သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-10
ပြင်ဦးလွင်မြို့အနီးက မြေလွတ်မြေရိုင်းတွေကို ကော်ဖီနဲ့နှစ်ရှည်ပင်တွေ စိုက်ပျိုးဖို့အတွက်ဆိုပြီး အစိုးရက စီးပွားရေးလုပ်ငန်းရှင်တွေကို ချထားပေးခဲ့ပေမဲ့ အမှန်တကယ် အကောင် အထည်ဖော်ဆောင်မှုမရှိဘဲ အကွက်ရိုက်ရောင်းချတွေလုပ်နေတယ်လို့ ပြင်ဦးလွင်မြို့က မြေသိမ်း ခံတောင်သူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2018-08-10
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ နဲ့ အောင်မြင်အောင် ရှေ့ဆက်ဆောင်ရွက်မယ့် အခြေအနေတွေကို ကမ္ဘာနိုင်ငံတွေ သိရှိနိုင်အောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က စင်ကာပူနိုင်ငံက Singapore Lecture မှာ မိန့်ခွန်းပြောကြားသွား မှာဖြစ်ပါတယ်။
2018-08-10
လူထုအခြေပြု ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းဖို့နဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို လေးစား လိုက်နာဖို့ အစိုးရက ဆောင်ရွက်ပြီး နေရပ်စွန့်ခွာသူတွေကို နိုင်ငံတကာက ဆက်လက် ကူညီထောက်ပံ့ဖို့ သံလွင်ငြိမ်းချမ်းရေးကော်မတီနဲ့ KESAN ကရင်သဘာဝပတ်ဝန်းကျင်နဲ့ လူမှုလှုပ်ရှားမှုကွန်ရက်အဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2018-08-09
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ခေတ် ဟာ ပြည်သူတွေ ရွေးချယ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေတဲ့ ခေတ်ဖြစ်တဲ့အတွက် မိမိတို့ တပ်မတော်အနေနဲ့ ဥပဒေကို အလေးထား လိုက်နာဆောင်ရွက်ရန် အရေးကြီးကြောင်း နဲ့ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေတယ်လို့ အကြောင်းပြပြီး ဥပဒေကို ချိုးဖောက်လို့ မရကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
2018-08-09
မြန်မာအစိုးရက နယ်သာလန်နိုင်ငံ အခြေစိုက် ICC (International Criminal Court) နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး အနေနဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခု မဟုတ်တဲ့ မိမိတို့ နိုင်ငံကို ဥပဒေကြောင်းအရ ဝင်ရောက်ပြီး တရားစီရင်ပိုင်ခွင့် တစုံတရာ မရှိကြောင်းနဲ့ ICC က မေးမြန်းစုံစမ်းတာတွေကို တုံ့ပြန်ဖြေကြားဖို့လည်း မိမိတို့နိုင်ငံမှာ တာဝန်မရှိကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
2018-08-09
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ရက်နေ့က ဟိန္ဒူဘာသာဝင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ မိဘမဲ့ဖြစ်သွားရတဲ့ ကလေးတွေဟာ စစ်တွေမြို့က ဈေးဆိုင်တွေမှာ ဝင်ရောက်လုပ်ကိုင်နေရပြီး သူတို့တွေအတွက် အကူအညီတွေ ရအောင် ကြိုးပမ်းသွားမယ်လို့ ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) ဥက္ကဋ္ဌက ဒီနေ့ ပြောလိုက်ပါတယ်။
2018-08-09
ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်း ပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းရဲ့ နည်းပြအပါအဝင် ကလေး သုံးယောက်ကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြု ကတ်ပြားတွေကို ထိုင်းအစိုးရက မနေ့က ထုတ်ပေးလိုက်ပါတယ်။
2018-08-09
ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာ နေထိုင်တဲ့ လူ ၂၃ ဦးကို တရုတ်နိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင်ပို့ဆောင်ပေးခဲ့တဲ့ ကျောက်တော်မြို့က ဦးထွန်းလှ ဆိုသူကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
2018-08-09
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဝင်တွေ ဒီကနေ့ နေပြည်တော်က လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ပါတယ်။
2018-08-09
လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးအသစ်အဖြစ် ခန့်အပ်ခံရတဲ့ ချီလီသမ္မတဟောင်း Michelle Bachelet ဟာ လူ့အခွင့်ရေးနဲ့ပတ်သက်ပြီး မျှမျှတတဆောင်ရွက်မယ့်သူဖြစ်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။
2018-08-09
ကယားပြည်နယ်၊ ဒီမောဆိုးမြို့နယ် မန်းလားကျေးရွာမှာ နှစ် ၇ဝ ပြည့် ကရင်နီ အမျိုးသား ခုခံတော်လှန်ရေးနေ့ အခမ်းအနားကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဒီနေ့ ပူးပေါင်းကျင်းပခဲ့ပါတယ်။
2018-08-09
ရခိုင်ပြည်နယ်မြောက်ပိုင်းကို ကုလဝန်ထမ်းတွေ လွတ်လပ်စွာ သွားလာခွင့်မရဘူးဆိုပြီး UNHCR နဲ့ UNDP က သတင်းထုတ်ပြန်တာဟာ တဖက်သတ် စွပ်စွဲချက်သာဖြစ်ကြောင်း မြန်မာ အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ တုံ့ပြန်ပြောကြားလိုက်ပါတယ်။
2018-08-09
၈၈ အရေးတော်ပုံနဲ့အတူ ကြိုးပမ်းလာခဲ့တဲ့ ပြည်သူတွေရဲ့ ရည်မှန်းချက်ဟာ နှစ်ပေါင်း ၃ဝ အထိ ကြာလာခဲ့ပေမယ့် ဖြစ်ပေါ်မလာသေးဘူးလို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် စောမြရာဇာလင်းက ပြောပါတယ်။
2018-08-09
ပြည်သူလူထုသာ အရည်အချင်းပြည့်ဝခဲ့မယ်ဆိုရင် အချည်အချင်းမဲ့တဲ့ အစိုးရတစ်ရပ် အာဏာရလာဖို့ဆိုတာ ခက်ခဲကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး စကားဝိုင်း မှာ ပြောခဲ့ပါတယ်။
2018-08-08
ဘင်္ဂလားဒေ့ရှ် အစိုးရက သူတို့နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ကို ပြန်လည်လက်ခံရန် မြန်မာအစိုးရအနေနဲ့ လိုအပ်သလို လုပ်ဆောင်ခြင်း မရှိတဲ့အတွက် လိုအပ်သလို အရေးယူဆောင်ရွက်ပေးပါလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မနေ့က ပြောကြားလိုက်ပါတယ်။