သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-08
ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွား တဲ့နေ့ဖြစ်တဲ့ သြဂုတ်လ ၈ ရက်နေ့ကို "မြန်မာနိုင်ငံ ဒီမိုကရေစီနေ့" အဖြစ် တရားဝင်သတ်မှတ်ပေး ဖို့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၈ နှစ်ပြည့် နှစ် ပတ်လည်နေ့ အခမ်းအနားမှာ အစိုးရကို တောင်းဆိုလိုက် ပါတယ်။
2016-08-07
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်နဲ့ ပခုက္ကူမြို့နယ်တွေက ရေဘေးဒုက္ခ သည်တွေကို ဒီနေ့ သွားရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။
2016-08-07
တရုတ်-မြန်မာ နယ်စပ် ဆဒုံး-ကန်ပိုင်တီ-လိုင်ဇာ ဒေသ ကေအိုင်အေထိန်းချုပ် နယ်မြေ လုဟောင် စစ်ဘေးဒုက္ခသည်စခန်း အနီးတစ်ဝိုက် မှာ ကိုးကန့်လို့ယူဆရသူ တရုတ်စကားပြောတဲ့ လက်နက် ကိုင် အဖွဲ့တစ်ဖွဲ့ ဒီရက်ပိုင်းအတွင်းရောက်ရှိနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။
2016-08-07
ကျန်းမာရေးမှူးအောင်လက်မှတ် မရှိထား သူတွေကို ကျန်းမာရေးမှူးအဖြစ် ခန့်အပ် တာဝန်ပေးနေတာတွေကို ရပ်တန့်ဖို့နဲ့ ကျန်းမာရေးမှူးတွေကို တခြားဌာနတွေမှာ ရွှေ့ပြောင်းတာဝန် ပေးတာတွေကို မလုပ်ဖို့ လွိုင်ကော်မြို့၊ မြစ်ကြီးနားမြို့နဲ့ ရန်ကုန်မြို့တို့မှာ ဖဲကြိုးပြာလှုပ်ရှားမှု ပြုလုပ်ပြီး တောင်းဆို လိုက်ပါတယ်။
2016-08-07
ရန်ကုန်မြို့ပြည်လမ်းပေါ်က Young Investment Group(YIG) ကုမ္ပဏီဟာ အစိုးရနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို လိုက်နာမှုမရှိတဲ့အတွက် အရေးယူပေးဖို့ ကုမ္ပဏီဝန်ထမ်းတွေက ဒီနေ့ တာမွေမြို့နယ် က ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-08-07
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပိန်းပြစ်ကျေးရွာအုပ်စုက ဒေသခံပလောင် တိုင်းရင်းသား ၃၀ နီးပါးကို ပြီးခဲ့တဲ့ ဇူလိုင် လ၂၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဟာ တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ဖြစ်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က အတည်ပြုပြောပါတယ်။
2016-08-07
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေ ရင်ဆိုင်ရတဲ့ အခက် အခဲတွေနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့တဲ့ ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့တာဝန်ရှိသူတွေကို ထိုင်းအာဏာပိုင်တွေ က ခေါ်ယူမေးမြန်းတာတွေ ရှိနေပါတယ်။
2016-08-06
လူမှုရေးလုပ်ငန်းလုပ်ဆောင်ရာမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ကွဲပြားမနေဘဲ အစိုးရနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက် တာ ဇော်မြင့်မောင်က ပြောပါတယ်။
2016-08-06
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်ပိန်းကျေးရွာက ဒေသခံ ၅ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင် သွားတာ အခုထိ အဆက်အသွယ် မရသေးဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
2016-08-06
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကျန်းမာရေးမှူးသင်တန်းဆင်း မဟုတ်သူတွေကို အစိုးရအနေနဲ့ ကျန်းမာရေးမှူး အဖြစ် ခန့်အပ်တာဝန်ပေးနေတာတွေကို ရပ်တန့်ပေးဖို့ ရခိုင်ပြည်နယ်က ကျန်းမာရေးမှူးတွေက ဖဲကြိုးပြာ လှုပ်ရှားမှုနဲ့အတူ တောင်းဆိုလိုက်ပါတယ်။
2016-08-06
အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အတိတ်မှာဖြစ်ပျက်ခဲ့တာတွေကို အနာဂတ် လူငယ်တွေ လေ့လာနိုင်အောင် မှတ်တမ်းတင်ဖို့လိုကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက ပြောပါတယ်။
2016-08-06
စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ပဲခူး စတဲ့ ပြည်နယ်နဲ့တိုင်း ၈ ခုမှာ ရေကြီး နစ်မြုပ်မှုကြောင့် မနေ့ကအထိ လူဦးရေ သုံးသိန်းကျော် ရေဘေးဒဏ်ခံနေရပြီး ၄ ဦးသေဆုံး ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။
2016-08-06
တစ်နိုင်ငံလုံးက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ကွန်ရက်တွေမှာ လူ့အခွင့်အရေးဌာနတွေထားရှိပြီး နှစ်စဉ် လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။
2016-08-06
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ တပ်မတော်က သိမ်းယူထားတဲ့ လယ်မြေတွေကို မူလတောင်သူတွေဆီ ပြန် လည်ပေးအပ်ဖို့အတွက် မြေတိုင်းတာရာမှာ သိမ်းယူထားစဉ် က မပါခဲ့တဲ့ မြေနေရာတွေကို ဝင်ရောက်တိုင်းတာနေတာကို လက်မခံနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
2016-08-06
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ လူဦးရေ ၄ဝ လောက် သေဆုံးတာဟာ ဝက်သက်ရောဂါကြောင့်ဖြစ် တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အတည်ပြုလိုက်ပါတယ်။