သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-17
မြန်မာ့တပ်မတော် ထိပ်တန်း အရာရှိ ၄ ဦးနဲ့ တပ်မ ၂ ခုကို ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ အပြင်းအထန် လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အမေရိ ကန်ပြည်ထောင်စုက သောကြာနေ့ မနေ့က ပိတ်ဆို့အရေးယူမှုတွေ ပြဌာန်းလိုက်ပါတယ်။
2018-08-17
ဘင်္ဂလားဒေ့ရ်ှက ကော့ဆက်ဘဇား ရိုဟင်ဂျာစခန်းတွေ တဝိုက်မှာ လူဆိုးဂိုဏ်းတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူတွေ ရှိနေကြောင်း သြဂုတ်လ ၁၇ ရက်နေ့ AFP သတင်းမှာ ဖော်ပြလိုက်ပါတယ်။
2018-08-17
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အမျိုးသမီးဌာန ဒုတိယ တာဝန်ခံ မမီးမီးခေါ် မသင်းသင်းအေးရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပြီး အရိုးအိုးကို ဂူသွင်းခဲ့ပါတယ်။
2018-08-17
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနောက်မှာ ရေထုအရောင်ပြောင်းလဲနေတဲ့ သံဇစ်မြစ်ရေမှာ ခဲဓာတ်ပါဝင်မှု ၁ဝ ဆအထိရှိနေပြီး ရေထုညစ်ညမ်းမှု အလွန်မြင့်မားနေ တာကြောင့် လူနဲ့ တိရိစ္ဆာန်တွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ စိမ်းလန်းအမိမြေအသင်းရဲ့ သဘာဝပတ်ဝန်းကျင် ဓာတ်ခွဲခန်း ထုတ်ပြန်ချက်အရ သိရပါတယ်။
2018-08-17
ကယားပြည်နယ် ဖားဆောင်းမြို့ မော်ချီး ခဲမဖြူ၊ အဖြိုက်နက် သတ္တုတွင်းကြောင့် ကျေးရွာ ၁၂ ရွာမှာ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိခိုက်တာတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2018-08-17
တောရိုင်းဆင်တွေ သတ်ဖြတ်ခံနေရတာကြောင့် ဆင်သတ်မုဆိုးတွေကို ဖော်ထုတ်ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်လို့ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။
2018-08-17
မူးယစ်ရဲတပ်ဖွဲ့ကို စာပေးပို့ တိုင်ကြားထားမှုရှိတာကြောင့် သန်းထွန်းဇော်(ခ) ဒါရိုက်တာ မိုက်တီးကို ရှာဖွေစစ်ဆေးရာမှာ မူးယစ်ဆေးပြားတွေနဲ့အတူ ဖမ်းမိခဲ့ပြီး တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရမန်ယူခဲ့ပါတယ်။
2018-08-17
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံခရီးစဉ်က ပြန်လာပြီး တဲ့နောက် ဒီသြဂုတ်လကုန်ပိုင်းအတွင်း နေပြည်တော်မှာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံသွားဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက စီစဉ်နေပါတယ်။
2018-08-17
ကချင်ပြည်နယ် ကျောက်စိမ်းတွင်းတွေရှိတဲ့ ဖားကန့်မြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုနဲ့ ဒုစရိုက်မှုများလာတာကြောင့် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းတာတွေ တိုးမြင့်ဆောင်ရွက်နေတယ် လို့ အာဏာပိုင်တွေက RFA ကိုပြောပါတယ်။
2018-08-17
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားလာနိုင်တယ်ဆိုတဲ့ သတင်းတွေ ရရှိထားတာကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော အပါအဝင် မြို့နယ်တချို့မှာ ရဲတပ်ဖွဲ့နဲ့ တပ်မတော်တို့ ပူးပေါင်းပြီး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
2018-08-17
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ သံလျပ်မှော်အရှေ့ရပ်ကွက်မှာရှိတဲ့ ရဲကင်းက တာဝန်ကျ ရဲဝန်ထမ်း နှစ်ဦးဟာ လှည့်ကင်းထွက်ဖို့ပြင်ဆင်နေစဉ်မှာ အချေအတင် စကားများပြီး သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ရဲဒုတပ်ကြပ် တစ်ဦး ဒဏ်ရာရှိခဲ့တယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။
2018-08-17
ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဌ ရိုဆာရီယို မယ်နာလိုက သူတို့အဖွဲ့ဟာ လွတ်လပ်စွာ၊ ဘက်လိုက်မှုကင်းစွာနဲ့ မျှတစွာ ဆောင်ရွက်မယ်လို့ မနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
2018-08-16
ဒါရိုက်တာ မိုက်တီး ( ခေါ် ) သန်းထွန်းဇော် ကို သြဂုတ်လ ၁၆ ရက်နေ့ ညပိုင်းက တာမွေမြို့နယ်မှာ WY စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2018-08-16
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မကြာခင်က ဖွဲ့စည်းလိုက်တဲ့လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာ သြဂုတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2018-08-16
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို အရေးယူပေးဖို့ မြောက်ဦးမြို့က ကုမ္ပဏီလုပ်ငန်းရှင်တွေ က နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားလိုက်ပါတယ်။