သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-20
ရခိုင်ပြည်နယ်ကို ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေဟာ လာရာ လမ်းကြောင်းတစ်လျှောက် ဆင့်ကဲဆင့်ကဲ လူအများအပြား သယ်ယူလုပ်ကိုင်တာဖြစ်တဲ့အတွက် အဓိကပိုင်ရှင်တွေကို ဖမ်းဆီးရမိဖို့ ခက်ခဲတယ်လို့ ရခိုင်ပြည် နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင် က ပြောပါတယ်။
2016-07-20
မြန်မာတပ်မတော်က ရှမ်းပြည်နယ်မြောက် ပိုင်း လားရှိုးမြို့နယ်အနီး မိုင်းယော်ကျေးရွာ မှာ သူတို့ စစ်သားတွေက ရွာသား ၅ ဦးကို သတ်ဖြတ်ခဲ့တယ် ဆိုတာ မှန်ကန်ကြောင်း၊ အဲ့ဒီ တပ်မတော်သားတွေ ဟာ ကျေးရွာသားတွေကို စစ်ဆေးမေးမြန်းရာမှာ သတ် မှတ်ပြဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ကြောင်း၊ အဲ့ဒီလို မလိုက်နာတဲ့အတွက် စစ်ဆေး စဉ်မှာ ရွာသားတွေ သေဆုံးခဲ့ရကြောင်း၊ သူတို့ကို စစ်ခုံရုံးဖွဲ့ စစ်ဆေးခဲ့ရာမှာ အပြစ်ရှိတာကို ဝန်ခံခဲ့ကြကြောင်း၊ ဒီအတွက် ထိရောက်စွာ အရေးယူမှာဖြစ်ကြောင်းနဲ့ အမိန့် ချမှတ်တဲ့အခါ တရားဝင်ထုတ်ပြန် အသိပေးမှာဖြစ်ကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2016-07-20
မလေးရှားနိုင်ငံမှာ ဖမ်းဆီးထောင်ချခံထား ရတဲ့ မြန်မာနိုင်ငံသား တစ်ရာကျော်ဟာ မလေးရှားရောက် မြန်မာနိုင်ငံသားတွေရဲ့ စုပေါင်းအကူအညီနဲ့ ဒီနေ့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိ လာပါတယ်။
2016-07-20
နိုင်ငံတော်အဆင့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ သမိုင်းပြတိုက် တရားဝင် ဖွင့်လှစ်နိုင်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေတစ် ရပ်ကို နှစ်နှစ်အတွင်း ပြဌာန်းနိုင်မှာဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။
2016-07-20
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံသမ္မတ အိုဘားမားက သူ့ရဲ့ သမ္မတသက်တမ်း မကုန်ဆုံးမီကာလအတွင်း အမေရိကန်ပြည်ထောင်စုကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားလိုက်ပါတယ်။
2016-07-20
Amnesty International လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ကျေးရွာနှစ်ရွာ အနီးမှာရှိနေတဲ့ ဆာလဖျုရစ်အက်စစ် စက်ရုံကို မြန်မာအစိုးရအနေ နဲ့ ရွှေ့ပြောင်းနေရာချထားဖို့ အမိန့်ထုတ်ပြန်သင့်ကြောင်း ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-07-20
ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ မျက်နှာစုံညီ ညီလာခံကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA နဲ့ ညီနောင် တိုင်းရင်းသာ ပါတီများ ဖက်ဒရေးရှင်း NBF က ကိုယ်စား လှယ် ၅ ဦးစီ တက်ရောက်ကြမှာဖြစ်ပါတယ်။
2016-07-20
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် ရွှေလင်ဗန်းစက်မှုဇုံမှာရှိတဲ့ လဝန်း ထက်သာ အထည်ချုပ် စက်ရုံက စက်ရုံ ရပ်နားလိုက်တဲ့အတွက် အလုပ်သမား ၈၅ ယောက်ကို စက်ရုံပိတ်နစ်နာကြေးနဲ့ လုပ်သက်အလိုက် လျော်ကြေးငွေ ထုတ်ပေးနေပါတယ်။
2016-07-20
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ သတ္ထု တူးဖော်နေတဲ့ မြန်မာပွန်ပီပက်ကုမ္ပဏီနဲ့ အရှေ့တိုင်းသတ္ထုမိုင်းကုမ္ပဏီကို တိုင်းဒေသကြီးအစိုးရအဖွဲ့ က သတ္တုတူးဖော်ခွင့် ယာယီရပ်ဆိုင်းလိုက်ပါတယ်။
2016-07-19
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်ရွာမှာ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းကဖြစ်ပွားခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်လို့ စစ်သားအများအပြားကို ဖမ်းဆီးထားပြီး၊ စစ်ခုံရုံးမှာ စတင် စစ်ဆေးနေတယ်လို့ အရှေ့မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် သိန်းဇော် က ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
2016-07-19
အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဆန္ဒဖြစ်တဲ့ တန်းတူညီမျှတဲ့ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကြိုးပမ်း နေတဲ့အတွက် ၂၁ ရာစုပင်လုံ ညီလာခံရဲ့ အသီးအပွင့်တွေကို မကြာခင် မြင်တွေ့ရတော့မှာ ဖြစ်တယ် လို့ NLD နာယက သူရဦးတင်ဦး က ပြောကြားလိုက်ပါတယ်။
2016-07-19
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ် ယာမြေတွေနဲ့ ဒေသခံတွေရဲ့ နစ်နာမှုတွေ အတွက် လျော်ကြေးရရှိနိုင်အောင် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးပေးဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို အမ်းဒေသခံတွေက ဒီနေ့ တောင်းဆိုလိုက် ပါတယ်။
2016-07-19
အစိုးရဌာနဆိုင်ရာတွေက သိမ်းယူထားပြီး အသုံးမပြုတဲ့ လယ်ယာမြေတွေကို တောင် သူတွေထံ ပြန်ပေးဖို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မနေ့က တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
2016-07-19
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကွန်ဟောက်ကျေးရွာမှာ ဒေသခံသား အဖနှစ်ဦး မနေ့က မိုင်းနင်းမိပြီး ဒဏ်ရာ အပြင်းအထန် ရရှိထားတာကြောင့် လားရှိုးမြို့နယ်ဆေးရုံ မှာ ဆေးကုသနေပါတယ်။
2016-07-19
စင်ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားတွေကို ဖုန်းတွေ၊ ဖေ့စ်ဘွတ် နဲ့ မေးလ်တွေကနေတဆင့် ငွေကြေးလိမ်လည်တောင်းခံမှုတွေ ဖြစ်ပေါ်နေတာကြောင့် သတိပြုရှောင်ရှားကြဖို့ စင်ကာပူ နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။