သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-09
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာ အုပ်စုက ကျေးရွာပိုင် စားကျက်မြေနဲ့ ရေနံလက်ယက် တွင်းတူးတဲ့ မြေနေရာ ဧက ၆ဝ ကျော်ကို စီးပွားရေး လုပ်ငန်းရှင်တွေက တရားဝင်မြေ ဂရန်တွေ အမည်ပေါက် လျှောက်ထားကြတဲ့အတွက် ဖြေ ရှင်းဆောင်ရွက်ပေးဖို့ ရွာခံ ၃ဝဝ နီးပါးက လက်မှတ်ရေးထိုး ပြီး ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းထံ စာပေးပို့ တောင်းဆို လိုက်ပါတယ်။
2014-11-09
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို လာမယ့် နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မှာရှိတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) သုခခန်းမမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
2014-11-09
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို မကျင့်သုံးဖို့ ပဲခူးတိုင်းဒေသ ကြီး ပေါင်းတည်မြို့မှာ ဒေသခံ ၁၅ဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-11-09
အမေရိကန်အစိုးရက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ မှု လျော့ချလိုက်ခြင်း ဟာ ပြည်သူလူထုပေါ်မှာ အကျိုး သက်ရောက်မှုမရှိဘဲ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေသာ အကျိုးရှိစေနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဒီကနေ့ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
2014-11-09
KNU ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ ၃ လအတွင်း ပြည်တွင်းပြည်ပရှိ ကရင် အမျိုးသားတွေပါဝင်တဲ့ ကရင်အမျိုးသားညီလာခံတစ်ခု ခေါ် ယူပေးဖို့ နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး IKO က နိုဝင်ဘာလ ၇ ရက်နေ့နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2014-11-09
မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေကို ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေအရ စိစစ်နေ တာကိုလက်မခံကြောင်း အမေရိကန်ပြည်ထောင် စုမှာ နေထိုင် ကြတဲ့ ရိုဟင်ဂျာမွတ်စလင်အဖွဲ့တွေက ဝါရှင် တန်ဒီစီမြို့က သမ္မတအိမ်ဖြူတော်ရှေ့နဲ့ မြန်မာသံရုံးရှေ့မှာ မနေ့က နိုဝင်ဘာလ ၈ ရက်နေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-11-09
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ဟာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံ က အာဆီယံထိပ်သီးညီလာခံနဲ့ အရှေ့အာရှထိပ်သီးညီလာခံတွေကို တက်ရောက်ဖို့ ရှိပြီး မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံဖို့ရှိတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန သတင်း စာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် Syed Akbaruddin က မနေ့က ပြောကြားလိုက်ပါတယ်။
2014-11-08
အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် သေဆုံးခဲ့ရတဲ့အမှုနဲ့ ဆက်နွယ်ပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ခြေမြန် တပ်ရင်း၂၁ဝ၊ ၂ဝ၄၊၂ဝ၈နဲ့ ခြေလျင်တပ်ရင်း ၈၁ က အရာရှိ ၃ဝ ကျော်ကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က စစ်ဆေးမေးမြန်းခဲ့ပါတယ်။
2014-11-08
ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင် မြို့နယ်မှာ ရာဂဏန်းလောက်ရှိမယ့် ဒေ သခံတွေက လက်ရှိလွှတ်တော် မှာ ဆွေးနွေးနေတဲ့ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်ကြောင်း ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-11-08
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ RSO ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ က ဖောက်ခွဲရေးသမား ၄ ဦး ရောက်ရှိနေတယ်ဆိုပြီး သတင်းထွက်ပေါ်နေတာကြောင့် ရဲတပ်ဖွဲ့က အဲဒီ ၄ ဦးရဲ့ ဓါတ်ပုံပါ စာရွက်တွေကို နေရာအတော်များများမှာ ကပ်ထား သလို လုံခြုံရေးတွေ တိုးမြှင့်ထားလိုက်တယ်လို့ သိရပါတယ်။
2014-11-08
မြန်မာနိုင်ငံ နေပြည်တော်မှာ ရှေ့သီတင်း ပတ် ဗုဒ္ဓဟူးနေ့ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတက်ရောက်မယ်လို့ ကုလသမဂ္ဂက သတင်း ထုတ်ပြန်ပါတယ်။
2014-11-08
PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးဖို့ ကြိုးပမ်းနေတာဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ဆန္ဒမဲတွေ ပြန့် သွားအောင်လုပ်ပြီးတော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်မရအောင်လုပ်နေတာလားဆိုပြီး စဉ်းစားစရာဖြစ်လာတယ်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်ပါတယ်။
2014-11-07
မြန်မာနိုင်ငံကို အခုလာမယ့်ရက်ပိုင်း အတွင်း သွားရောက် တဲ့အခါမှာ ဒီမိုကရေ စီရေး ပြုပြင်ပြောင်းလဲ မှုတွေ ဖေါ်ဆောင်ရေး မှာအချိန် ဆွဲနေ တာရပ်ဆိုင်းဖို့ ဦးသိန်းစိန်အစိုးရကို ဖိအားပေးပါလို့ အမေရိကန် အောက် လွှတ်တော်အမတ် ၄၀ ကျော်က အမေရိကန်သမ္မတ Mr Obama ကို မနေ့က စာရေးသား တိုက်တွန်းလိုက်ကြပါတယ်။
2014-11-07
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီလကစပြီး ၅ လအတွင်း အပြီးကောက်ယူသွား မှာဖြစ်တယ်လို့ သိရပါတယ်။
2014-11-07
ဧရာဝတီတိုင်းက စိုက်ပျိုး စရိတ်ချေးငွေ ပြန်မဆပ်နိုင်တဲ့ လယ်သမား တစ်သောင်းငါးထောင်လောက်ကို မြေနဲ့အခွန်တော် ဥပဒေ အရ တရားစွဲဆိုဖို့ ပြင်ဆင်နေကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ဒီနေ့ ပြောပါတယ်။