သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-15
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းမှာ တရားမဝင်လုပ်ကိုင်နေတဲ့ ရွှေမျှောတွေကို တိုင်းအစိုးရ အဖွဲ့ရဲ့ စီမံချက်နဲ့ ဝင်ရောက်ဖမ်းဆီးမှုတွေရှိပြီး ပိုင်ရှင်မဲ့ စက်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
2018-08-15
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက အဖွဲ့ ၆ ခု ပူးပေါင်းပြီး တည်ထောင်မယ့် စီးပွားရေးကုမ္ပဏီကို လာမယ့် စက်တင်ဘာလအတွင်း မှတ်ပုံတင်သွားဖို့ ရှိပါတယ်။
2018-08-15
တရားရုံးကို ဖိနပ်နဲ့ပစ်ပေါက်ခဲ့တဲ့အတွက် တရားရင်ဆိုင်နေရတဲ့ ရှေ့နေ ဦးဇော်ဝင်းဟာ သူ့ကို တရားစွဲဆိုခဲ့တဲ့ သူတွေအပါအဝင် နိုင်ငံဝန်ထမ်း ၄ ဦးကို တရားစွဲဆိုခွင့် လျှောက်ထားတင်ပြမှုကို မန္တလေးမြို့ ပြည်ကြီးတံခွန်တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
2018-08-15
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကို လူမှုကွန်ရက် ဖေ့စ်ဘွတ် နဲ့ အင်တာနက်စာမျက်နှာပေါ်ကနေ အကြည်ညိုပျက်အောင် လုပ်ဆောင်သူတွေကို ဥပဒေကြောင်းအရ တရားစွဲဆိုမှုတွေ လုပ်ဖို့ မကွေးတိုင်းဒေသကြီး NLD ပါတီက ပါတီတွင်း အသိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
2018-08-15
နိုင်ငံတော် အကြီးအကဲတွေရဲ့ ခရီးစဉ်တွေမှာ နစ်နာချက်တွေ၊ တိုင်ကြားစာတွေ ပေးဖို့ ကြိုးစားတာတွေဟာ လုံခြုံရေးကို ထိခိုက်စေတာကြောင့် တိုက်ရိုက်မပေးဖို့ နိုင်ငံတော် သမ္မတရုံးက ဒီနေ့ရက်စွဲနဲ့ ပြည်သူတွေကို ပန်ကြားချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2018-08-14
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာ မွတ်ဝီနိုင်းနဲ့ မနေ့က တွေ့ဆုံရာမှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ဖို့အတွက် ပြောကြားခဲ့ကြောင်း သိရပါတယ်။
2018-08-14
၁၉၈၈ နောက်ပိုင်းကာလကို မြန်မာ့ပညာရေး အမှောင်ခေတ်ကာလအဖြစ် NLD ပါတီ ကိုယ်စားလှယ် သုံးနှုန်းမှုကို လွှတ်တော်မှတ်တမ်းမှာ မထည့်သွင်းဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ က ဆုံးဖြတ်လိုက်ပါတယ်။
2018-08-14
သြဂုတ်လ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ၇ ရက်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၃၅၈ မှုနဲ့ တရားခံ ၄၈၆ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
2018-08-14
နိုင်ငံခြားငွေရောင်းဝယ်ရာမှာ အရင်က ဗဟိုဘဏ် ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်တဲ့ အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်သမတ်တည်း ဖြစ်သွားနိုင်တယ်လို့ NLD ဗဟိုစီးပွားရေးကော်မတီအဖွဲ့ဝင်တစ်ဦးက ဒီနေ့ ပြောပါတယ်။
2018-08-14
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် စိန်လုံတောင်ပေါ်က စစ်ဘေးဒုက္ခသည် ကလေးငယ်တွေ စာသင်ကြားနေတဲ့ ဘော်ဒါဆောင်တစ်ခု မနေ့ညက မီးလောင်ကျွမ်းပျက်စီးသွားလို့ အဆောက်အဦ တစ်ခု လိုအပ်နေပါတယ်။
2018-08-14
သံလွင်မြစ်ရေတက်တာနဲ့ မိုးများတာတွေကြောင့် ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့ နဲ့ ဖာပွန်မြို့တို့မှာ ဒုတိယအကြိမ် ရေကြီးနေပါတယ်။
2018-08-14
လာမယ့်နိုဝင်ဘာလ ၃ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် စက်တင်ဘာလ ၃ ရက်နေ့ကစပြီး ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့်ရရှိမှာဖြစ်ပါတယ်။
2018-08-13
ရန်ကုန်ဆေးရုံကြီးမှာ တနင်္လာနေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ လူနာတွေ ကို ရွှေ့ပြောင်းခဲ့ရပါတယ်။
2018-08-13
ဒီသီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီနဲ့ မြန်မာ အစိုးရ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့ကြတဲ့ ဒုက္ခသည်တွေကို ထုတ်ပေးမယ့် အသိအမှတ်ပြုကတ်ပြားမှာ မြန်မာနိုင်ငံသားများဆိုတဲ့ ဝေါဟာရ အစား ရခိုင်ပြည်နယ်က နေရာရွှေ့ပြောင်းရသူများလို့ အစားထိုးပြင်ဆင်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က သဘောတူခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိတစ်ဦးကပြောဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဘီနား သတင်းက ဖော်ပြပါတယ်။
2018-08-13
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာ ပိတ်သိမ်းလိုက်တဲ့ အုတ်ကျင်း ဂုန်နီစက်ရုံက ဝန်ထမ်း ၅၀၀ ထဲမှာ တစ်ရာက နစ်နာကြေးယူပြီး ထွက်သွားကြပေမယ့် ကျန်ဝန်ထမ်း ၄၀၀ လောက်က နောက် လုပ်ငန်းတွေမှာ ဆက်လက်လုပ်ကိုင်ခွင့်ရရှိဖို့ စောင့်ဆိုင်းနေကြတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဒီနေ့ ပြောပါတယ်။