သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-10
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ရဲ့ အရှေ့တောင်ဘက် ဘန်းကုန်းဆည်ပတ်ဝန်း ကျင်မှာ ယာယီနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ တဲတိုက် (တဲစု) တွေကို စက်တင်ဘာလ ၉ ရက် မနေ့နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေပစ်ခတ်လို့ တစ်ဦး ကျည်ဆံထိမှန်ပြီး ၃၀၀ ခန့်ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံရွာသားတစ်ဦးက RFA ကိုပြောပါတယ်။
2021-09-10
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာကို စက်တင်ဘာလ ၉ ရက် မနေ့ မနက်ပိုင်းမှာ စစ်ကောင်စီ တပ်သား ၅၀ ခန့်ရောက်လာပြီး ရွာသူ၊ ရွာသားတွေ စုဖွဲ့ထားတဲ့ ကျေးရွာလုံခြုံရေးအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့တာ ကြောင့် ကျေးရွာလုံခြုံရေးအဖွဲ့ဘက်က ရွာသား ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြင်သားကျေးရွာက ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-09-09
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စက်တင်ဘာ ၈ ရက်နေ့ညက စစ်ကောင်စီက ခန့်ထားတဲ့ အသက် ၄၀ ကျော်အရွယ် ပျဉ်းခုံကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကပ်မှုံနဲ့ အသက် ၄၆ နှစ်အရွယ် မော်စီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် လင်းတို့ နှစ်ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2021-09-09
နေအိမ်၊ တိုက်ခန်းတွေမှာ အကြမ်းဖက်ကျူးလွန်ရင် နိုင်ငံပိုင်သိမ်းမယ်လို့ စစ် ကောင်စီက မနေ့က ကြေညာလိုက်ပါတယ်။ ဒါဟာ ပြည်သူတွေကို ကြောက်လန့် အောင် ခြိမ်းခြောက်တာဖြစ်ပြီး စစ်အာဏာရှင်က ပိုခြိမ်းခြောက်လေ ပြည်သူတွေက တုံ့ပြန်မှုပိုပြင်းထန်လေ ဖြစ် မှာပဲလို့ နိုင်ငံရေးလှုပ်ရှားသူတွေက ရှုမြင်သုံးသပ်ပါတယ်။ ဒီကြေညာချက်ဟာ မြို့ပြတိုက်ပွဲတွေ အရှိန်ပိုမြင့်လာ မှာကို တားဆီး ခြိမ်းခြောက်တာ ဖြစ်ပေမယ့် တော်လှန်ရေးအင်အားစုတွေကတော့ သူတို့ရဲ့လှုပ်ရှားမှုတွေ ရပ်တန့် သွားမှာ မဟုတ်ဘူးလို့ ပြောဆိုကြပါတယ်။
2021-09-09
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲက စစ်ကောင်စီရဲ့ ဆက်သွယ်ရေးတပ်နဲ့ စစ်လက်နက်သိုလှောင်တဲ့တပ်တွေ ကိုသွယ်တန်းပေးထားတဲ့ 33 KVA ဓာတ် အားခွဲရုံကို စက်တင်ဘာလ ၉ ရက် ဒီကနေ့ ညနေ ၅ နာရီဝန်းကျင်မှာ ဗိဿနိုးနယ်မြေကာကွယ်ရေးတပ်က ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
2021-09-09
ဂျော်ဒန်နိုင်ငံ Vega အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ကတည်း က ဆန္ဒပြတောင်းဆိုနေတဲ့ မြန်မာအလုပ်သမားတွေ အလုပ်ရှင်နဲ့ ညှိနှိုင်းမှု မရ သေးတဲ့အတွက် အလုပ်မဆင်းဘဲ ဆက်လက် ဆန္ဒပြနေတယ်လို့ ဆန္ဒပြမြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။
2021-09-09
စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က စက်တင်ဘာလ ၉ ရက် ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2021-09-09
နေအိမ်၊ တိုက်ခန်းတွေမှာ ဧည့်စာရင်းမတိုင်ဘဲ ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှု ကျူးလွန်ရင် အဲဒီ နေအိမ်၊ တိုက်ခန်းတွေကို သက်သေခံအဖြစ် သိမ်းဆည်းခံရမှာ ဖြစ်သလို စစ်ဆေးပေါ်ပေါက်ရင် နိုင်ငံပိုင်သိမ်းယူသွားမယ်လို့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟို အဖွဲ့က ဒီနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
2021-09-09
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲခံရထားရသူ ခုနစ်ဦးကို စစ်တပ်က အမှုရုပ်သိမ်းပြီး ဒီနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ကျောက်ဖြူအကျဉ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
2021-09-09
ချင်းပြည်နယ် (မြောက်ပိုင်း) ထန်တလန်မြို့ထဲမှာ စက်တင်ဘာလ ၉ ရက် ဒီနေ့နေ့လယ် ၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် တစ်နှစ်သားအရွယ် ကလေးငယ် အပါအဝင် ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ထန်တလန်မြို့ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-09-09
ဗြိတိန်နိုင်ငံရဲ့မြို့တော် လန်ဒန်မြို့တောင်ပိုင်းက ပေါင်ငွေသန်းချီတန်တဲ့အိမ်မှာ နေနေတဲ့ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီးစိုးအောင်ကို ဗြိတိန်နိုင်ငံကနေ လက်မခံဘဲ နှင်ထုတ်ဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကို Burma Campaign UK အဖွဲ့က တိုက်တွန်းတောင်းဆိုတဲ့ စာတစ်စောင် ဒီကနေ့ထုတ်ပြန်ပါတယ်။
2021-09-09
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျောက်ရစ်ကျေးရွာနဲ့ နဘက်ကျေးရွာ နယ်မြေရဲစခန်းတွေကို စက်တင်ဘာ ၈ ရက် မနေ့ ညနေပိုင်းမှာ မြောင်မြို့နယ် ပြည်သူကာကွယ်ရေး အထူးတပ်ဖွဲ့ (MSPDF) ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဩဇာခံ ရဲနှစ်ဦးသေဆုံး ခဲ့တယ်လို့ MSPDF ကသတင်းထုတ်ပြန်ပါတယ်။
2021-09-09
ကယားပြည်နယ် ဒီးမော့မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စက်တင် ဘာလ ၉ ရက် မနေ့ညက ဒုတိယတစ်ကြိမ် ထပ်မံတိုက်ခိုက်ချိန်အတွင်း စစ်ကောင်စီ ဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် ငွေတောင်ဆည်ဘေးက နေအိမ်အချို့နဲ့ ဒေါငံခါးရွာက နေအိမ်အချို့ လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြော ပါတယ်။
2021-09-09
ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့မှာ စက်တင်ဘာလ ၉ ရက် ဒီကနေ့ မနက် အစော (၁) နာရီဝန်းကျင်ခန့်က အာဏာသိမ်းစစ်ကောင်စီဘက်မှ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်တွေကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-09-09
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာက အသက် ၃၆ နှစ်အရွယ် ကိုမိုး ကို စစ်ကောင်စီတပ်သားတွေ က ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့ကတည်းက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီးနောက် စက်တင်ဘာ ၈ ရက် မနေ့မှာတော့ ရွာထိပ်ကိုပြန်ခေါ်လာပြီး သေနတ်နဲ့ နှစ်ချက် ပစ်သတ်လိုက်ကြတယ်လို့ ဘုရားလှရွာ ဒေသခံတွေက RFA ကို ပြောပါတယ်။