သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-08-16
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ကနေ ဘန်ကောက်ကိုသွားမယ့် ရထားပေါ်မှာ မြန်မာအလုပ်သမား ၃၅ ဦး အဖမ်းခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
2024-08-16
စက်သုံးဆီပြတ်လပ်မှု အဆိုးရွားဆုံးကြုံနေရပြီး ဝယ်ယူရခက်ခဲတာကြောင့် ရန်ကုန်မြို့က ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်လိုက်ရပြီး အွန်လိုင်းကနေ သင်ကြားရေးလုပ်နေကြရတယ်လို့ ကျောင်းသားမိဘတွေနဲ့ ပုဂ္ဂလိကကျောင်း တာဝန်ခံတွေက RFA ကို ပြောပါတယ်။
2024-08-16
ရေဦးမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းက ရွာတွေထဲစီနင်းလို့ ကျေးရွာ ၁၃ ရွာခန့်က ဒေသခံ ငါးထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ရေဦးဒေသခံတွေက ပြောပါတယ်။
2024-08-15
ထိုင်းအစိုးရက စခန်းပြင်ပ ထွက်ခွာခွင့် တားမြစ်ထားတာကြောင့် ဒုက္ခသည်တွေဟာ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးနေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2024-08-15
လူကုန်ကူးမှုပြဿနာကို အာဆီယံက အလေးပေးဖို့လိုအပ်တယ်လို့ အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူက အစည်းအဝေးမှာ ပြောကြားပါတယ်။
2024-08-15
ထောင်ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပုံစံကြေးမပေးရင် ရိုက်နှက်နေတယ်လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
2024-08-15
နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဒီပြောကြားချက်နဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းမီဒီယာတွေမှာ ဖော်ပြထားတာ မရှိပါဘူး။
2024-08-15
မြောင်းမြအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ရိုဟင်ဂျာ တစ်ရာကျော်ဟာ လွတ်ရက်စေ့ခဲ့ပေမဲ့ အဆောင် ၃၊ အခန်း ၆ နဲ့ အဆောင် ၄၊ အခန်း ၇ မှာ ဆက်လက်ထိန်းသိမ်းခံခဲ့ရပြီးနောက် သေဆုံးခဲ့တာပါ။
2024-08-15
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လမောင်ကျေးရွာက စစ်ကောင်စီတပ် ဗျူဟာကုန်းစခန်းကို ဩဂုတ်လ ၁၅ ရက် ဒီကနေ့ မနက်ပိုင်းမှာ KIA က သိမ်းယူခဲ့တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
2024-08-15
မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေနဲ့ တခြား စစ်ဘေးဒုက္ခသည်တွေအပါအဝင် သဘာဝဘေးဒဏ်သင့် ဒေသခံတွေကို အိန္ဒိယဗဟိုအစိုးရက ဆန်ထောက်ပံ့ပေးမယ်လို့ ZPM ကထုတ်ပြန်ပါတယ်။
2024-08-15
လေဆိပ်နဲ့ နယ်စပ်ဂိတ်အားလုံးမှာ စစ်ဆေးတားမြစ်တဲ့အချိန် နစ်နာမှုတွေမဖြစ်ဖို့ အလုပ်သမား နိုင်ငံကူးလက်မှတ် PJ နဲ့ OWIC ကတ်ပါမှ ခွင့်ပြုပေးမယ်လို့ ဆိုပါတယ်။
2024-08-15
ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းက စက်သုံးဆီ အရောင်းဆိုင်တွေ ဆီပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံနေရအချိန် စစ်ကောင်စီရဲ့ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်းတစ်ရာ ပံ့ပိုးပေးမယ်လို့ ဩဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
2024-08-15
သီပေါမြို့နယ်မှာ ငါးရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁၁ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ (TNLA) က ထုတ်ပြန်ပါတယ်။
2024-08-15
လားရှိုးမြို့ ရမခ တိုက်ပွဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပန်း သုံးရာခန့်ကို MNDAA က ဩဂုတ် ၁၄ ရက်က ပြန်လွှတ်ပေးခဲ့တယ်လို့ RFA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေက အတည်ပြုပြောပါတယ်။
2024-08-15
အာဏာရှင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြည်တွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့ တရုတ်နိုင်ငံကနေ ပံ့ပိုးကူညီမှုတွေ မျှော်လင့်တယ်လို့ တရုတ်သံရုံး (WeChat) စာမျက်နှာကနေ ထုတ်ပြန်ပါတယ်။