သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-11
လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2023-12-11
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ မိသားစုထံ လစာငွေပြန်ပို့ပြီး စစ်ကောင်စီကို အခွန်ဆောင်ရမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က တိုက်တွန်းပြောဆိုခဲ့ကြောင်း ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေသူတွေက ပြောပါတယ်။
2023-12-11
နမ့်ဆန်မြို့နယ်ထဲ TNLA တပ်ဖွဲ့ ရဲစခန်းနဲ့ စစ်ကောင်စီ တပ်စခန်းတွေအနီးမှာ တိုက်ပွဲပြင်းထန်နေပါတယ်။
2023-12-11
ကလေးမြို့မှာ မော်တော်ဆိုင်ကယ် မောင်းလာသူနှစ်ဦး မိုင်းနင်းမိခဲ့တာကြောင့် ဆိုင်ကယ်မောင်းနှင်တဲ့ အမျိုးသားဒဏ်ရာရခဲ့ပြီး အနောက်ကနေ လိုက်ပါလာတဲ့ အမျိုးသမီး သေဆုံးခဲ့ပါတယ်။
2023-12-11
မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် လေတပ်ဆွယ် (မှော်ဘီ) အနီးမှာရှိတဲ့ ကျေးရွာအုပ်စုငါးစုကို မြို့နယ်စစ်ကောင်စီအဖွဲ့က ရက်ကိုးဆယ်အတွင်း ဖယ်ရှားခိုင်းထားပါတယ်။
2023-12-11
မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်ထိန်းချုပ်မှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချတယ်လို့ ဩစတြေးလျအစိုးရက ပြောပါတယ်။
2023-12-11
သီန္နိမြို့ပေါ်မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်ဆယ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
2023-12-11
အမေရိကန်ဒေါ်လာ သတ်မှတ်ချက်ပြောင်းလဲမှုကို အခွင့်ကောင်းယူပြီး ပြည်တွင်းဆန်စပါးစျေးကွက်ပျက်အောင် ဆန်စျေးနှုန်းကို တင်မရောင်းဘဲ သင့်တင့်မျှတတဲ့ စျေးနှုန်းအတိုင်းရောင်းချပေးဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က ထုတ်ပြန်လိုက်ပါတယ်။
2023-12-11
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-10
စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်အဖြစ် ကျရောက်နေသူတွေအနေနဲ့လည်း အဲဒီက ရုန်းထွက်ပြီး လူထုနဲ့ပူးပေါင်းဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
2023-12-10
ရိုဟင်ဂျာ ဒုက္ခသည် ၁၈၀ ပါတဲ့ လှေတစ်စီးဟာ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်မှာ အာချေးပြည်နယ်က ကမ်းခြေကို ရောက်သွားခဲ့တာပါ။
2023-12-10
"မြန်မာစစ်သားတွေ နောက်ထပ်ကျည်တစ်တောင့် ထပ်မပစ်တော့ရုံနဲ့ မြန်မာပြည်သူတွေအတွက် တံခါးအသစ်တစ်ချပ်ဖွင့်ပေးနိုင်ပါလိမ့်မယ်" လို့ တီမောသမ္မတက ဆိုပါတယ်။
2023-12-10
လွိုင်ကော်မြို့က ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပါတယ်။
2023-12-10
ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၁) နယ်မြေထဲက စစ်ကောင်စီရဲ့ စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးလုပ်ငန်းနဲ့ အမိန့်ပေးမှုအောက်ကနေ စွန့်ခွာပြီး ပြည်သူနဲ့ ပူးပေါင်းကြဖို့ (KNU) ဗဟိုက တိုက်တွန်းထုတ်ပြန်ပါတယ်။
2023-12-10
ပြည်သူတွေကို လူ့အခွင့်အရေးအရ အကာအကွယ်ပေးနိုင်မယ့် အခြေအနေ မကြာခင် ဖြစ်လာတော့မယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။