သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-10
ရမည်းသင်းအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၃ နှစ်ကျခံနေရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်အမှု ကိုမန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံဝင်ခဲ့ ရာမှာ မနေ့က ပယ်ချခံလိုက်ရပါတယ်။
2014-12-10
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ပါတီက ရှမ်းပြည်နယ်အတွင်း မှာရှိတဲ့ မြို့နယ်အားလုံးနဲ့ ကချင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ ကယားပြည်နယ်တွေက မဲဆန္ဒနယ်မြေတွေမှာပါ ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ကျားခေါင်းပါတီက ပြောပါတယ်။
2014-12-10
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက် ခံရမှုအများဆုံးဟာ လယ်ယာမြေသိမ်း ဆည်း ခံရတဲ့ တောင်သူလယ်သမားတွေ ဖြစ်တယ် လို့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) ကဒီနေ့ကျရောက်တဲ့ ၆၆ နှစ်မြောက် နိုင်ငံတကာ လူ့အခွင့် အရေးနေ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
2014-12-10
ပြည်ထောင်စုလွှတ်တော်က အတည်ပြု ထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် ၆ ပွင့်ဆိုင်တွေ့ဆုံရေး အစား ၁၂ ပွင့် ဆိုင်ဆွေးနွေးပွဲဆိုပြီး တိုးချဲ့စီစဉ်ဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2014-12-09
မလေးရှားနိုင်ငံ၊ ပီနန်မြို့မှာ နောက်ဆုံးဖြစ် ပွားခဲ့တဲ့ မြန်မာတစ်ဦးအသတ်ခံရတဲ့အမှု ဟာ မကြာခင်က ဖမ်းဆီးမိ ခဲ့တဲ့ ၁၇ ဦးပါဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ ယုံကြည်ရကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောပါတယ်။
2014-12-09
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ တရားစွဲဆိုခံနေရသူ မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်နှစ်ဦးရဲ့ အမှုကိုစစ်ဆေးနေတဲ့ ကော့စမွီခရိုင် တရားရုံးက နောက်တစ်ကြိမ် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကို ချိန်းဆိုလိုက်တာဟာ ရှေ့ကိုနှစ်လစောပြီး သတ်မှတ်လိုက်တာဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် နေးရှင်း သတင်းစာက ဖော်ပြပါတယ်။
2014-12-09
ရှမ်းပြည်တောင်ပိုင်း ကလောမြို့ နယ် ဘော်ဆိုင်းသတ္တုတွင်းဒေသ ရေဖြူ ကန်ကျေးရွာမှာ "ကောင်းသောအင်အား ကြယ်ကုမ္ပဏီ" ကပိုင်တဲ့ ခဲမဖြူသတ္တု သန့်စင်စက်ရုံကို ၅ ရက်အတွင်း ပြောင်းရွှေ့ပေးဖို့ ရွာသားတွေနဲ့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က စက်ရုံကို တောင်းဆိုလိုက်ပါတယ်။
2014-12-09
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ အစိုးရထံ တိုက်တွန်းထားတဲ့အပေါ် ၁၂ ပွင့်ဆိုင်အဖြစ် ပြောင်းလဲပေးဖိ့ု ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒီနေ့ အဆိုတင်သွင်း လိုက်ပါတယ်။
2014-12-09
ပအိုဝ်းတိုင်းရင်းသားတွေအနေနဲ့ ဘိန်းစိုက် ပျိုးခြင်းမပြုကြဖို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO နာယက ဦးအောင်ခမ်းထီက တိုက် တွန်းလိုက်ပါတယ်။
2014-12-09
နာဂရိုးရာယဉ်ကျေးမှုပွဲတော်တွေကို နိုင်ငံတော်အစိုးရက တိုက်ရိုက်လွှမ်းမိုး ချုပ်ကိုင်ထားတာကို ရပ်တန့်ပေးဖို့ နာဂအမျိုးသားညီလာခံ ကျင်းပရေးဦးစီးကော်မတီ က တောင်းဆိုလိုက်ပါတယ်။
2014-12-09
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ နယ် ကျေးရွာ ၆ ရွာမှာ စက်မှုဝန်ကြီး ဌာနက သိမ်းယူထားတဲ့ လယ်ယာမြေဧက တစ်ထောင်ကျော်ကို ပြန်ပေးဖို့အတွက် လယ်သမား ၂၀၀ လောက်က စစ်ကိုင်းမြို့နယ် အောင်ချမ်းသာကျေးရွာမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2014-12-09
၂ဝ၁၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနဲ့ စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၇ ရက် တနင်္ဂနွေနေ့က ရန်ကုန်မြို့ မြို့မကျောင်း လမ်းရှိ အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ရာမှာ ၂ဝ၁၃ ခုနှစ် အတွက် အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဆရာကြီး စည်သူ ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)နဲ့ ဆရာကြီး ဦးမြင့်ကြည် (တက္ကသိုလ် မြတ်စိုး) တို့ကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဆုကြေးငွေ ၂၅ သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
2014-12-09
နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိ ခိုက်စေမှုနဲ့ တရားစွဲခံထားရတဲ့ မြန်မာ သံတော်ဆင့် သတင်းဂျာနယ်က ထုတ်ေ၀ သူနဲ့ အယ်ဒီတာချုပ် အပါအဝင် ၁၁ ဦးအမှု ကို နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒီနေ့ စစ်ဆေးရာ တရားလိုဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ရုံးအဖဲ့ွမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး လာရောက်ထွက်ဆိုသွားခဲ့ကြောင်း သိရပါတယ်။
2014-12-08
မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ အားကောင်းမောင်း သန်ဖြစ်လာဖို့အတွက် လာမယ့် ၇ နှစ် အတွင်း အမေရိကန်ဒေါ်လာ သန်း ၉ဝဝ ကူညီသွားမယ်လို့ ဥရောပသမဂ္ဂ EU က မနေ့က ကြေညာခဲ့ပါတယ်။
2014-12-08
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏ သီရိမြို့နယ် ကုလားကြီးကုန်းကျေးရွာ က ဒေသခံတောင်သူ ၃၁ ဦးကို ကျူးကျော်နေထိုင်သူတွေ အဖြစ် စည်ပင်သာ ယာရေး ဥပဒေပုဒ်မ ၂၆ နဲ့ တရားစွဲ ဆိုထားပြီး တောင်သူ ၈ ဦးကို ဇမ္ဗူသီရိမြို့နယ် စည်ပင် သာယာရေးတရားရုံးမှာ ဒီနေ့ ရုံးတင်စစ်ဆေးခဲ့ပါတယ်။