သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-17
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ နိုင်ငံ သားလျှောက်ထားတဲ့ မွတ်စလင် ၂၉ ဦး ကို နိုင်ငံသားပြုခွင့်ပေးဖို့ကိစ္စကို မြို့ခံတွေ က ဒီနေ့ အစည်းအဝေးမှာ ကန့်ကွက်လိုက်ပါတယ်။
2016-08-17
မှုခင်းဖြစ်ပွားမှုနှုန်းမြင့်မားနေတာဟာ ဒီမိုကရေစီစနစ်ကို သွားနေတဲ့ မြန်မာနိုင်ငံ အတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်စေတဲ့ အတွက် မှုခင်းဖြစ်ပွားမှုနည်းအောင် မဖြစ်မနေ လုပ်ဆောင် ရမှာဖြစ်ကြောင်း တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သန်းဦးလွင် က ဆွေးနွေးခဲ့ပါတယ်။
2016-08-17
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော် လူးမှော်မှာ တရားမဝင် ကျောက်မျက် တူးဖော်မှုနဲ့ ဒဏ်ငွေ ချမှတ်ခံထားရတဲ့ ကုမ္ပဏီနှစ်ခုကို တိုင်းဝန်ကြီးချုပ် က လုပ်ငန်း လည်ပတ်ခွင့် ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားလိုက်ပါတယ်။
2016-08-17
Mobile Team လို့ခေါ်တဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ဖျက်သိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသတွေမှာ တရားမဝင် ကုန်သွယ်မှုတွေ များလာတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ဒီကနေ့အမျိုးသားလွှတ်တော်မှာ တင်ပြ ခဲ့ပါတယ်။
2016-08-16
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှာ ကချင်လွတ်မြောက်ရေးတပ် KIAနဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေရာမှာ မနေ့ က ကျောင်းဆရာမတစ်ဦးနဲ့ ကလေးတစ်ဦး လက်နက်ကြီး ကျည်ဆံ ပေါက်ကွဲ မှုကြောင့် ဒဏ်ရာရရှိသွားတယ်လို့ ဖါးကန့်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးကပြောပါတယ်။
2016-08-16
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တို့ရဲ့ မေတ္တာရပ်ခံချက်အရ ပြည် ထဲရေး ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်အတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို စွဲဆိုထားတဲ့ အမှုပေါင်း ၄၅၀ ကျော်ကို အမှုပိတ်သိမ်းပေးခဲ့ တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့် က ပြောကြား လိုက်ပါတယ်။
2016-08-16
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချူပ်ခွင့်ဒေသကို ကူညီနိုင်ဖို့အတွက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ကို ပြင်ဆင်ပေးဖို့နဲ့ အစိုးရအနေနဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေကို သွားရောက်ကူညီခွင့်ပေးဖို့ လိုအပ်ကြောင်း နာဂအဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။
2016-08-16
ကမ္ဘာ့ဘဏ်ကနေ ချေးယူမယ့် အမေရိကန်ဒေါ်လာသန်း ၁၀၀ ဟာ အစိုးရဝန်ထမ်းတွေကို လစာတိုးပေးဖို့ မဟုတ်ကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောပါတယ်။
2016-08-16
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် မနက်ဖြန် ရန်ကုန်မြို့ကနေ ထွက်ခွာမှာဖြစ်ပါတယ်။
2016-08-16
ရှမ်းပြည်နယ်မြောက်ပိုင်း ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့မှာ ပြီးခဲ့ တဲ့နှစ်ရက်လောက်က မြို့လယ်မှာရှိတဲ့ နမ့်ဆန်ချောင်းရေလျှံတာကြောင့် နေအိမ် ၂၀၀ နီးပါးမှာ နုန်းတွေ ဝင်ရောက်ပြီး လူဦးရေ တစ်ထောင် ဝန်းကျင်လောက် နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေ ပါတယ်။
2016-08-16
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး ကနေ ၂၁ ရာစု ပင်လုံညီလာခံ ပူးတွဲကျင်းပရေးကော်မတီမှာ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေအပြင် လက်မှတ်မထိုး ထားတဲ့ အဖွဲ့တွေပါ ပါဝင်နိုင်ဖို့ သဘောတူဆုံးဖြတ်လိုက် ပါတယ်။
2016-08-15
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း မှာ နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ဖို့အတွက် ချင်းမိုင်ခရိုင်က ကုန်သည်ကြီးများအသင်းနဲ့ ရှမ်းပြည် နယ် တောင်ကြီး၊ မိုင်တုန်၊ မိုင်းဆတ်၊ ပုံပါကျင်က ကုန်သည် ကြီးများဟာ ချင်းဒေါင်းမြို့နယ်မှာ သြဂုတ်လ ၁၁ ရက်နေ့ က တွေ့ဆုံခဲ့ပြီး နယ်စပ်ဂိတ် သုံးခုရှိတဲ့ထဲက ကုန်စည် ကူးသန်းရောင်းဝယ်လို့ အဆင်ပြေမည့် နယ်စပ် ဂိတ်တစ်ခု ဖွင့်လှစ်နိုင်ဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2016-08-15
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ JICA နဲ့ အစိုးရတို့ ပူးပေါင်းပြီး ပုဂ္ဂလိကဘဏ် ၆ ခုကတဆင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကို ၅ နှစ်သက်တမ်းနဲ့ ငွေကျပ်ဘီလီယံ ၃၀ ထုတ်ချေးပေး သွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။
2016-08-15
ဧရာဝတီ မြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်း လေ့လာစိစစ်သုံး သပ်ရေးကော်မရှင် အစည်းအဝေးကို လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ ကျင်းပသွားမယ် လို့ ကော်မရှင် ဥက္ကဌ ဦးတီခွန်မြတ် က ပြောပါတယ်။
2016-08-15
ကမန်တိုင်းရင်းသားတွေအနေနဲ့ ပြည်တွင်း မှာ အထောက်အထားမလိုဘဲ လွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိ သူတွေက ကမန်အမျိုးသား တိုးတက်ရေးပါတီနဲ့ တွေ့ဆုံစဉ် မှာ ပြောလိုက်ပါတယ်။