သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-13
ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒီဇင်ဘာ ၁၂ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-13
အဂတိ လိုက်စားမှု ၆ မှုနဲ့ စစ်ကောင်စီရဲ့ စွဲချက်တင်ခံလိုက်ရတဲ့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက သူ့မှာအပြစ်မရှိဘူးလို့ ဒီဇင်ဘာ ၁၃ ရက် ဒီနေ့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
2021-12-13
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကဲဘာရွာမှာ ဒီဇင်ဘာ ၁၃ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး မီးလောင်ကျွမ်းခဲ့လို့ အိမ်ခြေ ၁၀၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-13
စစ်ကိုင်းတိုင်း ကလေးဝ-ယာကြီး-မုံရွာ လမ်းမပေါ်မှာ ဒီဇင်ဘာ ၉၊ ၁၁ နဲ့ ၁၂ ရက်တွေက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ကနီ၊ မင်းကင်း၊ တောင်တွင်း မြို့နယ်တွေက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF သုံးဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PDF တာဝန်ရှိသူတွေက ပြောပါတယ်။
2021-12-13
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ၃၇ လမ်း အခွန်လွတ်ဈေးမှာ ဒီဇင်ဘာ ၁၃ ရက် ဒီနေ့မနက်က အရပ်ဝတ်နဲ့ ဈေးလာဝယ်သူ စစ်သားနှစ်ယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြော ပါတယ်။
2021-12-13
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ထဲမှာ လေးရက်အတွင်း တိုက်ပွဲ သုံးနေရာဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေးယောက် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။
2021-12-13
ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒီဇင်ဘာ ၁၂ ရက်မနေ့က ခရစ်ယာန် ဓမ္မဆရာ တစ်ဦး ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ချင်းဒေသ ခုခံကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-13
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက နေရာသုံးခုမှာ ဒေသခုခံကာကွယ်ရေးအဖွဲ့ PDF တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ဘက်က အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ယင်းမာပင် PDF အဖွဲ့က ပြောပါတယ်။
2021-12-13
ဒေါ်အောင်ဆန်းစုကြည် ကို စွဲထားတဲ့ သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ - ၂၅ အတွက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကိုယ်တိုင် နေပြည်တော် အထူးတရားရုံးထိ သက်သေလာရောက်ထွက်ဆိုဖို့ ကိစ္စကို ထောင်အာဏာပိုင်တွေက ကျန်းမာရေး အကြောင်းပြချက်နဲ့ ခွင့်မပြုခဲ့ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-12-13
တနင်္သာရီတိုင်း ထားဝယ်တက္ကသိုလ်က အဝေးသင်ကျောင်းသား ကိုချစ်နိုင်ကို စစ်ကောင်စီက ထောင် ၁၁ နှစ် ချမှတ်တာ ခံလိုက်ရတယ်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဒီဇင်ဘာ ၁၃ ရက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2021-12-12
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံရပ်ကွက်မှာရှိတဲ့ ချမ်းသာကြီး ကျောင်းတိုက်က သံဃာ တော် သုံးပါး အပါအဝင် ၁၄ ဦးဟာ ဒီဇင်ဘာ ၁၂ ရက် မနေ့က နေ့လယ်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတာခံခဲ့ကြရ ပါတယ်။
2021-12-12
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုကို ဒီဇင်ဘာလ ၁၂ ရက် မနေ့က တောင်ကိုရီးယားနိုင်ငံ ချန်းဝမ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
2021-12-12
USD Tether လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို မြန်မာနိုင်ငံအတွင်း တရားဝင် သုံးစွဲမှုကို ခွင့်ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံဘဏ္ဍာဝန်ကြီး ဌာနက ဒီဇင်ဘာလ ၁၁ ရက်နေ့က ကြေညာခဲ့ပါတယ်။
2021-12-12
တနင်္သာရီတိုင်း လောင်းလုံမြို့နယ်ထဲမှာ ရွာသားနှစ်ယောက်နဲ့ ဆိုင်ကယ် ငါးစီးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက ဖမ်းဆီးပြီး လူတစ်ယောက် သုံးသိန်း ဆိုင်ကယ် တစ်စီး တစ်သိန်းနဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ အဖမ်းခံရသူတစ်ဦးရဲ့ မိသားစုနဲ့ နီးစပ်သူ တွေက ပြောပါတယ်။
2021-12-12
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ ၃၇၇ ဦးရှိတယ်လို့ ကလေးမြို့ ပင်မသပိတ် ဦးဆောင်သူတွေ ပြုစုထားတဲ့စာရင်းအရ သိရပါတယ်။