သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်းဒေသ ကြီး လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းတန်နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းတို့ကို ရွေးကောက် ပွဲ ကော်မရှင် ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲဆိုခွင့်ပြုဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအဖွဲ့ဝင်တွေက ဆန္ဒပြတောင်း ဆိုခဲ့ကြပါတယ်။
2016-03-21
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းကို မရမ်းကုန်း မြို့နယ် ရဲစခန်းမှုးက တရားခံပြေး အဖြစ် စွပ်စွဲဖမ်းဆီးခဲ့တာကို မကျေနပ် လို့ ပြန်လည်တရားစွဲလိုက်တာကို မရမ်းကုန်းမြို့နယ် တရားသူကြီးက ဒီနေ့ လက်ခံလိုက်ပါတယ်။
2016-03-21
မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂက ကြီးမှူးကျင်းပတဲ့ ကမ္ဘာ့ကဗျာနေ့ အခမ်းအနားမှာ မြန်မာ့ကဗျာလောက တိုးတက်ရေးနဲ့ ခေတ်နဲ့လူမှု နိုင်ငံရေးနဲ့ဆက်စပ်တဲ့ ကဗျာစာတမ်းတွေကို ဖတ်ကြားခဲ့ပါတယ်။
2016-03-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဗဟိုအလုပ် မှုဆောင်ကော်မတီအစည်းအဝေးကို နေပြည်တော် က ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ကျင်းပခဲ့ပါ တယ်။
2016-03-21
သူရဦးရွှေမန်း ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ "ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်"ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ က ကန့်ကွက်မယ်ဆိုတဲ့ သတင်းထွက် ပေါ်နေပါတယ်။
2016-03-19
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှာ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေး၊ သတင်း ထုတ်ပြန်မှုအပိုင်းတွေမှာ လတ်တလော အားနည်းချက်တွေရှိနေပြီး၊ အစိုးရဖွဲ့စည်းပြီး ရင်တော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်သွား ဖို့ စီစဉ်ထားတယ်လို့ NLD ဗဟိုကော်မတီအဖွဲ့ဝင်နဲ့ NLD ဗဟို ပြန်ကြားရေးကော်မတီအဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောကြားလိုက်ပါတယ်။
2016-03-19
NLD အစိုးရသစ်မှာ တာဝန်ပေးအပ်မယ့် ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအတွက် ခန့်အပ်မယ့် ဝန်ကြီးချုပ်တွေ နေပြည်တော်ကို ရောက်နေတယ်ဆိုတဲ့ သတင်းတွေအပါအဝင် သတင်းသမားတွေ လက်ရှိနေပြည်တော်မှာ သတင်းရယူနေကြရတဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ Frontier Myanmar သတင်းဌာနရဲ့ နေပြည်တော်အခြေစိုက် အကြီးတန်းသတင်းထောက် ဦးစိုးသန်းလင်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-03-19
ပြီးခဲ့တဲ့နှစ်က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြဌာန်းခဲ့တဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်မီဒီယာဆိုင်ရာ ဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့အတွက် လာမယ့်အစိုးရသစ်လက်ထက်မှာ ကြိုးစားသွားမှာဖြစ်ကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ DVB ဒုတိယအမှုဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။
2016-03-19
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်မယ့် အစိုးရသစ်လက်ထက်မှာ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ထားတဲ့ နေပြည်တော်ကောင်စီနယ်မြေရဲ့ စီမံအုပ်ချုပ်မှုပုံစံတွေကို ပြင်ဆင်ပြောင်းလဲဖို့တွေ ရှိနေပါတယ်။
2016-03-19
ပဲခူးအထွေထွေရောဂါကုဆေးရုံကြီးမှာ ဘီပိုးကာကွယ်ဆေးထိုးပြီးနောက် မွေးကင်းစကလေးငယ် ၃ ဦး သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကျန်းမာရေးနဲ့ အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဦးမြင့်ဦး ပါဝင်တဲ့အဖွဲ့ဟာ ပဲခူးမြို့ဆေးရုံအုပ်ကြီးနဲ့တွေ့ဆုံပြီး ဖြစ်စဉ်တွေကို ဒီနေ့ လေ့လာခဲ့ကြပါတယ်။
2016-03-19
မြစ်ဆုံဆည်စီမံကိန်းကို NLD အစိုးရသစ်လက်ထက် မှာ အလျင်အမြန် ပြန်စနိုင်ဖို့ တရုတ်အစိုးရ က လေသံပစ်နေချိန်မှာ စီမံကိန်းကြောင့် နေ ရာရွေ့ပြောင်းခံရတဲ့ ဒေသခံ ၃ဝဝဝ ကျော်ဟာ မိမိတို့ရဲ့ နေရပ်တွေမှာ ပြန်လည်နေထိုင်နိုင်ရေး အတွက် ပြင်ဆင်မှုတွေလုပ်နေကြပါတယ်။
2016-03-19
ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ ကျောက်မျက်တူးဖော်နေတဲ့ ကုမ္ပဏီတွေကို ထိန်းချုပ်ပေးဖို့အတွက် အစိုးရသစ်ထံ တင်ပြတောင်းဆိုဖို့ အရပ်ဘက်အဖွဲ့အစည်း ၁ဝ ဖွဲ့က ဖားကန့်မြို့နယ်၊ မရှီကထောင်ဘုရားကျောင်းမှာ ဆွေးနွေးနေကြပါတယ်။
2016-03-19
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့နယ်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအပေါ် နိုင်ငံတကာကပေးတဲ့ အကြံပြုချက် အတော်များများကို မြန်မာသံအမတ် ဦးမောင်ဝေက ပယ်ချခဲ့ပါတယ်။
2016-03-19
မြန်မာ့ငြိမ်းချမ်းရေးစင်တာကို ဦးဆောင်ခဲ့တဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဟာ လာမယ့် အစိုးရလက်ထက်မှာ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တာဝန်ထမ်းဆောင်မှာ မဟုတ်တော့ပဲ သီးခြား အဖွဲ့အစည်းဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (Peace and Development Foundation) ကို တည်ထောင်ထားပါတယ်။
2016-03-19
တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသန်းဌေးနဲ့ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးတို့ ဦးဆောင်တဲ့အဖွဲ့ဟာ ဒီရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။