ဒေါ်နော်အုန်းလှ လွတ်မြောက်ရေးအတွက် ဗြိတိန်အဖွဲ့ တိုက်တွန်း


2013.09.05
nawohnhla-620 နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှကို ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့နယ်တရားရုံးမှာ တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါ်နော်အုန်းလှကို အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် မြန်မာအစိုးရကို တောင်းဆိုဖို့ ဗြိတိသျှနိုင်ငံ လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ဗြိတိသျှအစိုးရကို စက်တင်ဘာလ ၅ ရက် မနေ့က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီရှိနေသေးတာကို မမေ့ဖို့လည်း မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ရဲ့ ကြေညာချက်မှာ နှိုးဆော်ထားပါတယ်။  မြန်မာအစိုးရအနေနဲ့ ကတိကဝတ်တွေကို လေးစားလိုက်နာမှုမရှိတဲ့အကြောင်း ဒေါ်နော်အုန်းလှကို အခုလိုထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာက သက်သေပြနေပါတယ်လို့ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ ညွန်ကြားရေးမှူး Mark Farmaner က RFA ကိုပြောပါတယ်။

ဗြိတိသျှအစိုးရဟာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးအတွက် အခုထက်ပိုပြီးဖိအားပေးဖို့လိုပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြရုံမျှအတွက် လူတွေကို ဖမ်းဆီးတရားစွဲပြီး ထောင်ဒဏ်အပြစ်ပေးနေတာတွေကို ရပ်ဆိုင်းဖို့လိုပါပြီလို့ Mark Farmaner က ပြောခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးကို တကယ်လိုလားတာမှန်တယ်ဆိုရင် နိုင်ငံရေးသမားတွေကိုထောင်ချနေတဲ့  ဖိနှိပ်ချုပ်ချယ်မှုဥပဒေမှန်သမျှ မုချမသွေ ဖျက်သိမ်းသင့်ပါတယ်လို့လည်း လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။