သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-28
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေ ဖြစ် ပွားခဲ့တာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းကနေစတင်ပြီး မြို့တွေနဲ့ လမ်းတွေမှာ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေ ပါတယ်။
2016-04-28
အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ မိုးကုတ်မြို့ က ရေပူဆရာတော် ဦးဣန္ဒကနဲ့ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ မန္တလေးခရိုင် ကျောင်းသားသမဂ္ဂများအဖွဲ့က ဆန္ဒပြတောင်း ဆိုခဲ့ကြပါတယ်။
2016-04-28
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အစိုးရတပ်မတော်က ဥပဒေမဲ့ လုပ်ရပ်တွေရှိနေတဲ့အတွက် ရပ်တန့်ပေးဖို့ဆိုပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ကြေငြာချက် ထုတ်ပြန်တောင်းဆိုခဲ့တာကြောင့် အဲဒီကိစ္စအပေါ် ထုချေ လွှာတင်ဖို့ ရခိုင်ပြည်နယ်အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ALP ပါတီ တာဝန်ရှိသူတွေ ကို တောင်းဆိုလိုက်ပါတယ်။
2016-04-28
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး သုံးစွဲ သူတွေအကြား အိတ်ချ်အိုင်ဗီရောဂါပိုး ကူးစက်နှုန်း ၂၈.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတဲ့အတွက် မူးယစ်ဆေးဝါးဆိုင်ရာ အန္တရာယ်လျှော့ချရေးလုပ်ငန်းတွေ မှာ ပြည်သူလူထု ပါဝင်ကူညီကြဖို့ 3MDG လို့ခေါ် တဲ့ ထောင် စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက် ၃ မျိုး ရန်ပုံငွေအဖွဲ့က တိုက်တွန်း လိုက်ပါတယ်။
2016-04-28
လွှတ်တော်ကိုယ်စားလှယ်တွေ အဂတိ လိုက်စားမှုတွေ ရှောင်ကြဖို့ ပြည်သူ့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပဲခူးတိုင်းဒေသကြီးက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။
2016-04-28
အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ကြေညာ ချက်မှာ ရိုဟင်ဂျာလို့ သုံးနှုန်းခဲ့တဲ့ အတွက်ကြောင့် မျိုးချစ်ရဟန်းတော်များ သမဂ္ဂနဲ့ လူပုဂ္ဂိုလ် ၃၀၀ နီးပါးလောက်ဟာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက အမေရိကန်သံရုံးရှေ့မှာ ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2016-04-28
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က အမေရိကန် အစိုးရအနေနဲ့ ရိုဟင်ဂျာ လို့ ခေါ်ဝေါ်သုံးစွဲတာဟာ နိုင်ငံရေးအရမဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ခုက သူတို့ကို ဘယ်လိုအမည် နဲ့ ခေါ်ပါလို့ တောင်းဆိုတဲ့အတိုင်း အသိ အမှတ်ပြုခေါ်ဆိုတာ ဖြစ်ကြောင်း ပြောပါတယ်။
2016-04-27
ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အတွင်း မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှု ဧရိယာဟာ ဟက်တာ ၁ ဒသမ ၅ သန်း လျော့နည်း သွားကြောင်း စိမ်းလန်းအမိမြေအသင်းက သုတေသန စစ်တမ်း ထုတ်ပြန်လိုက်ပါတယ်။
2016-04-27
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ဝင်တွေဟာ ဥပဒေပညာရှင် ၁၃ ဦးနဲ့ တွေ့ဆုံပြီး ဥပဒေစိုးမိုးရေးရှိအောင် နည်းလမ်းရှာဆောင်ရွက်ရေးနဲ့ တရားရုံးတွေကို စောင့် ကြည့်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
2016-04-27
ရုရှားနိုင်ငံလုပ် Yakovlev Yak-130 Mitten အမျိုးအစား ဂျက်တိုက်လေယဉ် ၃ စင်းနဲ့ ဆက်စပ်ပစ္စည်းတွေကို မြန်မာနိုင်ငံက ဝယ်ယူထားပြီး၊ ဒီနှစ်ကုန်ပိုင်းမှာ ပို့ပေးဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ လေယဉ်မှူးနှစ်ယောက်စီး အမျိုးအစားဖြစ်သလို တစ်စီးကို အမေရိကန်ဒေါ်လာ ၁၅ သန်း တန်ပါတယ်။
2016-04-27
သူရဦးရွှေမန်း အပါအဝင် ပါတီဝင် ၁၇ ဦး ကို ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကနေ ထုတ်ပယ် လိုက်တာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ညီလာခံ ကနေသာ ဆုံးဖြတ်ပေးရမှာဖြစ်ကြောင်း သူရဦးရွှေမန်း က ပြောပါတယ်။
2016-04-27
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အတွက် အစီအစဉ်တွေကို တစ်လ၊ နှစ်လ အတွင်း ပြီးမြောက်အောင် ဆောင်ရွက်စေချင်ကြောင်း နိုင် ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။
2016-04-27
စင်္ကာပူနိုင်ငံက Punggol လို့ခေါ်တဲ့ ပန်းခြံ မှာ ယာယီတဲထိုးပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူတွေ ထဲမှာ မြန်မာနိုင်ငံသားတွေပါဝင်နေ တယ်ဆိုပြီး စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာက ဆောင်းပါးရေးသားဖော်ပြချက်ဟာ မှား ယွင်းကြောင်း သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့ရဲ့ အတည်ပြု ချက်ရယူ ပြီးဖြစ်တယ်လို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး က သံမှူး ဒေါ်ထွေးထိပ်တင်လွင်က ပြောပါတယ်။
2016-04-27
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နိုင် ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ်ရှေ့မှာ မနေ့ကစပြီး မြန် မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ယူလိုက်ပါတယ်။
2016-04-27
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်ဆိုင်းပေး ဖို့ ကျောက်တော်မြို့မှာ ဒေသခံ ၁၅၀၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။