သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-10
မြန်မာနိုင်ငံ အနုပညာလောကမှာ ထင်ရှားတဲ့ ပန်းချီဆရာကြီး ဦးခင်မောင်ရင် ဟာ ဇွန်လ (၁၀) ရက်၊ အင်္ဂါနေ့က ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ လည်ချောင်း ကင်ဆာရောဂါနဲ့ အသက် (၇၆) နှစ်မှာ ကွယ်လွန်ခဲ့တာပါ။
2014-06-10
ရခိုင်ပြည်နယ်မှာ ဘာသာလူမျိုးဆိုင်ရာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ တာ နှစ်နှစ်ရှိပြီဖြစ်ပေမဲ့၊ ထောင်နဲ့ချီ တဲ့ မွတ်စလင်တွေ အလုံးအရင်းနဲ့ တိုင်းပြည် ကနေ ထွက်ခွာနေကြဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အင်္ဂါနေ့က ပြော ပါတယ်။
2014-06-10
ပြစ်မှုပြစ်ဒဏ်ပိုင်းကို လျှော့ပေါ့ထားတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်တို့က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2014-06-10
ယူကရိန်းနိုင်ငံက ထုတ်လုပ်တဲ့ ကမ္ဘာကျော် BTR-3U အမျိုးအစား သံချပ်ကာကားတွေ ကို မြန်မာနိုင်ငံမှာ အခုအခါ တပ်ဆင်ထုတ်လုပ်နေပြီလို့ နိုင်ငံတကာ ကာကွယ်ရေးကဏ္ဍ သတင်းတွေတင်ပြတဲ့ Army Recognition အင်တာနက်စာမျက်နှာက ရေး သားဖေါ်ပြထားပါတယ်။
2014-06-10
တိုင်းရင်းသားပါတီ ၂၀လောက်နဲ့ စုဖွဲ့ထား တဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က လာမယ့် ရွေးကောက် ပွဲတွေမှာ PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ လက်မခံကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
2014-06-10
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲက ကျောက်စိမ်းမှော်လုပ်ကွက်တွေမှာ တစ်နိုင်တစ်ပိုင် ရေမဆေးကျောက် ရှာဖွေတူးဖော်လုပ် ကိုင်နေသူတွေအားလုံး လာမယ့် မေလ ၁၃ ရက်နေ့ နောက် ဆုံးထားပြီး နေရပ်ပြန်ကြဖို့ ဖားကန့်ဒေသ တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးကော်မတီက ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
2014-06-10
အစိုးရရဲ့ လုပ်ထုံးလုပ်နည်း ကန့်သတ် ချက်တွေကြောင့် အစိုးရနဲ့ နိုင်ငံရေး အကျဉ်းသား လွှတ်မြောက်ရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီရဲ့ လုပ်ငန်းစဉ်နဲ့ လုပ်ငန်းထိရောက်မှုတွေ နှောင့်နှေးနေ ရတယ်လို့ ထိုင်းမြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ AAPP က ထုတ်ဖော်ပြော ကြားလိုက်ပါတယ်။
2014-06-10
ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ဗန်း စက်မှုဇုန်မှာရှိတဲ့ လိကျန် ဖိနပ်စက်ရုံက အလုပ်သမား ၈၀၀ လောက်ဟာ အခြေ ခံလစာကို တိတိကျကျ သတ်မှတ်ပေးဖို့ ဒီနေ့ သုံး ရက်မြောက်နေ့ အဖြစ် ဆန္ဒပြတောင်းဆိုနေကြပါတယ်။
2014-06-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ နီပေါနိုင်ငံဝန်ကြီးချုပ် Mr. Sushil Koirala ရဲ့ ဖိတ်ကြားချက်နဲ့ လာမယ့် ဇွန်လ ၁၃ ရက်နေ့မှာ နီပေါနိုင်ငံကို သွားရောက်မယ်လို့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2014-06-09
အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ တိုင်းရင်းသားတွေ ပျောက်ဆုံးတာတွေ၊ တပ်သားက ကျူးလွန်တဲ့အမှုကို တိုင်တန်းတဲ့အခါ တပ်ပြေးဖြစ်တယ်ဆိုပြီး အရေးမယူတာတွေကို အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က မနေ့က တိုက်တွန်း လိုက်ပါတယ်။
2014-06-09
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ် ပွားတဲ့ သုံးနှစ်ပြည့်တဲ့နေ့မှာ အမေရိကန်ပြည်ထောင်စုရောက် ကချင်တိုင်းရင်းသားတွေက သက်ဆိုင်ရာပြည်နယ်တွေ လွှတ်တော်အမတ် ၂၉ ဦးကို အမေရိကန်နဲ့ မြန်မာ စစ်ရေးဆက်ဆံရေးအတွက် သတ်မှတ် ထားတဲ့ အထက်လွှတ်တော်မူကြမ်း အမှတ် ၁၈၈၅ ကို လွှတ်တော်ကျင်းပတဲ့အခါ ဥပဒေအဖြစ်ပြဌာန်း နိုင်အောင် ထောက်ခံပေးဖို့ မနေ့က တိုက်တွန်းလိုက် ပါတယ်။
2014-06-09
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်တွေ ဟာ ပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စား မပြုဘူးဆိုရင် အများဆန္ဒနဲ့ ဖြုတ်ချလို့ရကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် တစ် ဦးဖြစ်သူ ကိုဌေးကြွယ်က ဒီနေ့ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်း ပုံ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ပြောပါတယ်။
2014-06-09
မြန်မာနိုင်ငံမှာ အိမ်ယာမြေဈေးနှုန်းတွေ ဈေး ကြီးနေတာကို ထိန်းညှိဆောင်ရွက်ပေးဖို့ ရှိ မရှိ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေး ခွန်းမေးမြန်းရာမှာ ပြည်နယ် နဲ့ တိုင်းဒေသကြီးအလိုက် အိမ်ယာမြေ ပိုင်ဆိုင်မှုအခွန် ကောက်ခံနိုင်ဖို့ လိုအပ်ရင် ဥပဒေပြဌာန်းသွားနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီး ဦးစိုးမောင်က ပြန်လည်ဖြေကြားခဲ့ ပါတယ်။
2014-06-09
နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ အချိုးကျကိုယ်စားပြုစနစ် ခေါ် PR စနစ်ကို ကျင့်သုံး သင့် မသင့် ဒီနေ့ အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေးခဲ့ပါတယ်။
2014-06-09
ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကေအိုင်အေ တပ်တွေအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ် ပွားခဲ့တဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် မြစ်ကြီးနားမြို့နယ် နောင်နန်းခရစ်ယာန် ကျမ်းစာ သင်ကျောင်းမှာ ဒေသခံ ခြောက်ထောင်လောက်က ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဒီနေ့ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။