သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-16
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ဒီနှစ်သြင်္ကန်ကာလအတွင်း မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ မုံရွာပြည်သူ့ဆေးရုံကြီးကို အကြိုနေ့က ၈၅ ယောက်၊ အကျနေ့က ၈၈ ယောက်နဲ့ အကြတ်နေ့မှာ ၈၆ ယောက် ရောက်လာပြီး ထိခိုက်မှု အများဆုံးနှစ်ဖြစ်တယ်လို့ မုံရွာမြို့ ကရုဏာမြင့်မိုရ် လူမှုကူညီရေးအသင်း က ပြောပါတယ်။
2018-04-16
ဒီနေ့ သြင်္ကန်အတက်နေ့မှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ဖွဲ့စည်းထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အသင်းရဲ့ စင်ပေါ်ဖျော်ဖြေတင်ဆက်မှုတွေ ရုပ်သိမ်းခံရပြီး မြေဝိုင်းဖျော်ဖြေမှုတွေကို အုပ်ချုပ်ရေးအဖွဲ့တွေက တားမြစ်တာတွေရှိခဲ့ပါတယ်။
2018-04-15
စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင်၊ ရှမ်းနဲ့ ချင်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ နောက်နှစ်ရက်အတွင်း မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2018-04-15
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကဗျာဝကမ်းခြေမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူငယ်အဖွဲ့တွေ မနေ့ နေ့လည်ပိုင်းက ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရတယ်လို့ ကဗျာဝကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
2018-04-15
သြင်္ကန်အကြိုနေ့နဲ့ အကျနေ့တွေမှာ ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ရှိလာတဲ့ လူနာ စုစုပေါင်း ၃၀၀ ကျော်ရှိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူက ဒီနေ့ ပြောပါတယ်။
2018-04-15
"ဟိုထိုးဒီထိုးရွှေလက်ညိုးကျောင်းသားသံချပ်အဖွဲ့" မနေ့ညက မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ သြင်္ကန်သံချပ် ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ဆင်ဆာဖြတ်တောက်ထားတာတွေ ထည့်သွင်းပြီး သံချပ်ထိုးခဲ့ရာမှာ မိုက်ပိတ်ခံလိုက်ရတယ်လို့ သံချပ်အဖွဲ့ဝင် တစ်ဦးက ဒီနေ့ ပြောပါတယ်။
2018-04-15
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသွားကြရသူတွေထဲက မွတ်စလင်မိသားစုဝင် ၅ ဦးဟာ မနေ့က တောင်ပြိုလက်ဝဲက ပြန်လည်လက်ခံရေးစခန်းကို ဝင်ရောက်လာတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
2018-04-14
အသစ်ထုတ်ပြန်မယ့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျုးလွန်သူ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့များ ကုလသမဂ္ဂ နာမည်ပျက်စာရင်းမှာ မြန်မာ့တပ်မတော်ကို ထည့်သွင်းထားဖော်ပြထားတယ်လို့ ဧပြီ ၁၃ ရက်နေ့က AP သတင်းမှာ ဖော်ပြထားပါတယ်။
2018-04-14
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်က ရွှေဗဟို ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်း က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကြောင့် ဟိုတယ်ရှေ့ပိုင်းနဲ့ ဘေးကပ်လျက်ဈေးဆိုင်ခန်း ၇ ခန်း မီးလောင်ပျက်စီးခဲ့ပါတယ်။
2018-04-14
စစ်ကိုင်းတိုင်းဒေသကြီးမှာ မနေ့ညနေက တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်နဲ့ ကျွန်းလှမြို့နယ်တို့က နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ပါတယ်။
2018-04-14
အစိုးရအဖွဲ့ရုံးစိုက်တဲ့ နေပြည်တော်မှာ ရခိုင်ရိုးရာသြင်္ကန်မဏ္ဍပ်ကို ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ မဟာသြင်္ကန် အကျနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
2018-04-14
သြင်္ကန်ကာလအတွင်း မန္တလေးတိုင်းဒေသကြီးမှာ လုံခြုံရေးအနေနဲ့ ရဲတပ်ဖွဲ့ အင်အား ၅ ထောင်ကျော်နဲ့ လုံခြုံရေးတင်းကျပ်ထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။
2018-04-14
ဘာသာအချင်းချင်း အပြန်အလှန်လေးစားတဲ့အနေနဲ့ ဗုဒ္ဓဘာသာ အသုံးအနှုန်းတွေဖြစ်တဲ့ သံဃာ၊ သင်္ကန်း၊ ရဟန်း အစရှိတဲ့ အသုံးအနှုန်းတွေကို တခြားသာဘာတွေက အသုံးပြုတာမျိုးမလုပ်ဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က သာသနာရေးဦးစီးဌာနကနေတဆင့် ဘာသာပေါင်းစုံအဖွဲ့အစည်းတွေထံ အကြောင်းကြားထားပါတယ်။
2018-04-14
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပုန်းရှောင်နေကြရတဲ့ ထောင်နဲ့ချီတဲ့ စစ်ဘေးဒုက္ခသည် တွေကို ကူညီကယ်ဆယ်ပေးဖို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီက ပြည်ထောင်စုအစိုးရနဲ့ ကချင်ပြည်နယ်အစိုးရဆီ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2018-04-13
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားခဲ့ကြတဲ့ ဒုက္ခသည်တွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ခေါ် ယူမှာဖြစ်ကြောင်း လူမှုဝန်ထမ်း ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ထပ်မံပြောကြားလိုက်ပါတယ်။