သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-13
ကျောင်းအတွင်း လုံခြုံရေး တာဝန်ယူပေးရေး အပါအဝင် တောင်းဆိုထားတဲ့ အချက် ၃ ချက်ကို ဖြေရှင်းပေးတာမရှိတဲ့အတွက် ပါမောက္ခချုပ်ကို အရေးယူပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနကို ဒီနေ့ စာပေးပို့သွာမယ်လို့ တက္ကသိုလ် ဗကသက စည်းရုံးရေးမှူး ကိုရဲမျိုးဆွေက ပြောပါတယ်။
2018-12-13
အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒအရ မြန်မာနိုင်ငံဟာအဓိကကျတဲ့နိုင်ငံဖြစ်တယ်လို့ အိန္ဒိယသမ္မတ ရမ်နာသ့်ကိုဗင်က မနေ့က ပြောလိုက်ပါတယ်။
2018-12-13
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ကို မနေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
2018-12-12
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စု နမ်းဟူးကျေးရွာမှာ RCSS နဲ့ ရွာသားတွေအကြား မနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် နမ်းဟူးရွာသူကြီးအပါအဝင် ရွာသား ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ကျေးရွာ ဒေသခံတွေထံက သိရပါတယ်။
2018-12-12
စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုး ဓမ္မစေတီအောင်မြေဘုံကျော် ကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ အကယ်ဒမီပညာရေးစင်တာမှာ အခုလ ၈ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဘာသာရေးကိစ္စနဲ့ပတ်သက်ပြီး ပုဒ်မ ၂၉၅ (က) နဲ့ ခရစ်ယာန်တရားဟောဆရာကို တရားစွဲဆိုပေးဖို့ ဦးတိုက်လျှောက်ထားမှုကို တရားရုံးက လက်ခံလိုက်တယ်လို့ သိရပါတယ်။
2018-12-12
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံ စက်မှုဇုန်ထဲက ကျောက်စိမ်းဖိနပ်စက်ရုံမှာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ ဆွေးနွေးခဲ့ပေမယ့် နှစ်စဉ်ကြေးနဲ့ ကျွမ်းကျင်ကြေး ပေးဖို့အချက်တွေကတော့ ညှိနိုင်းလို့ မရသေးဘူးလို့ သိရပါတယ်။
2018-12-12
အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ထောင်ဒဏ် ၆ လချမှတ်ခံထားရတဲ့ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျက်နဲ့ ဒေါ်နန်ပူတို့ ၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကချင်ပြည်နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၉ ဦးက လက်မှတ်ရေးထိုးပြီး သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ ဒီနေ့ စာပေးပို့တောင်းဆိုလိုက်ပါတယ်။
2018-12-12
အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတဲ့ တရားဝင် ငြိမ်းချမ်းရေးအစည်းအဝေးတွေမှာ ကရင်အမျိုးသား အစည်းအရုံး KNU ပြန်လည်ပါဝင်နိုင်ရေးအတွက် ကရင်အဖွဲ့အစည်းတွေအနေနဲ့ ကျရာအခန်း ကဏ္ဍကနေ ပံ့ပိုးကူညီဆောင်ရွက်သွားဖို့ ကရင်အမျိုးသားစည်းရုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ ၁၀ ကြိမ်မြောက် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တယ်။
2018-12-12
မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရတပ်မတော်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ပြီး နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းကနေ နိုင်ငံရေးပြဿနာကို အဖြေရှာဖို့ TNLA၊ AA နဲ့ MNDAA အဖွဲ့တွေက ဆန္ဒရှိကြောင်း အဖွဲ့ ၃ ဖွဲ့ပူးပေါင်းပြီး ဒီနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။
2018-12-12
နိုင်ငံတော်လျှို့ဝှက်ဥပဒေနဲ့ ထိန်းသိမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ခြွင်းချက်မရှိပြန်လည်လွှတ်ပေးဖို့ သတင်းမီဒီယာအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
2018-12-12
ကချင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီကို ရယူလိုရင် KIA အဖွဲ့ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးရေးအတွက် တိုက်တွန်းတောင်း ဆိုပေးဖို့ ပြောခဲ့တာတွေရှိတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC) သိက္ခာတော်ရဆရာ ခလမ်ဆမ်ဆွန်က RFA ကိုပြောပါတယ်။
2018-12-12
သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အစွန်းရောက်ဘာသာကြီးတစ်ခုဆိုတဲ့ လျှောက်တင်ချက်နဲ့ တခြား ပြောဆိုချက်တွေကို ပယ်ဖျက်ကြောင်းနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တောင်းပန်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-12-12
ကျပ်သိန်းပေါင်း ၃၀၀၀ ကျော် အကုန်အကျခံကာ ပြန်လည်မွမ်းမံမယ့် စစ်ကိုင်းမြို့ ကောင်းမှုတော် ဘုရားကို အရင်ကအတိုင်း အဖြူရောင်ရှိတဲ့ ထုံးသင်္ကန်း ပြန်လည်ကပ်လှုဖို့ သီတဂူ ဆရာတော် ဦးစီးပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။
2018-12-12
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ကိုယ်တိုင်ကြုံတွေ့ မြင်သိခံစားရသူတွေအနေနဲ့ သက်သေခံထွက်ဆိုပေးဖို့ ရခိုင်ပြည်နယ်အရေး “လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်” က ဖိတ်ခေါ်လိုက်ပါတယ်။
2018-12-12
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကာလတန်ဖိုးငွေကျပ် သန်းပေါင်း ၃၉၀၀ တန်ဖိုးရှိတဲ့ WY စိတ်ကြွ မူးယစ်ဆေးပြား ၁၃ သိန်းကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။