သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-16
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး က နိုင်ငံရေးအရာရှိ Mr. Paul Turner ဦးဆောင်တဲ့ သံရုံးအရာရှိတွေဟာ ရခိုင်ပြည်နယ်ထဲမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နောင် အနာဂတ် ကာလမှာ သင့်မြတ်စွာ ယှဉ်တွဲနေထိုင်နိုင်ရေး ကိစ္စတွေနဲ့ပတ်သက်ပြီး မနေ့က စစ်တွေမြို့မှာ ရခိုင် တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ သီးသန့်တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
2013-12-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ခြေမအရိုးအဆစ် နာကျင်နေ တာကြောင့် ဒီကနေ့မနက်ပိုင်းက အာရှတော်ဝင်ဆေးရုံမှာ ခွဲစိတ် ကုသခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန်ဒေါက်တာ တင်မျိုးဝင်းက ဒီနေ့ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
2013-12-16
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်းပါ သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT တို့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။
2013-12-16
၁၃၀၀ ပြည့်အရေးတော်ပုံ ၇၅ နှစ်ပြည့် စိန်ရတုပွဲကို လာမယ့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေတိဂုံဘုရား အထက်ပစ္စယံရင်ပြင်မှာ ကျင်းပနိုင်ဖို့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ဆီကို စာတင်ထားတယ်လို့ စိန်ရတုပွဲဖြစ်မြောက်ရေးကော် မတီက ပြောပါတယ်။
2013-12-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်း စုကြည်ကို ၂၀၁၅ ခုနှစ်မှာ သမ္မတအဖြစ် ပါဝင်အရွေးခံခွင့်ပြုဖို့ ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေ က မြန်မာအစိုးရကို တိုက်တွန်းကြမယ်လို့ သိရပါတယ်။
2013-12-15
ဒီနေ့ ကျရောက်တဲ့ ၃၉ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန်မြို့ သာကေတ တိုင်းရင်း သားကျေးရွာမှာ ဒီမနက် ကျင်းပပြုလုပ်ခဲ့ရာမှာ ရခိုင်တိုင်းရင်းသား လေးသောင်းနီးပါးလောက် တက်ရောက်ခဲ့တယ်လို့အခမ်းအနား စီစဉ်သူတွေ က ပြောပါတယ်။
2013-12-15
ပေါင်းတည်အကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေကြတဲ့ မိတ္ထီလာ ပြည်သူ့အကျိူးဆောင်ကွန်ရက်က ကိုသန့်ဇင်ထက်ဟာ ကျန်းမာရေးအခြေအနေ ဆိုးရွား လာနေတာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
2013-12-15
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ မဲပေးတဲ့အခါ လွတ်လပ်မှု ရှိနိုင်ပေမယ့် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2013-12-15
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈ ပါ စုဝေးဆန္ဒဖော်ထုတ်ခွင့်ကို အုပ်ချုပ်ရေးမှူးတွေဆီ ခွင့်ပြုချက်တောင်းရမယ်ဆိုတဲ့ အချက်ပယ်ဖျက်ရေးကို သမ္မတဆီ တင်ပြတောင်းဆိုဖို့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်အသီးသီးမှာ ပြည်သူတွေရဲ့ သဘောထားဆန္ဒ ကောက်ခံနေကြပါတယ်။
2013-12-15
မြန်မာနိုင်ငံမှာ ဂျပန် ကုမ္ပဏီတွေ ထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး သဘောတူညီချက် တစ်ရပ်ကို နှစ်ဘက် ခေါင်းဆောင်တွေက ဒီနေ့ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
2013-12-14
တက္ကသိုလ်ဆရာ၊ ဆရာမတွေ ရဲ့ နေရေးထိုင်ရေးနဲ့ ပတ်သက်လို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို မကျေနပ်တဲ့အတွက် တက္ကသိုလ် ၆ ခုကို ကိုယ်စားပြုပြီး ဖွဲ့စည်းထားတဲ့ တက္ကသိုလ် ဆရာဆရာမများအသင်းက မနေ့က အရေးပေါ် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2013-12-14
ဒီနေ့ည ၆ နာရီခွဲ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ယှဉ်ပြိုင်ကြမယ့် မြန်မာ နဲ့ ထိုင်းအသင်း ဘောလုံးပွဲကြည့် ဝင်ခွင့် လက်မှတ်တွေဟာ မှောင်ခိုဈေးကွက်မှာ ၁၀ ဆနီးပါး ဈေး တက်သွားတယ်လို့ ပွဲကြည့်သူတွေက ပြောပါတယ်။
2013-12-14
ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် သျှမ်းသံတော်ဆင့် ရှမ်းတိုင်းရင်းသား သတင်းဌာနဟာ သျှမ်းသံတော်ဆင့် ဂျာနယ်ကို ပထမဦးဆုံးအကြိမ်အဖြစ် ရှမ်းပြည်တောင် ပိုင်း တောင်ကြီးမြို့မှာ ဒီကနေ့မှာ စတင်ထုတ်ဝေ ဖြန့်ချီ လိုက်တယ်လို့ သိရပါတယ်။
2013-12-14
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်အောက် ရပ်ကွက်မှာ ရေဆိုးမြောင်းထဲမှာ မနေ့ညက လက်လုပ်မိုင်း လို့ယူဆရတဲ့ မိုင်း ၃ လုံးတွေ့ရှိခဲ့ပြီး အဲဒီမိုင်းတွေကို ဒီကနေ့ မနက်ပိုင်းမှာ အာဏာပိုင်တွေက ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။
2013-12-14
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူတွေနဲ့ တပ်မတော်အကြား စိတ်ဝမ်းကွဲအောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်နေတဲ့အတွက် အမျိုးသား ရင်ကြားစေ့ရေးကို ထိခိုက်စေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။