သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-13
လက်ရှိကျင့်သုံးနေတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေသုံးခုကို ပေါင်းပြီး ဥပဒေတစ်ခုအဖြစ် ပြဌာန်းနိုင်ဖို့ ရေးဆွဲထားတဲ့ ဥပဒေကြမ်းကို ဒီနှစ်အတွင်း အတည်ပြုနိုင်အောင် ကြိုးပမ်းနေတယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောပါတယ်။
2017-09-13
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ လူမှုဝန်ထမ်း ကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်ပြီး အစိုးရအဖွဲ့ ထိပ်ပိုင်းအရာရှိတွေပါဝင်တဲ့ ကော်မတီတစ်ရပ်ကို မနေ့က ရက်စွဲနဲ့ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်ပါတယ်။
2017-09-12
အစိုးရအဖွဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် မေးခွန်းတွေကို လွှတ်တော်ဥက္ကဌအနေနဲ့ စဉ်းစားပြီးမှ လွှတ်တော်မှာ မေးမြန်းခွင့် ပြုစေချင်တယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လွှတ်တော်မှာပြောကြားခဲ့ပါတယ်။
2017-09-12
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီရဲ့ ခွင့်ပြုချက်မရဘဲ ကျင်းပခဲ့တဲ့ ဆရာတော် ဦးဝီရသူ ပါဝင်တဲ့ဟောပြောပွဲ စီစဉ်သူတွေကို လောလောဆယ်တော့ တရားစွဲဆိုဖို့ အစီအစဉ် မရှိသေးဘူးလို့ ကရင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
2017-09-12
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး အစိုးရက ကာလုံအစည်းအဝေး မခေါ်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေးစားတာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က ပြောပါတယ်။
2017-09-12
ပြည်တွင်းပဲဈေးကွက် တည်ငြိမ်စေဖို့အတွက် ပြည်ပကနေ ပဲမျိုးစုံတင်သွင်းခွင့်ကို လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး ယာယီရပ်ဆိုင်းသွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2017-09-12
အစိုးရသက်တမ်းတစ်နှစ်ခွဲအတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရအနေနဲ့ တင်ဒါပိုငွေ ကျပ်ငွေ ၄ ဘီလီယံရရှိခဲ့ပြီး အဲဒီငွေတွေကိုအားလုံးကို ကျေးလက်ဒေသလမ်းတွေနဲ့လျှပ်စစ်မီးရရှိရေးအတွက် သုံးစွဲနိုင်ခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
2017-09-12
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ အကြမ်းဖက်မှုတွေကြောင့် ပိတ်ထားခဲ့ရတဲ့ အစိုးရစာ သင်ကျောင်း တချို့ကို ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။
2017-09-12
မြန်မာနိုင်ငံမှာရှိတဲ့ ဆင့်ပွားကွန်ရက်ချိတ်ဆက်ရောင်းဝယ်တဲ့ စနစ် MLM ကုမ္ပဏီတွေကို ဒီနှစ်ဆန်း ပိုင်းကစပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စတင်ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-09-11
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးယွက်ဆစ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တို့ နေပြည်တော်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ စက်တင်ဘာလ ၁၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။
2017-09-11
မွန်အမျိုးသား ပညာရေးကျောင်းတွေအတွက် အကူအညီတောင်းခံလာရင် ပြည်နယ်အစိုးရအဖွဲ့က ကူညီပေးဖို့အသင့်ရှိတယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောပါတယ်။
2017-09-11
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက် မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ လူနည်းစုတိုင်းရင်း သားတွေအပါအဝင် ရခိုင်တိုင်းရင်းသားပေါင်း နှစ်သောင်းကျော်ရှိပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါ တယ်။
2017-09-11
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကညင်ချောင်းကျေးရွာအနီးမှာ စီးပွားရေးဇုန်သစ်တစ်ခု အကောင် အထည်ဖော်ဖို့အတွက် ရခိုင်ပြည်နယ်အစိုးရနဲ့ နတ်မြစ်အလင်းတန်းအခြေခံ အဆောက် အအုံများ အစုအဖွဲ့ကုမ္ပဏီ (Net River Galaxy Consortium Co,ltd) တို့ လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့မှာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကပြောပါတယ်။
2017-09-11
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျုးကျော်စာရင်းဝင်ပြီး စလစ်ပြားထုတ်ယူရရှိထားတဲ့ နေအိမ်တွေ ကို ကျုးကျော်စာရင်းကောက်ယူတဲ့ အဖွဲ့တွေက လိုက်လံစစ်ဆေးသွားမယ်လို့ သိရပါတယ်။
2017-09-10
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်မှာ မိုးကြီးပြီး တောင်ကျချောင်းရေ ကျဆင်းမှုကြောင့် ရေထွက်ကျေးရွာ နဲ့ ကျောက်ဖြူကျေးရွာတွေက နေအိမ် ၁၀၀ ကျော် ရေထဲမျောပါပျက်စီးခဲ့တယ်လို့ သိရပါတယ်။