သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-14
ဒီနေ့ သြင်္ကန်အကျနေ့အထိ သြင်္ကန်တွင်း မှာ YBS ဘတ်စ်ကားတွေ ကားခပိုကောက် ခံတာ၊ ကားမထွက်တာ စတဲ့ကိစ္စနဲ့ပတ် သက်ပြီး တိုင်ကြားလာတာတွေ မရှိသေးဘူးလို့ ရန်ကုန် တိုင်းဒေသကြီး၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ပြောပါတယ်။
2017-04-14
ဗကသကျောင်းသားအဖွဲ့ဝင်တွေ စုပြီး ဖွဲ့စည်းထားတဲ့ ဟိုထိုးဒီထိုးရွှေလက်ညှိုး သံချပ်အဖွဲ့ကို သြင်္ကန်အကြိုနေ့က မန္တလေးဗဟိုမဏ္ဍပ် ဖွင့်ပွဲမှာ လာရောက်ဖို့ ဖျော်ဖြေဖို့ဖိတ်ကြားထားပေမယ့် သံချပ် ထိုးခွင့်မရတဲ့အတွက် ပြန်လာခဲ့ရတယ်လို့ ပြောပါတယ်။
2017-04-14
ရန်ကုန်သြင်္ကန်လည်ပတ်သူတွေအနေနဲ့ ခိုက်ရန်ဖြစ် ပွားမှုတွေ ဖြစ်တဲ့အခါ ပြင်းပြင်းထန်ထန်ထိခိုက်မှု မရှိစေရေးအတွက် သြင်္ကန်ကားတွေပေါ်မှာပါရှိတဲ့ အရက်ပုလင်းအခွံနဲ့ တုတ်၊ ဓါးလက်နက်တွေကို ရှာဖွေသိမ်းဆည်း တာတွေကို ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့က ဆောင်ရွက်နေပါတယ်။
2017-04-13
ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေး၊ ပညာရေး ကဏ္ဍတွေအတွက် တရုတ်နိုင်ငံက ယွမ် ၁ ဘီလီယံ အကူအညီပေးသွားမယ်လို့ မြန်မာနိုင် ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2017-04-13
ဘင်္ဂလားပင်လယ်အော်မှာ သြင်္ကန်ကာလ အတွင်းမှာ မုန်တိုင်းဖြစ်ပေါ်လာနိုင်ပြီး အဲဒီမုန်တိုင်းဟာ ရခိုင်ပြည်နယ် မြောက် ပိုင်းကို ဦးတည်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
2017-04-13
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်း တွင်းဒေသမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးနေတဲ့ အခြေအနေတွေ နဲ့ ပတ်သက်ပြီး ဒီသြင်္ကန် အပြီးမှာ အမျိုးသားလွှတ်တော် ဥက္ကဌထံ အစီရင်ခံစာ တင်ပြ သွားဖို့ရှိတယ်လို့ ဖားကန့်ဒေသကို ကွင်းဆင်းလေ့လာခဲ့တဲ့ အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီက ပြောပါတယ်။
2017-04-13
မကြာခင်ရက်ပိုင်းအတွင်း "ဝ" ပြည်သွေး စည်းညီညွတ်ရေးပါတီ UWSP ဌာနချူပ်ရှိရာ ပန်ခမ်းမြို့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ရဲ့ အစည်းအဝေး ကျင်းပဖို့ရှိတယ်လို့ TNLA တအာင်းပလောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဖုန်းကျော်က ပြောပါတယ်။
2017-04-13
မန္တလေးမြို့တော်ဝန် မဟာသြင်္ကန်မဏ္ဍပ် ဖွင့်ဖွဲအခမ်းအနားကို ဒီကနေ့ မန္တလေးမြို့ မှာ ပြုလုပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
2017-04-13
ရခိုင်ပြည်နယ် အမ်းမြို့နယ် ကံဘွေကျေးရွာ ကနေ ကျောက်တော်မြို့နယ်ဘက်ကို ဘုရားဖူးခရီးထွက်ခွာလာ တဲ့ ရေယာဉ် တစ်စီးဟာ မင်းပြားမြို့နယ် တောင်ပုက္ကေကျေးရွာအနီးမှာ ဒီနေ့ မနက်အစောပိုင်းက နစ်မြုပ်ခဲ့ပြီး လူ ၇ ယောက်သေ ဆုံးခဲ့ပါတယ်။
2017-04-12
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး မဟာ သြင်္ကန်ပွဲတော်ကို မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ပျော်ရွှင် စွာ ဆင်နွှဲနိုင်ကြပါစေလို့ အမေရိ ကန်ပြည်ထောင်စုအစိုးရ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရက်ခ်စ် တီလာဆန် က ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
2017-04-12
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာရှိတဲ့ တပ်မတော်ပိုင် မြဝတီဘဏ်နဲ့ အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်တွေကို လက်နက် ကိုင်တပ်ဖွဲ့တစ်ဖွဲ့က မနေ့ည ၁၀ နာရီလောက်က လက် နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
2017-04-12
တစ်နိုင်ငံလုံးက အကျဉ်းထောင်အသီးသီး မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေထဲက အကျဉ်းထောင် လက်စွဲ နည်းဥပဒေနဲ့ အညီ စည်းကမ်းလိုက်နာ သူ နှစ်ထောင်နီးပါးကို အစိုးရက အထူးလျှော့ရက်နဲ့ ဒီကနေ့ လွှတ်ပေးလိုက်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-04-12
ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း တစ်လုံး ဖြစ်ပေါ်လာနိုင်တဲ့အတွက် သြင်္ကန် ကာလအတွင်း ဒေသတချို့မှာ မိုးရွာနိုင် တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင် က ပြောပါတယ်။
2017-04-12
ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက် တရုတ်နိုင်ငံက Schedule of SEU Team အမည်ရ ပညာရှင်အဖွဲ့တစ်ခုဟာ လာမယ့် ဧပြီလ ၁၅ ရက်နေ့ကနေ မေလ ၁၄ ရက်နေ့အထိ ကွင်းဆင်းပြီး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
2017-04-12
ဒီလအတွင်း မွန်ပြည်နယ် မြို့နယ် ၈ မြို့နယ်က ကျေးရွာပေါင်း ၅၀ မှာ ရေရှားပါးမှုနဲ့ ကြုံတွေ့နိုင်တယ် လို့ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးကြည် က ပြောပါတယ်။