သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-17
နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြည် သူတွေအနေနဲ့ အစိုးရရဲ့ ချို့ယွင်းချက်တွေ ကို ဝေဖန်ထောက်ပြဖို့နဲ့ အကြံပြု လမ်းညွှန်ပေးဖို့ စတဲ့ နည်းလမ်းတွေနဲ့ ဝိုင်းဝန်းပါဝင်ပေးကြဖို့ တိုက်တွန်းလိုက် ပါတယ်။
2016-04-17
မဟာသြင်္ကန်ပွဲတော်ကာလအတွင်း တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံ သူ နိုင်ငံသားတွေကို ကျေးဇူးတင်ရှိကြောင်းနဲ့ နှစ်သစ်မှာ စိတ်သစ်လူသစ် မျှော်လင့်ချက်အသစ်တွေနဲ့ ဆက် လက်လျှောက်လှမ်းကြရာမှာ နိုင်ငံသူ နိုင်ငံသားအပေါင်းက ဝိုင်းဝန်းကူညီပေးကြဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။
2016-04-16
ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်းအကျဉ်းထောင်တွေ ထဲက အကျဉ်းသား ၈၃ ဦးကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုပြီး ပြန်လွှတ်ပေးမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုးထုတ်ပြန်ပါတယ်။
2016-04-16
သြင်္ကန်ပွဲတော်ရက်တွေအတွင်း ပြည် သူတွေ လွတ်လပ်ပျော်ရွှင်ဘေးကင်းအောင် ဆင်နွှဲနိုင်ဖို့ နယ်စွန်နယ်ဖျားဒေသတွေနဲ့ မြို့ရွာတွေမှာ လုံခြုံရေးတာဝန်တွေ ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော် သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ယာဉ်ထိန်းရဲတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၁၇ ရက်၊ ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။
2016-04-16
ဂျပန်နိုင်ငံ ကျူရှူးကျွန်းက ကူမာမိုတိုခရိုင်မှာ ဒီနေ့ ပြင်းအား ၇ ဒသမ ၃ ရှိတဲ့ငလျင် ထပ်မံလှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ လှုပ်ခတ်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် မြန်မာနိုင်ငံသားတွေအနေနဲ့ သတိဝီရိယရှိရှိ နေထိုင်ကြဖို့ တိုကျိုမြို့မှာ ရှိတဲ့ မြန်မာသံရုံးက နှိုးဆော်လိုက်ပါတယ်။
2016-04-16
သြင်္ကန်အကြိုနေ့ကနေ ပထမအကြတ်နေ့ အထိ ၃ ရက်အတွင်း တစ်နိုင်ငံလုံး မှာ သေဆုံးသူ ၂၀ ကျော်ရှိကြောင်း အစိုးရ က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2016-04-16
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့က ကြက်မွေးမြူရေးဇုန်မှာ ကြက်ငှက် တုပ်ကွေးရောဂါ H9N2 ဗိုင်းရပ်စ်တွေ့ရှိတဲ့ အတွက် ကြက်အကောင်ရေခြောက်ထောင်ကျော် ကို သုတ်သင်ရှင်းလင်းလိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။
2016-04-16
ဒီနှစ်သြင်္ကန်ဟာ အရင်နှစ်က သြင်္ကန် ပွဲတွေနဲ့မတူဘဲ ပြည်သူတွေ အောင်ပွဲခံတဲ့ သြင်္ကန်ဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားပါတယ်။
2016-04-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သြင်္ကန်အပြီးနောက်ပိုင်းမှာ ပါတီတွင်း တည်ဆောက်ရေး လုပ်ငန်း ၅ ခုလောက် ဆောင်ရွက်ဖို့ စဉ်းစားထားတယ်လို့ ပါတီ ဦးဆောင်မှုအတွင်းရေးမှူး ကော်မတီဝင် ဦးဝင်းထိန်က RFA ကို ဒီနေ့ပြောကြားလိုက်ပါတယ်။
2016-04-16
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ နေပြည်တော်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူး ကုဆေးရုံကြီးမှာ ဒီနေ့ ဒုတိယအကြိမ် မျက်လုံးခွဲ စိတ်ကုသ မှုခံယူခဲ့ပါတယ်။
2016-04-15
မြန်မာနိုင်ငံ သစ်တောသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ အမေရိကန် ဗားမောင့် ဥပဒေ ပညာသင်ကျောင်း (Vermont Law School) တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ရပ် ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
2016-04-15
မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ် တာမန် ဂျာယာရပ်ကွက်မှာနေထိုင်တဲ့ မြန်မာနိုင်ငံ သားတစ်ဦး မနေ့ညက သတ်ဖြတ်ခံလိုက်ရ တယ်လို့ ရဲတွေက ပြောပါတယ်။
2016-04-15
သစ်တောပြုန်းတီးမှုတွေနဲ့ မြို့ပြချဲ့ထွင် မှုတွေကြောင့် ကျားကောင်ရေ အရှိန် အဟုန်နဲ့ ကျဆင်းလာတဲ့အတွက် ကျားရိုင်းတွေမှီတင်းနေ ထိုင်တဲ့ နိုင်ငံတွေအနေနဲ့ ကျားထိန်းသိမ်းရေးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူလိုက်ကြတယ်လို့ သဘာဝဝန်းကျင် ချစ်မြတ်နိုးသူတွေက ပြောပါတယ်။
2016-04-15
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မင်းပြင်ကျေးရွာနားမှာ ရေနံတောင်ကျေးရွာဘက်ကနေ ရမ်းဗြဲမြို့ဘက်ကို ဘုရားဖူးထွက်လာတဲ့ ကားတစ်စီး ဒီနေ့ မနက်ပိုင်းက တိမ်းမှောက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး လူပေါင်း ၅ဝ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။
2016-04-15
ဒုတိယကြိမ်မြောက် ကယော အမျိုးသားနေ့ အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်မှာ ရှိတဲ့ နှစ်ခြင်းဘုရားရှိခိုးကျောင်းဝင်းမှာ ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။