သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-14
ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာ့ရေပိုင်နက် ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ထိုင်းငါး ဖမ်းလှေ နှစ်စီးကို မြန်မာ့ ရေတပ်ကင်းလှည့်သင်္ဘောက ပစ်ခတ်ခဲ့တဲ့အတွက် လှေတစ်စီးနှစ်မြုပ်သွားခဲ့တယ် ဆိုတဲ့ သတင်းဟာ မှားယွင်းကြောင်း၊ နစ်မြုပ်ခဲ့တဲ့လှေဟာ မတော် တဆ နစ်မြုပ်သွားခဲ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန် ငြင်း ဆိုလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြ ပါတယ်။
2014-07-14
ထိုင်း မြန်မာနယ်စပ်က မြန်မာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ခံရရင် လုံခြုံရေး နဲ့ သက်မွေးဝမ်းကျောင်းမှုတွေအတွက် စိုးရိမ်စရာကောင်းကြောင်း ဒုက္ခသည်အရေး ကူညီပေးနေ သူတွေက ပြောပါတယ်။
2014-07-14
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး ထပ်မံဆွေးနွေးရေးအတွက် ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT နဲ့ မြန်မာငြိမ်းချမ်းရေးဗဟိုဌာန MPC က ဦးလှမောင်ရွှေနဲ့ အဖွဲ့ဝင်တွေ မနေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြ ပါတယ်။
2014-07-13
သတင်းမီဒီယာသမားတွေကို ပြင်းထန်တဲ့ ဥပဒေတွေနဲ့ အပြစ်ပေးအရေးယူနေ တာတွေနဲ့ ပတ်သက်ပြီးတင်ပြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခွင့်ရရေးအတွက် မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ) က တောင်းဆိုလိုက်ပါတယ်။
2014-07-13
သတင်းသမားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဥပဒေကြောင်း အရ အကာအကွယ်ပေးမယ့် မြန်မာမီဒီယာ ရှေ့နေကွန်ရက် ကို ဖွဲ့စည်းနိုင်ဖို့် ကွန်ရက်ဖြစ်မြောက်ရေးကော်မတီကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2014-07-13
ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ တယ်လီနော တယ်လီဖုန်းကုမ္ပဏီရဲ့ မိတ်ဆက်ပွဲအခမ်းအနား ကျင်းပခွင့်ပြုတဲ့ အပေါ် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်း အုပ်ချုပ်ရေးကို ကန့်ကွက်ဆန္ဒပြသွားမယ်လို့ သိရပါတယ်။
2014-07-13
မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မျဉ်းနယ်ခြား အမှတ် BP-77 နဲ့ BP-79 တွေအနီး အငြင်းပွားနေဆဲနယ်မြေမှာ အိန္ဒိယနိုင်ငံက အဆောက်အအုံတွေ တိုးချဲ့ဆောက်လုပ်နေတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ အရပ်ဘက်လူမှု အဖွဲ့အစည်းပေါင်း၂၀ကျော်နဲ့ ရာချီရှိတဲ့ ဒေသခံတွေက ဒီနေ့ အိန္ဒိယအစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2014-07-13
လာမယ့် ဇူလိုင်လ ၁၉ရက်နေ့မှာ ကျရောက်မယ့် ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကို နိုင်ငံတော်အခမ်းအနား အဖြစ် ကျင်းပပေးဖို့ အရပ်ဘက်လူမှုအဖဲ့ွအစည်း ၄၀ ကျော် က မနေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2014-07-13
ထိုင်းမြန်မာနယ်စပ်မြို့ တစ်မြို့ဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မနေ့ညက မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ဒီကနေ့ ဇူလိုင် ၁၃ ရက်နေ့မနက် ၂ နာရီလောက်မှာ မြေပြို မှုဖြစ်ပွားခဲ့လို့ လူခုနှစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါ တယ်။
2014-07-13
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ နယ်ဆေးရုံကြီးမှာ လူနာတွေဆီက ဆေး ကုသစရိတ် တောင်းခံတာတွေရှိနေတဲ့ အတွက် အစိုးရက အရေးယူပေးဖို့ မြောင်းမြမြို့ ဒေသခံ ၃၀၀ လောက်က ဆေး ရုံကြီးရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
2014-07-12
မန္တလေးမြို့ ၇၄-၇၅လမ်းကြား ၃၄ လမ်း မောရဂီဝါရပ်ကွက်မှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေက ဆူပူသူ မွတ်စလင်တချို့ကို မနေ့ညက သေနတ်နဲ့ခြောက်လှန့်ပစ်ဖေါက်ပြီး လူစုခွဲလိုက် ရတယ်လို့ သတင်းရရှိပါတယ်။
2014-07-12
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက ဦးဝင်းတင် ပြတိုက်ဂေဟာတစ်ခု ဆောက် လုပ်သွားဖို့ရှိတယ်လို့ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း နာယကလည်းဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောပါတယ်။
2014-07-12
ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ယောက်ကို ထောင် ၁၀ နှစ်စီ ချမှတ်ခဲ့တဲ့အတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန် ကို သတင်းမီဒီယာသမားတွေ ဒီနေ့ ဆန္ဒပြ ခဲ့ကြပါတယ်။
2014-07-12
အနုပညာရှင်တွေအနေနဲ့ ခေတ်အဆက် ဆက် အာဏာပိုင်တွေအလိုကျ ဆောင် ရွက်ပေးခဲ့ကြပေမဲ့ အနုပညာရှင်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်အာဏာပိုင် ကမှ ဖြေရှင်းပေးခဲ့တာ မရှိဘူးလို့ ရုပ်ရှင်၊ ဂီတနဲ့ သဘင်ပညာ ရှင်တွေက သမ္မတ ဦးသိန်းစိန်ကို တင်ပြခဲ့ကြောင်း ရုပ်ရှင်နဲ့ သဘင်ပညာရှင် ဦးသူရ (ခေါ်) ဇာဂနာက RFA ကိုပြော ပါတယ်။
2014-07-12
ယူနတီဂျာနယ် အမှုဆောင်အရာရှိချူပ်နဲ့ သတင်းထောက်တွေကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေအရ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တဲ့အပေါ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် တိုင်းရင်းသားသတင်းဌာန ၁၃ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ Burma News International (BNI) က ပြင်းထန်စွာကန့် ကွက်ကြောင်း ဒီကနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။