သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-05-25
မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်က မြို့နယ်တွေမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းဝယ်သူတွေ သိသိသာသာ ပိုများလာပါတယ်။
2022-05-24
သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက် သမ္မတရုံးပြောခွင့်ရအဖြစ် တာဝန်ယူခဲ့သူ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ချုပ်ဟောင်း ဦးဇော်ဌေးရဲ့ ဈာပနကို မေလ ၂၄ ရက် ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
2022-05-21
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာ ကလေးအလုပ်သမား သန်း ၁၆ဝ ရှိပြီး၊ ဒါဟာ ကလေး ၁ဝ ယောက်မှာ တစ်ယောက်နှုန်းဖြစ်တယ်လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ( ILO) ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
2022-05-20
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေရဲ့ စျာပနကို မေလ ၂၀ ရက်နေ့ နေ့လယ် ၂ နာရီက ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ကျူချောင်း သုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ အသက် ၉၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးသုဝေ ဟာ ရန်ကုန် ရွှေပြည်သာမြို့နယ်က နေအိမ်မှာ မေလ ၁၈ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
2022-05-20
စစ်တပ်ကအာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးမှု ပျက်ပြားလာပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လုယက်မှု၊ ခိုးမှုနဲ့ ဓားပြတိုက်မှုတွေဟာ အရင်ကထက် ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-05-19
ရန်ကုန်မြို့လယ် ကုန်သည်လမ်းနဲ့ ပန်းဆိုးတန်းလမ်းမပေါ်က ကိုလိုနီခေတ်အဆောက်အအုံတွေအနီးမှာ အသက် ၇၄ နှစ်အရွယ် ဦးအောင်မြင့် လက်နှိပ်စက်နဲ့ စာရိုက်နေတာပါ။
2022-05-19
RCSS နဲ့ SSPP တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ် သီပေါမြို့နယ်ထဲကရွာအချို့မှာ အခုလပိုင်း အရပ်သားငါးဦးထက်မနည်း မိုင်းထိခဲ့တာကြောင့် လုပ်ငန်းခွင်ဝင်မယ့် ရွာသားတွေ မိုင်းထပ်ထိမှာစိုးရိမ်ပြီး လုပ်ငန်းခွင်တွေကို မသွားရဲဘဲ ဖြစ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-05-19
တရုတ်အစိုးရက ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ လွယ်ဂျယ်-မိုင်ဂျာယန် နယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်ကနေ အခုနှစ် မတ်လအတွင်း အကြိမ်ကြိမ် ပိတ်ခဲ့တာကြောင့် ကချင်ပြည်နယ် မိုင်ဂျာယန်မြို့က ကြံစိုက်တောင်သူတွေ အရှုံးပေါ်ပြီး အခက်အခဲဖြစ်နေပါတယ်။
2022-05-18
ရန်ကုန်မြို့ လှိုင်ဘူတာရုံလမ်းမှာရှိတဲ့ မသန်စွမ်းသူတို့ရဲ့ Golden Hope ကော်ဖီဆိုင်လေးပါ။ ဒီဆိုင်မှာ မသန်ပေမယ့် စွမ်းရည်ရှိသူ ငါးဦးအပါအဝင် ဝန်ထမ်း ခုနစ်ဦး အလုပ်လုပ်ပါတယ်။
2022-05-17
အသက်၂၀ ပြည့် မွေးနေ့တောင် မကျင်းပရသေးတဲ့ မန္တလေးရတနာပုံတက္ကသိုလ်ကျောင်းသား ကိုအောင်ဖြိုးကြွယ်ဟာ စစ်အာဏာရှင်စနစ်ကိုလက်နက်ကိုင်တော်လှန်နေတဲ့အတွက် မိသားစုရဲ့အိမ် ချိပ်ပိတ်အသိမ်းခံရသလို၊ စစ်ကောင်စီက သူ့ဓာတ်ပုံကို မြို့မှာကပ်ပြီး အကြမ်းဖက်သမားအဖြစ် အလိုရှိနေတဲ့အကြောင်း ကြေညာခံထားရပါတယ်။
2022-05-16
၁၉၈၈ နိုင်ငံရေးအကျဥ်းသားဟောင်း ကဗျာဆရာ မောင်အောင်ပွင့်ရဲ့ သမီး၊ ၂၀၂၁ နိုင်ငံရေးအကျဥ်းသား ဦးကျော်လှမိုးရဲ့ဇနီး ဒေါ်လုံမငြိမ်းချမ်းဟာ ဧပြီလ ၂ ရက်နေ့က မိမိကိုယ်ကို ရုတ်တရက် အဆုံးစီရင်သွားခဲ့ပါတယ်။
2022-05-12
ပဲခူးတိုင်း အရှေ့ခြမ်း အုတ်တွင်းမြို့နယ်၊ ထန်းကုန်းရွာက ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ကိုမျိုးသူဟာ အခုလို ခက်ခဲတဲ့အချိန်မျိုးမှာ ကလေးတွေအပါအဝင် ရွာလူထုအတွက် ကိုယ်ပိုင်စာကြည့်တိုက်လေးတစ်ခု တည်ထောင်ထားပါတယ်။
2022-05-06
စစ်တပ်နဲ့ ကေအိုင်အေအကြား ၂၀၁၁ ခုနှစ်ကဖြစ်ခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့က မိုင်းနား (KBC) ဒုက္ခသည်စခန်းမှာ စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော် ခိုလှုံနေတာ ၁၀ နှစ် ကျော်နေပါပြီ။
2022-05-05
မဲခေါင်ဒေသအုပ်ချုပ်ရေးအဖွဲ့ (Mekong Region Land Governance) ရဲ့ ၂၀၂၀ နိုဝင်ဘာလ ထုတ်ပြန်ချက်အရ ကေအိုင်အေဌာနချုပ် လိုင်ဇာဒေသအပါအဝင် ကချင်ပြည်နယ်တစ်ခုလုံးမှာ တရုတ်လုပ်ငန်းရှင်တွေရဲ့ တစ်သျှူးငှက်ပျောစိုက်ခင်း ဧက တစ်သိန်းခုနစ်သောင်းကျော် ရှိပါတယ်။
2022-05-04
ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ ဟိန်ဇိန်းရွာအနီးမှာ ချင်းဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ဒေသခံအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။