သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-13
ရခိုင်ပြည်နယ်က မွတ်စလင်တွေကို မောင်းထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အရေးယူ အမှုဖွင့်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားခုံရုံး ICC ရှေ့နေချုပ်က ပြောဆိုခဲ့တဲ့သတင်းအပေါ် မြန်မာအစိုးရအနေနဲ့ အလွန်တရာ စိတ်ပျက်သောကဖြစ်ရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။
2018-04-13
ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ရိုဟင်ဂျာဒုက္ခသည်တွေအရေးနဲ့ အကျိုးသက်ရောက်မှုတွေကို မျက်မြင်လေ့လာဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဒီလအတွင်းသွားရောက်မှာဖြစ်ပြီး အီရတ်နိုင်ငံကိုတော့ ရွေးကောက်ပွဲမတိုင်ခင် လေ့လာရေးအနေနဲ့သွားမယ်လို့ ဆိုပါတယ်။
2018-04-13
ဖိလစ်ပိုင် သမ္မတ ဒူတာတေးက မြန်မာ့တပ်မတော်ရဲ့ ရိုဟင်ဂျာတွေကိုဖြိုခွင်းမှုဟာ လူမျိုးတုံး သတ်ဖြတ်မှုဖြစ်တယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က သူပြောလိုက်တဲ့စကားကို အရွဲ့တိုက်ပြီးပြော လိုက်တာလို့ နားလည်ပေးဖို့ ဒီနေ့ တောင်းပန်လိုက်ပါတယ်။
2018-04-13
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင်ပြည်နယ်က မွတ်စလင်တွေကို မောင်းထုတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အရေးယူအမှုဖွင့်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားခုံရုံး ICC ရှေ့နေကြီးက ပြောဆိုတဲ့သတင်းအပေါ် မြန်မာ အစိုးရအနေနဲ့ တော်တော်ကို စိတ်ပျက်သောကဖြစ်ရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။
2018-04-13
ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင် မြို့နယ်အသီးသီးမှာ သြင်္ကန်ရက်တွေအတွင်း ရဲတပ်ဖွဲ့ လုံခြုံရေးတွေကို ပိုမိုတင်းကျပ်ချထားပါတယ်။
2018-04-13
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းပေါ်က ဒွန်ဘုန်းခရွာအနီးမှာ ဒီကနေ့ မနက်အစောပိုင်းက တပ်မတော် နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲဖြစ်ခဲ့ရာမှာ ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် ဒွန်ဘုန်းခ ရွာသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
2018-04-13
ရန်ကုန်မြို့ကြီးကို စိမ်းလန်းစိုပြေပြီး နေချင်စဖွယ် စီးပွားရေးမြို့တော်ကြီးဖြစ်ဖို့ ကြိုးပမ်းနေပါတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားလိုက်ပါတယ်။
2018-04-13
အဂတိလိုက်စားမှု တိုက်ဖျက်နိုင်ရေးကို တပြည်လုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့အတွက် ရုံးခွဲတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဖွင့်လှစ်ဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြင်ဆင်နေပါတယ်။
2018-04-13
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ငခူရကျေးရွာမှာ ဧပြီလ ၁၂ ရက်နေ့ မနေ့က နေအိမ် ၆၀ ကျော် မီးလောင်ကျွမ်းခဲ့တာကြောင့် လူပေါင်း ၆၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။
2018-04-13
ပြည်သူတွေ နှစ်သစ်မှာ အပန်းဖြေမှု၊ ပျော်ရွှင်မှုနဲ့ ကျေနပ်မှုတွေရဖို့ လိုအပ်တယ်လို့ ယူဆ တာကြောင့် မြန်မာ့ရိုးရာ သြင်္ကန်ပွဲတွေကို စည်စည်ကားကားဖြစ်အောင် စီစဉ်ဆောင် ရွက်ပေးတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။
2018-04-12
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စား လှယ်တွေက မြန်မာနိုင်ငံမှာ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦး ကို ပြန်လွှတ်ပေးဖို့ မနေ့က သီးခြားစီ တောင်းဆိုခဲ့ကြပါတယ်။
2018-04-12
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ထဲက ထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို စွဲချက်မတင်ခင် လွှတ်ပေးဖို့ လျှောက်ထားချက်ကို ကျိုးကြောင်းညီညွတ်မှုမရှိဘဲ ပယ်ချလိုက်တဲ့အတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် ဖိအားပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။
2018-04-12
လာမယ့် မေလအတွင်းမှာ အမျိုးသားအဆင့် ၂၁ ရာစု ပင်လုံညီလာခံအတွက် နိုင်ငံရေးဆွေးနွေးပွဲ ကို ရေးမြို့နယ်မှာ ကျင်းပသွားဖို့ မွန်ပြည်သစ်ပါတီ NMSP ခေါင်းဆောင်တွေက ဆုံးဖြတ်လိုက် ပါတယ်။
2018-04-12
ရန်ကုန်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ The Leprosy Mission Myanmar အဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိုင်းကြောင့် ခြေထောက်ထိခိုက်ခဲ့သူတွေကို အခမဲ့ ခြေတုတပ် ဆင်ပေးနေပါတယ်။
2018-04-12
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စု မိုင်းညောင်ရပ်ကွက်က ဦးအိုက်စန်း နဲ့ ဇနီဖြစ်သူ ဒေါ်အေးခိုတို့ ကျွဲကျောင်းသွားရင်း ပျောက်ဆုံးသွားတာကြောင့် အဲဒီရပ်ကွက်မှာနေ ထိုင်တဲ့ ဒေသခံတွေဟာ ကြောက်လန့်ပြီး လားရှိုးမြို့ပေါ်ကို မနေ့ညနေပိုင်းက ထွက်ပြေးလာ ကြသူ ၄ဝ ကျော်လောက်ရှိနေပါတယ်။