သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-16
မြန်မာနိုင်ငံနဲ့ နယ်စပ်တစ်လျောက် စောင့်ကြည့်နိုင်ဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန သီးခြား နယ်ခြား စောင့်တပ် ထားရှိသင့် မသင့် အဖြေရှာသင့်ကြောင်း အိန္ဒိယလွှတ်တော် ကော်မတီတစ်ခုက အကြံပြု ထားတယ်လို့ သိရပါတယ်။
2018-12-15
ရခိုင်ပြည်နယ် မောင်တောမြို့အပါအဝင် ခရိုင်မြို့ကြီးတွေမှာ လုံခြုံရေးစောင့်ကြည့် ကင်မရာတွေ တပ်ဆင်ဖို့ စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက သတင်းထောက်တွေကို ဒီနေ့ပြောပါတယ်။
2018-12-15
တိုင်းနဲ့ပြည်နယ်တချို့မှာ ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေဟာ လွှတ်တော် ကိုယ်စားလှယ်တွေကို လက်အောက်ငယ်သားလို ဆက်ဆံတာတွေရှိနေတာဟာ မဖြစ်သင့်ဘူးလို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က ပြောကြားလိုက်ပါတယ်။
2018-12-15
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ထွက်တဲ့ အက်စစ်ငွေ့တွေကြောင့် စီမံကိန်းအနီး ကျေးရွာတွေက သီးနှံစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးမှုရှိနေတဲ့အတွက် ဝမ်ပေါင်ကုမ္ပဏီကို အရေးယူပေးဖို့ စီမံကိန်း ဧရိယာအနီးတစ်ဝိုက်က နေထိုင်ကြတဲ့ ကျေးရွာတွေက တောင်သူ ၁၅၀ ကျော် ဒီနေ့ မုံရွာမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2018-12-15
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံစက်မှုဇုန် ကျောက်စိမ်း ဖိနပ်စက်ရုံက ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင် ညှိနှိုင်းဆွေးနွေးမှု ဒီနေ့ ပြေလည်သွားပြီလို့ သိရပါတယ်။
2018-12-15
မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေဟာ NCA စာချုပ်ကို ချိုးဖောက်နေပြီး ပြဿနာနဲ့ ပဋိပက္ခတွေကို ပိုမိုဖြစ်ပွားစေနိုင်တာကြောင့် ပယ်ဖျက်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟို မြေယာကော်မတီက တောင်းဆိုလိုက်ပါတယ်။
2018-12-15
ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေမှာ အခုလအတွင်း မဟာဓာတ်အားလိုင်းကနေ ၂၄ နာရီ လျှပ်စစ်ဓာတ်အားပေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဒီနေ့ပြောလိုက်ပါတယ်။
2018-12-15
ကချင်ပြည်နယ်က မူးယစ်ဆေးဝါး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၆ သန်း အကူအညီပေးသွားမယ်လို့ မနေ့က ကြေညာချက် ထုတ်လိုက်ပါတယ်။
2018-12-15
အပစ်ရပ်လက်မှတ်ရေးထိုးထားကြတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်းရေးကောင်စီ RCSS နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO တို့အကြား ပဋိပက္ခတွေ ဖြစ်ပွားနေတာကို စောင့်ကြည့်နေတယ်လို့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့ JMC အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ပြောပါတယ်။
2018-12-14
အိန္ဒိယနိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာထုတ်ပေးဖို့ မြန်မာနိုင်ငံက ဆုံးဖြတ်လိုက်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကနေဝင်လာမယ့် အိန္ဒိယနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ လေဆိပ်မှာပဲ အမေရိကန်ဒေါ်လာ ၅ဝ ပေးသွင်းပြီး ဆိုက်ရောက်ဗီဇာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
2018-12-14
ရိုဟင်ဂျာအကြပ်အတည်းကို သံတမန်နည်းအရ ဆက်ပြီးကူညီဖြေရှင်းပေးဖို့နဲ့ သူတို့ကို ဒုက္ခသည် အနေနဲ့ သြစတြေးလျနိုင်ငံကိုခေါ်ပြီး အမြဲတမ်းနေထိုင်ခွင့်ပြု Save the Children အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး McGrath က သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ကို ပန်ကြားတိုက်တွန်းလိုက်ပါတယ်။
2018-12-14
ဥပဒေမဲ့သိမ်းထားတဲ့ မြေတွေကိုပြန်ပေးဖို့ အစိုးရကမူဝါဒချထားပေမယ့် တချို့ဝန်ကြီးဌာနတွေ၊ ပြည်နယ်နဲ့ တိုင်း အစိုးရတွေက ပြန်မပေးပဲထားသလို၊ ပြတ်ပြတ်သားသား ဆောင်ရွက်တာမရှိဘူးလို့ သမ္မတ ဦးဝင်းမြင့်က ဝေဖန်ပြောဆိုလိုက်ပါတယ်။
2018-12-14
မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်မှာ ၆. ၈ ရာခိုင်နှုန်း ရှိရာကနေ၊ ၂ဝ၁၈-၂ဝ၁၉ မှာ ၆.၂ ရာခိုင်နှုန်းအထိကျဆင်းပြီး၊ ပြန်ပြီးဦးမော့လာဖို့ အခက်အခဲရှိနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောလိုက်ပါတယ်။
2018-12-14
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ် သပြုချောင်းနဲ့ ကျောက်ဆည်တောင်ကျေးရွာက ဒေသခံ ၃၀၀ လောက်ဟာ သင်ပုန်းကျေးရွာကို မနေ့ညနေက ထွက်ပြေးရောက်ရှိလာကြပါတယ်။
2018-12-14
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ဝင်တွေကို ဖမ်းဆီးနေတာတွေ ရပ်တန့်ပြီး ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း အမြန်ဆုံးလွှတ်ပေးဖို့ ABSDF က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။