သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-09
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဖောင်းဝင်းချောင်းကျေးရွာအနီးမှာ အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံရွာသား ၄၀ ကျော်ဟာ အထက်သင်ပုန်းတန်းကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
2018-12-08
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမှာ မနေ့ညက တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တပ်ဖွဲ့ဝင်တွေ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2018-12-08
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ၁ နာရီ ထပ်တိုးထုတ်လိုက်ပါတယ်။
2018-12-08
ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေးအတွက် ဆန္ဒပြတဲ့သူ ၃ ဦးကို ထောင်ဒဏ်ချမှတ်လိုက်တာကို မကျေနပ်တာကြောင့် တရားရုံးကနေ မနောကွင်းထိ လမ်းလျှောက် ဆန္ဒပြသူထဲက လူငယ် ၃ ဦးကို ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုလိုက်ပါတယ်။
2018-12-08
တနင်္သာရီတိုင်း ကမ်းရိုးတန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့တဲ့ မွတ်စလင် ဒုက္ခသည် ၃၈ ဦးကို တပ်မတော်ရေယာဉ်နဲ့ ပြန်လည်ပို့ဆောင်ခဲ့ရာမှာ စစ်တွေမြို့၊ သဲချောင်းကျေးရွာကို မနေ့ညနေက ပြန်လည်ရောက်ရှိသွားတယ်လို့ သိရပါတယ်။
2018-12-08
ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရဲ့ အမှု အယူခံကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ စတင်ကြားနားမယ်လို့ တိုင်းတရားလွှတ်တော်က ကြိုတင် အသိပေးစာရင်းအရ သိရပါတယ်။
2018-12-07
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရစစ်တပ်နဲ့ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့တွေ မနေ့က မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပါတယ်။
2018-12-07
ပြီးခဲ့တဲ့ ၄ နှစ်အတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ အီရတ်နိုင်ငံက ယာဇီဒီ လူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေရှိခဲ့ပြီး အဲဒီနှစ်ခုစလုံးမှာ ကျား၊ မ ခွဲခြား အကြမ်းဖက်မှုတွေရှိခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုဗဟိုအဖွဲ့ (GJC) က သုံးသပ်ချက်တစောင် မနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
2018-12-07
ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်းပိတ်မိနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကယ်ထုတ်ပေးဖို့် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ဧပြီလကုန်က ဦးဆောင်ဆန္ဒပြခဲ့သူ ၃ ဦးကို ထောင်ဒဏ်ချမှတ်လိုက်တဲ့ အပေါ် AI လို့ ခေါ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ဥရောပသမဂ္ဂနဲ့ ရန်ကုန်အခြေစိုက် ဆွီဒင်သံရုံးတို့က ရှုတ်ချလိုက်ပြီး တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ချက်ချင်းပြင်ဆင်သုံးသပ်ဖို့ ဒီဇင်ဘာ ၇ ရက် မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2018-12-07
အမျိုးသမီးပေါင်း ထောင်သောင်းချီပြီး တရုတ်ပြည်မှာ ရောင်းစားခံနေရတဲ့ဖြစ်ရပ်ဆိုးတွေကနေ ကာကွယ်နိုင်အောင် ကချင်နဲ့ ရှမ်းပြည်နယ်က စစ်ပွဲတွေရပ်ဖို့ အမေရိကန် သုတေသီတွေက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
2018-12-07
ကျောင်းလုံခြုံရေး ချပေးဖို့၊ ပျက်စီးနေတဲ့ သန့်စင်ခန်းများပြုပြင်ပေးဖို့နဲ့ သန့်ရှင်းရေးဝန်ထမ်း တိုးမြှင့်ချထားဖို့အတွက် ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ရတနာပုံတက္ကသိုလ် ဗကသများအဖွဲ့က တွေ့ခွင့်ပေးဖို့ တောင်းဆိုထားပေ မယ့် တိုင်းအစိုးရက လျစ်လျူရှုနေတာကြောင့် ဝန်ကြီးချုပ် အလိုရှိကြောင်း ပို့စတာတွေကပ်ပြီး ဒီနေ့ မန္တလေး ရတနာပုံ တက္ကသိုလ်မှာ ဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။
2018-12-07
ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဧပြီလကုန်က ဆန္ဒပြခဲ့ရာမှာ ဦးဆောင်သူ ၃ ဦးကို မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်း ဒီနေ့ အမိန့်ချလိုက်ပါတယ်။
2018-12-07
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင် ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ပြောကြားခဲ့တဲ့အပေါ် အစိုးရ အကြီးအကဲတွေက ခေါ်ယူတွေ့ဆုံ သတိပေးခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2018-12-07
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေ နည်းဥပဒေတွေကို ခေတ်နဲ့အညီ ပြန်လည်ပြင်ဆင် ရေးဆွဲပြဌာန်းနိုင်ဖို့အတွက် မြို့နေပြည်သူတွေရဲ့ သဘောထားသိနိုင်ဖို့ ပြည်သူ့အသံကြားနာပွဲကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ကစပြီး ၃ ရက်တာ ကျင်းပနေပါတယ်။
2018-12-07
တောရိုင်းတိရစ္ဆာန်တွေ မျိုးတုံးခြင်းမှကာကွယ်ရန်နဲ့ ဆင်အပါအဝင် အခြားသော တောရိုင်း တိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေ ရောင်းဝယ်ဖောက်ကားနေတာတွေကို ထိရောက်စွာ အရေးမှုတွေပြုလုပ်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။