သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-10
ပြီးခဲ့တဲ့နှစ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိုးနှံပေးခဲ့တဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး မထိုးလိုက်ရတဲ့ ကလေး ၁ သန်းကျော်အတွက် ဒီဧပြီလကနေ လာမယ့် ဇူလိုင်လအထိ ဒုတိယအကြိမ်အနေနဲ့ တစ်နိုင်ငံလုံးမှာ ထပ်မံထိုးနှံပေးသွားမှာဖြစ်တယ်လို့ ကျန်းမာရေဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
2018-04-10
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ (၇) နဲ့ ဆက်လက်တရားရင်ဆိုင်နေရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးက မတရားဖမ်းဆီးတရားစွဲခံရမှုတွေ အတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ တိုင်ကြားစာပို့ထားပြီး ဒီကာလအတွင်း တရားရုံးသပိတ်မှောက်မှုကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။
2018-04-10
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း ကို တာဝန်ကနေ ရပ်စဲဖို့ တင်ပြချက်တွေနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ရခိုင်ပြည်နယ်လွှတ်တော်က မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
2018-04-10
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသားတစ်ယောက်ချင်းစီမှာ တာဝန်သိစိတ်နဲ့ ပြည့်ဝစေချင်တယ်လို့ ဒီနေ့ ပြောကြားခဲ့ပါတယ်။
2018-04-09
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးခဲ့ကြသူ ဒုက္ခသည် ပြဿနာ ဖြေရှင်းရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကူအညီတွေ အပြည့်အ၀ တိုးမြှင့်ပေးမယ်လို့ အိန္ဒိယ အစိုးရက ပြောပါတယ်။
2018-04-09
အမေရိကန်ပြည်ထောင်စုကို သွားရောက် ပညာသင်ယူကြသူ မြန်မာ အပါအဝင် နိုင်ငံရပ်ခြား စာသင်သားတွေကို သမ္မတ ထရမ့် အစိုးရက ပြည်ဝင်ခွင့် ဗီဇာကြေး တိုးမြှင့်လိုက်တဲ့ အတွက် ကျောင်းသူ၊ ကျောင်းသားတွေ အခက်တွေ့နေကြရတယ်လို့ ဟောင်ကောင်အခြေစိုက် Coconuts Media က ဖေါ်ပြပါတယ်။
2018-04-09
အစိုးရတပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် ကရင်ပြည်နယ် ဖာပွန်ခရိုင်က ဒေသအရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ့ MEAT ရဲ့ အဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပါတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
2018-04-09
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရောင်းချပေးမယ့် တန်ဖိုးနည်းတိုက်ခန်း အရေအတွက်ထက် ဝယ်ယူဖို့လျှောက်ထားသူ အရေအတွက်ဟာ အဆ ၂၀ လောက် များနေတယ်လို့ ပြည်သူ့ အိမ်ရာကော်မတီ အဖွဲ့ဝင်တွေက ပြောပါတယ်။
2018-04-09
ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က လမ်းဖောက်လုပ်ဖို့နဲ့ ဝန်ထမ်းအိမ်ယာတည်ဆောက်ဖို့ သိမ်းဆည်းခဲ့တဲ့ နေပြည်တော်ကောင်စီအတွင်းက လယ်ယာမြေဧက ၅၀ နီးပါး အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီက လျော်ကြေးငွေစုစုပေါင်း ၅၀၀ ကျော်ကို ဒီနေ့ တောင်သူတွေထံ ပေးအပ်ခဲ့ပါတယ်။
2018-04-09
ဒီဧပြီလကနေ စက်တင်ဘာလအထိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွက် ပြည်ထောင်စုအစိုးရက ချပေးထားတဲ့ ဘဏ္ဍာငွေ ကျပ် ၇၀ ဘီလီယံထဲက ၆ ဘီလီယံကျော်ကို ဖြတ်တောက်ဖို့ ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
2018-04-08
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရေးအတွက် မြန်မာ ဘက်က လုံလုံလောက်လောက် အဆင်သင့် မဖြစ်သေးဘူးလို့ မြန်မာနိုင်ငံကို ၆ ရက်ကြာရောက် ရှိခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်၊ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး မစ္စ Ursula Mueller က မနေ့က ပြောပါတယ်။
2018-04-08
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှာ ကြိုးတံတား ကျိုးကျပြီးနောက်ပိုင်း မြစ်ကူးဖို့အတွက် ဇက်သင်္ဘော ၂ စီးနဲ့ ကူးတို့စက်လှေတွေကိုသာ အသုံးပြုနေရတာကြောင့် အခက်အခဲတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2018-04-08
အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက မပြေလည်မှုတွေ ကို ဖြေရှင်းနိုင်ဖို့အတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့ကို NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ဖွဲ့စည်းလိုက်ပါတယ်။
2018-04-08
အစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်တွေဟာ လာမယ့်ဧပြီလ ၂၄ ရက်နေ့လောက်မှာ ကယားပြည်နယ် လွိုင်ကော်မြို့မှာ တရားဝင်တွေ့ဆုံသွားမှာဖြစ်ပြီး အဲဒီတေ့ွဆုံပွဲကနေ NCA မှာ လက်မှတ်ထိုးရေးအတွက် အဖြေတစ်ခုထွက်ဖို့ရှိတယ်လို့ KNPP လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံက ဒီနေ့ ပြောပါတယ်။
2018-04-08
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်က မန်လွယ်၊ အုံမုနဲ့ ထန်စန့် ကျေးရွာတွေက နေရပ်ပြန်လိုတဲ့ ဒေသခံတွေကို RCSS က နေရပ်မပြန်ဖို့ တားမြစ်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပေမယ့် RCSS ကတော့ တားမြစ်တာ မဟုတ်ဘဲ မိုင်းအန္တရာယ် သတိပေးခြင်းသာဖြစ်တယ်လို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ခေါင်းဆောင်တွေက ဒီနေ့ ပြောပါတယ်။