သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-01
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း တစ်နိုင်ငံ လုံးမှာ စစ်ဆေးခဲ့တဲ့ ၄ တန်း နဲ့ ၈ တန်း အစိုးရစစ် အတန်းတင်စာမေးပွဲ မေး ခွန်းတွေ မကွေးတိုင်းဒေသကြီးမှာ ကြိုတင်ပေါက်ကြားခဲ့တာ နဲ့ပတ်သက်တဲ့ အရေးကြီးအဆိုအပေါ် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်မှာ ဒီကနေ့ ပြန်လည်ဖြေကြားဖို့ ပျက်ကွက်ခဲ့တာကြောင့် ကိုယ်စားလှယ် ၃ ဦး ဆွေးနွေးပြီးနောက် အတည်ပြုလိုက် ပါတယ်။
2016-03-01
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟိုပုန်ကျေးရွာမှာရှိတဲ့ မြေမြုှပ်မိုင်းတွေကို ဖယ်ရှားပေးဖို့နဲ့ အစိုးရတပ်မတော် တပ်မ ၁၁ က ဖမ်းဆီးထားတဲ့ သိန်းနီမြို့နယ် ပန်ဟတ်ကျေးရွာသား ၄ ယောက်ကို ပြန်လွှတ်ပေးဖို့ ဒီနေ့ ရန်ကုန်မြို့ ဒိုင်းမွန်းကွန် ဒိုမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတွေနဲ့ ကချင်အမျိုးသားလုံးဆိုင်ရာ ကွန်ရက်က တောင်းဆိုလိုက် ပါတယ်။
2016-03-01
အန်အယ်လ်ဒီပါတီရဲ့လွှတ်တော်ကိုယ်စား လှယ်အားလုံး ရရှိတဲ့ လစာငွေထဲက ပါတီရန်ပုံငွေအဖြစ် လစဉ်ထည့်ဝင်ဖို့ အန်အယ်လ်ဒီ ပါတီဌာနချုပ်က ညွှန်ကြားလိုက်ပါတယ်။
2016-03-01
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ရပ်ကွက် ၃ခုမှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။
2016-03-01
ရှမ်းပြည်မြောက်ပိုင်းဖက်မှာ ဒီရက်ပိုင်း အတွင်း မြန်မာ့တပ်မတော်က အင်အားတွေ တိုးချဲ့လာပြီး ထိုးစစ်အရှိန်မြှင့် တင်လာတာ ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဟန့်တားရာ ရောက်တဲ့အတွက် ကန့်ကွက်ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
2016-03-01
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတဖြစ် ကို ဖြစ်ရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြော လိုက်ပါတယ်။