သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-26
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ကိုသွားမယ့် ရခိုင်တိုင်းရင်းသား ၅၁ ယောက်ကို ကွန်ဟိန်းမြို့နယ်၊ သံလွင်ကူးတို့ ရဲကင်းစခန်းက မှတ်ပုံတင်တွေသိမ်းယူပြီး ခရီးသွားခွင့်တားမြစ်လိုက်ပါတယ်။
2018-08-26
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေ ထဲက မြန်မာနိုင်ငံဘက်ပြန်လိုသူတွေကို လာမယ့် အောက်တိုဘာလအတွင်း မြန်မာဘက် က ပြန်ခေါ်ဖို့ နှစ်နိုင်ငံအစိုးရအကြား သဘောတူလိုက်တယ်လို့ သိရပါတယ်။
2018-08-26
မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအတွက် နှစ်ပေါင်းများစွာ ဦးဆောင်လှုပ်ရှားခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် John McCain ဂျွန်မက်ကိန်းဟာ ဦးနှောက်ကင်ဆာရောဂါနဲ့ မနေ့ညက ကွယ်လွန်သွားပါတယ်။
2018-08-26
မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ထိတ်လန့်စရာ လူမျိုးစုသုတ်သင်ရှင်းလင်းရေး ပြစ်မှုကျူးလွန်ခဲ့ရာမှာ တာဝန်ရှိတဲ့သူတွေကို အရေးယူဆောင်ရွက်ရေး အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မနေ့က ပြောကြားလိုက်ပါတယ်။
2018-08-26
ရခိုင်ပြည်နယ် မောင်တောဒေသကို ARSA အကြမ်းဖက်တိုက်ခိုက်မှုတွေ တကျော့ပြန် ဝင်ရောက်မယ်ဆိုတဲ့ သတင်းတွေကြောင့် လုံခြုံရေးကို စိတ်ချရတဲ့အခြေအနေဖြစ်အောင် စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ဒီနေ့ ပြောလိုက်ပါတယ်။
2018-08-25
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လွန်ခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ကစတင်ပြီး ဖြစ်ပွားခဲ့တဲ့ ဆူပူ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေက အကြမ်းဖက်မှု နှစ်ပတ်လည်အဖြစ် ကော့ဇ်ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာ ဆန္ဒပြပွဲတွေ မနေ့က ကျင်းပခဲ့ပါတယ်။
2018-08-25
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ ရသူတွေအတွက် ရခိုင်အမျိုးသားပါတီ (ANP) က စစ်တွေမြို့မှာ နှစ်ပတ်လည် အခမ်းအနား ဒီနေ့ကျင်းပခဲ့ပါတယ်။
2018-08-25
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း ရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက်စာကို တရားဝင်အသိအမှတ်မပြုသေးကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌ က ဒီနေ့ ပြောပါတယ်။
2018-08-25
TNLA တအာင်းလွတ်မြောက်ရေးတပ်မတော်က ဖမ်းဆီးထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်က နန်းမိုဟွမ် ဆိုတဲ့ အမျိုးသမီးကို မကြာခင် ပြန်လွှတ်ပေးမယ်လို့ TNLA က ပြောလိုက်ပါတယ်။
2018-08-25
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မနက်ဖြန် ကျင်းပမယ့် မဟာပညာကျော် စကားဝိုင်းကို ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက တားမြစ်တဲ့အတွက် ရက်ရွှေ့ဆိုင်း လိုက်ပါတယ်။
2018-08-24
မြန်မာနိုင်ငံမှာ မုတ်သုံမိုးသည်းထန်ပြီး ရေဘေးဒဏ်အဆိုးဝါးဆုံးခံရတဲ့ ဒေသတွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် မြန်မာငွေ ကျပ် ၂၀၆ သန်းခွဲနဲ့ညီမျှတဲ့ ယူရိုငွေ တစ်သိန်း သုံးသောင်းကူညီမယ်လို့ အီးယူ- ဥရောပသမဂ္ဂက ဒီလ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
2018-08-24
ရခိုင်ပြည်နယ်က လုံခြုံရေးစခန်းတွေကို ARSA အကြမ်းဖက်အဖွဲ့က ဝင်တိုက်ခိုက်ခဲ့တာ ဒီနေ့ တစ်နှစ်ပြည့်မြောက်ခဲ့ပြီး ဒီလိုတိုက်ခိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ မြန်မာတပ်က ထိုးစစ်ဆင်နွှဲ တာတွေနဲ့ ပတ်သက်ပြီး ဗြိတိန်အခြေစိုက် Burma Campaign UK က ကြေညာချက် တစ်စောင် မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2018-08-24
မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် နှစ်ပေါင်းများစွာ ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပြီး အမေရိကန် နိုင်ငံရေးလောကမှာ သူ့ရဲ့ ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်းနဲ့ တက်တက်ကြွကြွ ပါဝင်ပြောဆိုမှုတွေကြောင့် ထင်ရှားကျော်ကြားလှတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် John McCain ဂျွန် မက်ကိန်း ဟာ ကာလရှည်ကြာ နာမကျန်းဖြစ်နေခဲ့ရာကနေ သောကြာနေ့ မနေ့ ကတော့ သူ့ရဲ့ ဦးနှောက်ကင်ဆာ ကုသမှုတွေကို ရပ်စဲလိုက်ပြီဖြစ်ကြောင်း မိသားစုက ထုတ်ဖော်ကြေညာလိုက်ပါတယ်။
2018-08-24
ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာ မွတ်စလင် ၇ သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ ဆူပူအကြမ်းဖက်မှု ပဋိပက္ခ တစ်နှစ်ပြည့်ကာလမှာ အဖွဲ့အစည်း အမြောက်အများက အခမ်းအနားတွေ ကျင်းပကြသလို ကြေညာချက်တွေထုတ်ပြန်ပြီး အဲဒီ သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ပြောဆိုခဲ့ကြတဲ့အပြင် မြန်မာအစိုးရနဲ့ တပ်မတော် အပေါ် ပိုမိုဖိအားပေး အရေးယူဖို့ တောင်းဆိုနေကြပါတယ်။
2018-08-24
ရန်ကုန်တိုင်းအတွင်း မူးယစ်ဆေးဝါးမှုတွေ ပိုများလာတဲ့အတွက် ရန်ကုန်မြို့က အင်းစိန် အကျဉ်းထောင်ထဲမှာ မူးယစ်ဆေးဝါး တရားခံတွေ အများအပြား ရောက်ရှိနေတယ်လို့ ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောပါတယ်။