သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-10
ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ မဲဆန္ဒနယ် ၁၀ ခုရှိတဲ့အနက် ၉ ခုမှာ လက်ရှိအာဏာရပါတီ NLD က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ်တစ်ခုမှာသာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိခဲ့ပါတယ်။
2020-11-10
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ထာဝရ ငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးတဲ့အထိ လိုအပ်တာကြောင့် တွေ့ဆုံဆွေးနွေးဖို့ ရှိလာရင် ဆက်လက်ဆွေးနွေးနိုင်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ ဖွဲ့စည်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က သတင်းထုတ်ပြန်ပါတယ်။
2020-11-10
ဒီနှစ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရမှု ၂၀၁၅ ရွေးကောက်ပွဲထက် ပိုမိုတိုးတက်လာတဲ့ ပြည်နယ်တွေရှိသလို တချို့ ပြည်နယ်တွေမှာတော့ တိုးမလာပါဘူး။
2020-11-10
၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ တရားမျှတပြီး တိကျမှန်ကန်ကြောင်းနဲ့ ပဋိပက္ခတွေရှိနေလို့ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာထောက်ထားတဲ့ ထောက်ပံ့မှုတွေ ဂျပန်အစိုးရနဲ့ နီပွန်ဖောင်ဒေးရှင်းက ဆက်လက်ပေးသွားမှာဖြစ်ကြောင်း ဂျပန်သံရုံးက နိုဝင်ဘာလ ၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2020-11-10
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာက စစ်ဘေးဒုက္ခသည်တွေအတွက် အစိုးရထောက်ပံ့ထားတဲ့ ရိက္ခာဆန်အိတ် ၅၀၀ ကျော်ကို တပ်မတော်က နိုဝင်ဘာ ၉ ရက်နေ့ မနေ့ညက သိမ်းယူသွားပါတယ်။
2020-11-10
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ရွေးကောက်ပွဲမဲရလဒ်တွေကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ဒီနေ့ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်နယ်လွှတ်တော် အမှတ်(၁)၊ အမှတ်(၂) ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် စတဲ့နေရာ လေးခုစလုံးကို ရခိုင်အမျိုးသား ပါတီ ANP က အနိုင်ရရှိခဲ့ပါတယ်။
2020-11-10
၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဆက်တိုက် အောင်နိုင်ခဲ့တဲ့ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နဲ့ တိုင်းလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တို့ကို ဒီတစ်ကြိမ် ရွေးကောက်ပွဲမှာ လက်လွှတ်လိုက်ရပါတယ်။
2020-11-10
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) မှာ မဲအများဆုံး ရရှိသူက လက်ရှိ ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဖြစ်ပါတယ်။
2020-11-09
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို မဲအများဆုံးနဲ့ ရွေးကောက်ပွဲအောင်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်က အတည်ပြုပါတယ်။
2020-11-09
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး(၁) တိုင်းဒေသကြီး (၂)နဲ့ ချင်းနဲ့ ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော်တွေမှာ NLD အနိုင်ရတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဂင်ခန့်ပေါင်က ပြောပါတယ်။
2020-11-09
နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံရသူစာရင်းကို UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့ကစတင်ပြီး တရားဝင်ထုတ်ပြန်ပါတယ်။
2020-11-09
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ကိုယ်စားပြု အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် (၂) နေရာ စုစုပေါင်းလွှတ်တော် (၄) နေရာလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်တွေ အနိုင်ရသွားပါတယ်။
2020-11-09
မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီ MUP က သုံးနေရာအနိုင်ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တစ်နေရာအနိုင်ရရှိတယ်လို့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရပါတယ်။
2020-11-09
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ မွန်ညီညွတ်ရေးပါတီ MUPနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDPတို့ အားပြိုင်မှု ပြင်းထန်ခဲ့တဲ့ကြားက လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက အနိုင်ရရှိခဲ့ပါတယ်။
2020-11-09
ချင်းပြည်နယ်၊ တွန်းဇံမြို့မှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီ က (၂) နေရာနိုင်ပြီးတော့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက (၂)နေရာ အနိုင်ရသွားပါတယ်။