သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-15
ကမ္ဘာတစ်ဝန်းမှာ ဒီမိုကရေစီမြှင့်တင်ဖို့နဲ့ ကာကွယ်ဖို့ အမေရိကန်နဲ့ နိုင်ငံတကာမဟာမိတ်တွေ ဆောင်ရွက်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ပြောလိုက်ပါတယ်။
2023-09-15
ရက္ခိုင့်တပ်တော် (AA) နဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရခိုင်ပြည်နယ် အမ်း၊ စစ်တွေနဲ့ ကျောက်တော်မြို့နယ်တွေက ဒေသခံ ငါးဦးကို သက်ဆိုင်ရာမြို့နယ် တရားရုံးတွေကနေ ထောင်ဒဏ် နှစ်နှစ်စီ အသီးသီး ချမှတ်ခဲ့ပါတယ်။
2023-09-15
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရပြီး တစ်ဦးက ဒဏ်ရာပြင်းထန်ပါတယ်။
2023-09-15
ရန်ကုန်မြို့ လသာမြို့နယ် ၁၉ လမ်းထဲက စားသောက်ဆိုင် ပိုင်ရှင်တွေကို သက်ဆိုင်ရာ ရပ်ကွက်ရုံးကိုခေါ်ယူပြီး စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာတွေမရောင်းချရင် ဥပဒေအရ အရေးယူမှာဖြစ်လို့ ဒီထုတ်ကုန်တွေကို တင်ရောင်းကြဖို့ ဖိအားပေးခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။
2023-09-15
စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို စက်တင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီးနောက် အရပ်သားလေးဦး သတ်ဖြတ်ခံရသလို ရွာခုနစ်ရွာက ဒေသခံ ငါးထောင်နီးပါးလည်း ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-09-15
ရခိုင်ပြည်နယ် စစ်တွေမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အနီးမှာ အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားပါတယ်။
2023-09-15
မုန်းမြို့နယ်ထဲကရွာတွေကို စစ်တပ်က ရဟတ်ယာဉ်သုံးစင်းနဲ့ လိုက်လံပစ်ခတ်နေလို့ ရွာခြောက်ရွာက ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့ KNU က စက်တင်ဘာ ၁၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
2023-09-15
ကသာမြို့နယ်၊ ညောင်ပင်ကွင်းရွာကို စက်တင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းချိန် အရပ်သားတစ်ဦး သတ်ဖြတ်ခံရပြီး နောက်ထပ် အရပ်သားနှစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-15
NGO၊ INGO တွေအနေနဲ့ မဖြစ်မနေမှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံတင်ရင်လည်း အစိုးရဌာနဆိုင်ရာတွေရဲ့ ထောက်ခံချက် ရယူရမယ်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။
2023-09-15
မုန်းမြို့နယ်မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန်ပါတယ်။
2023-09-14
နယ်စပ်ဒေသလုံခြုံရေး တာဝန်ယူထားတဲ့ Naresuan Task Force က အမြဲမပြတ်သတင်းပို့နေပြီး အဲဒီလိုဝင်ရောက်တာတာ မတွေ့ရပါဘူးလို့ အမျိုးသမီး ဗိုလ်ချုပ် ဆီရီချန် နာသုန် က ပြောဆိုခဲ့ပါတယ်။
2023-09-14
ဗဟိုဘဏ်ဟာ ကျပ်ငွေအမြောက်အမြား ရိုက်ထုတ်တာကြောင့် ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းကြီးတဲ့ဒဏ်ကို ပြည်သူတွေ ခံစားနေရတယ်လို့လည်း ဖော်ပြပါတယ်။
2023-09-14
မြန်မာနဲ့ ရုရှားနိုင်ငံကြား နယ်ပယ်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်တာတွေ တိုးတက်လာဖို့ ဘုံသဘောတူညီချက်တွေ ရှာနိုင်မယ်လို့ မျှော်လင့်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောလိုက်ပါတယ်။
2023-09-14
တောင်သာမြို့နယ်က ဖမ်းဆီးခံထားရတဲ့ အမျိုးသား သုံးဦး စက်တင်ဘာ ၁၄ ရက်နေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-14
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က အမေရိကန်နိုင်ငံအနေနဲ့ စစ်ကောင်စီကို ပစ်မှတ်ထား အရေးယူဆောင်ရွက်လျက်ရှိရမှာ တင်းတင်းကျပ်ကျပ် ဆက်လက်ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။