သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-05
မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြိုနယ်ခွဲ မကျည်းကျောင်း ဝကျေးရွာမှာ ဒေသခံ နှစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ခလရ ၂၈၀ က ဗိုလ်ကြီး ဇော်မျိုးထက်ကို စစ်ဖက်ဆိုင်ရာ ခုံရုံးထံ လွဲှပြောင်းပေးလိုက်ကြောင်း ရေးမြို့နယ် ရဲမှူး ဦးမြင့်သော် က ပြောပါတယ်။
2016-04-05
သာယာဝတီခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ် တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံ သူတွေကို အားပေးတဲ့ အနေ နဲ့ တောင်ငူ ခရိုင် ဗကသ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထား တဲ့ ကေတုအိုးေ၀ သံချပ်အဖွဲ့က သြင်္ကန်သံချပ်တွေ နဲ့ ဖျော်ဖြေခဲ့ကြပါတယ်။
2016-04-05
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ရခိုင်အမျိုး သားပါတီ ANP ကိုယ်စားလှယ်တစ်ဦး၊ NLD ကိုယ်စားလှယ် ၁ ဦး၊ ပညာရှင် ၃ ဦးနဲ့ ဖွဲ့ စည်းမှာဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု က လွှတ်တော်ဥက္ကဌ ထံ တင်သွင်းထားကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။
2016-04-05
ပဲခူးတိုင်းဝန်ကြီးချုပ် အဆိုပြုထားတဲ့ ဥပဒေ ချုပ်နဲ့ စာရင်းစစ်ချုပ်တို့ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အရည်အချင်းတွေနဲ့ မကိုက်ညီ တာကြောင့် နောက်ထပ် ၂ ဦးကို ထပ်မံအဆိုပြု မှာဖြစ်ကြောင်း တိုင်းလွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက် ပါတယ်။
2016-04-05
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ ၃ ရက်ကြာ ညီလာခံကနေ ဦးခွန်ထွန်းဦးကို ဥက္ကဌအဖြစ်နဲ့ ဦးစိုင်းညွန့် လွင်ကို အထွေထွေအတွင်းရေးမှူး အဖြစ် ပြန်လည်ရွေးချယ် လိုက်ပါတယ်။
2016-04-05
အရင်အစိုးရလက်ထက်တုန်းကလို ရန်ကုန် တိုင်းဒေသကြီးအတွင်းက ကျူးကျော်တွေကို အင်အားသုံးဖယ်ရှားတာတွေမလုပ် ဘဲ ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ အစိုးရ သစ်ထံ လှိုင်သာယာမြို့နယ် ရွှေသံလွင်ရပ်ကွက်က ကျူးကျော်နေထိုင် သူတွေက မေတ္တာရပ်ခံလိုက်ပါတယ်။
2016-04-05
NLD အစိုးရသစ်ဟာ တာဝန်ယူတာ တစ်ပတ်ကြာမြင့်တဲ့အချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ လာရောက်ဂုဏ်ပြုတဲ့အတွက် ကျေးဇူးတင် ရှိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည် က ပြောပါတယ်။
2016-04-05
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်မယ့် ဥပဒေကြမ်းကို ဆွေးနွေး ရာမှာ တပ်မတော်သားကိုယ်စားလှယ် အားလုံးက မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြပေမယ့် ထောက်ခံသူ များတာကြောင့် ဥပဒေကို အတည်ပြုလိုက်ပါတယ်။
2016-04-05
မွန်ပြည်နယ်လွှတ်တော်မှာ လစ်လပ်သွား တဲ့ လွှတ်တော်ဒုတိယဥက္ကဌ တာဝန် အတွက် အစားထိုးခန့်အပ်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ရာမှာ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီက ပြည်နယ်ကိုယ်စားလှယ် ဒေါက် တာ အောင်နိုင်ဦးက မဲအများဆုံးရပြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဖြစ်သွားပါတယ်။
2016-04-04
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း က ဖြစ်ပွားခဲ့တဲ့ သတင်းထောက်တစ်ဦး ကို စစ်တပ်က ထိန်းသိမ်းထားစဉ် အတွင်း ပစ်သတ်ခံခဲ့ရတဲ့အမှု ကို ချောင်ထိုး မထားဖို့ IPT ခေါ် နိုင်ငံတကာ သတင်းမီဒီယာ အဖွဲ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2016-04-04
မြန်မာနိုင်ငံရဲ့ နှစ်ငါးဆယ်ကျော်အတွင်း ပထမအကြိမ်ပေါ်ပေါက်လာခဲ့တဲ့ အရပ် သားအစိုးရသစ်မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရတဲ့ ဦးထင်ကျော်ကို ချီးကျူးဂုဏ်ပြုကြောင်း အဝေးရောက် တိဘက်လွှတ်တော်က စနေနေ့ နေ့စွဲနဲ့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
2016-04-04
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင် ၂၀ လောက်က ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံအနီးမှာ ဒီနေ့ ဆုတောင်းပွဲ ကျင်းပကြပါတယ်။
2016-04-04
ရန်ကုန်မြို့မှာ ဒီနှစ်မဏ္ဍပ်အရေအတွက် ကန့်သတ်ခွင့်ပြုထားတာကို အနုပညာ ရှင်တွေအနေနဲ့ နားလည်မူရှိရှိ ပူးပေါင်း ပါဝင်ပေးကြဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း တိုက်တွန်းပြောကြားပါတယ်။
2016-04-04
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ပြင်ဆင်ချက် တင်သွင်းနိုင်ဖို့ အချိန်တိုးပေးသင့်ကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီရင် ထောက်ခံမှာဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ချုပ်မောင်မောင် က ဒီနေ့ ဆွေးနွေးပါတယ်။
2016-04-04
ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ က နေပြည်တော်ကောင်စီ ဥက္ကဌ အဖြစ် တာဝန်လွဲှပြောင်းယူခဲ့တဲ့ ဒေါက်တာ မျိုးအောင် က နေပြည်တော်ကောင်စီရုံးမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ဒီနေ့ ၃ နာရီကျော်ကြာ တွေ့ဆုံခဲ့ပါတယ်။