကိုယ်တခုလုံးနီးပါး ပျက်စီးသွားခဲ့ပါတယ်။ တစ်နေ့လုံး ဘေးလူအကူအညီနဲ့ ဘဝကို ဖြတ်သန်းနေရတာ လေးလကျော် ကြာလာပါပြီ။
2020-02-28
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယားနိုင်ငံမှာ စိုးရိမ်မှုအမြင့်ဆုံး အနီရောင်အဆင့်ကို သတ်မှတ်ပြီးတဲ့ နောက်ပိုင်း မြန်မာအလုပ်သမားတွေ နေရပ်ပြန်တာ ပိုများလာနေတယ်လို့ မြန်မာသံရုံးက ပြောလိုက်ပါတယ်။
2020-02-28
စစ်ကိုင်းတိုင်း မုံရွာမြို့တဘက်ကမ်းက စံပယ်တောင်၊ ကြေးစင်တောင်နဲ့၊ လက်ပံတောင်းတောင်တွေမှာ ကြေးနီသတ္တုတွေ အမြောက်အမြား ရှိနေပါတယ်။ ဒါဟာ ဒေသခံတွေအတွက်တော့ ကံကြမ္မာဆိုးတခုလို ဖြစ်နေပါတယ်။
2020-02-28
ဝန်ကြီးချုပ်ကို တိုင်းနဲ့ပြည်နယ်မှာ အနိုင်ရတဲ့ပါတီက ခန့်အပ်ရေးအတွက် ပုဒ်မ ၂၆၁ ကို ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မူကြမ်း တင်သွင်းထားတာကို လေးရက်မြောက်နေ့ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။
2020-02-28
ဖက်ဒရယ်အခြေခံမူနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ဘုံသဘောထားရရှိဖို့ အပါအဝင် အတူတကွ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရေးအတွက် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေနဲ့ NCA မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့က ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
2020-02-28
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်က ဆယ်ဖွဲ့ထက်မနည်းတဲ့ ပြည်သူ့စစ်တွေရဲ့ လက်နက်ကိုင်ဆောင်မှုနဲ့ လှုပ်ရှားမှုကို တပ်မတော်က ကန့်သတ်လိုက်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2020-02-28
ရခိုင်ပြည်နယ် မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်ကို ဒီနေ့မနက် ၂ နာရီကျော်လောက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရလို့ အရပ်သားတစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ပါတယ်။
2020-02-27
ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို နိုင်ငံတကာအနေနဲ့ ဆက်လက်ပြီး ဖိအားပေးဖို့ မြန်မာရိုဟင်ဂျာအသင်း UK ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောလိုက်ပါတယ်။