သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-01
ကချင်ပြည်နယ်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကို နှစ်စဉ် တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရေးအဆိုကို ဒီကနေ့ ကချင်ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြရာမှာ ကန့်ကွက်သူများတာကြောင့် အတည်မပြုနိုင်ဘဲ ရှုံးနိမ့်သွားပါတယ်။
2017-12-01
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ အခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။
2017-11-30
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ၄ ရက်ကြာ မြန်မာခရီးစဉ်ဟာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့မဟုတ်ဘဲ သံတမန်ရေးအရ လာရောက်တဲ့ ခရီးစဉ်သာဖြစ်တယ်လို့ ဗာတီကန် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။
2017-11-30
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိတောင်က အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရဲ့ ရွှေတူးဖော်ထုတ်လုပ်မှုကို အစိုးရက ဆိုင်းငံ့လိုက်တဲ့အတွက် ကုမ္ပဏီဥက္ကဌ ဦးစိုးထွန်းရှိန် အပါအဝင် ဝန်ထမ်း ၅၀၀ လောက်က ရမည်းသင်းမြို့ပေါ်မှာ ဒီကနေ့ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
2017-11-30
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရဖိတ်ကြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ တရုတ်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။
2017-11-30
ရခိုင်ပြည်နယ်၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ် အတွင်းကနေ စုစုပေါင်း ကျပ်သိန်းပေါင်း နှစ်သောင်းငါးထောင်ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်းကျော်ကို နိုဝင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန် ထားပါတယ်။
2017-11-30
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော် လုပ်ကိုင်ကြသူတွေထဲက နည်းဥပဒေတွေ အတိုင်း လိုက်နာမှုမရှိတဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွေကို အခုနှစ်ကစလို့ ဥပဒေအတိုင်း စိစစ်ဆောင်ရွက်ဖို့ ရှိမရှိနဲ့ပတ်သက်ပြီး ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြည်နယ် လွှတ်တော်မှာ ဒီကနေ့ မေးမြန်းခဲ့ပါတယ်။
2017-11-30
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးဟာ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ သူ့သဘောထားတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောကြားလိုတဲ့အတွက် ၈၈ ငြိမ်းပွင့်ကနေ နုတ်ထွက်လိုက်ပါတယ်။
2017-11-29
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာပြည်ခရီးစဉ်မှာ နိုင်ငံတော်အကြီးအကဲတွေနဲ့ မတွေ့ဆုံခင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့အတွက် Protocol နိုင်ငံတကာ သံတမန်ကျင့်ဝတ်ကို ချိုးဖေါက်ရာကျတယ်ဆိုတဲ့အချက်ကို ဗာတီကန်အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က ဝန်ခံလိုက်ပါတယ်။
2017-11-29
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ မြန်မာနိုင်ငံသူ နန်းမြင့်သိန်းအေး ဆိုသူကို ဘန်ကောက်မြို့မှာ နိုဝင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ မူးယစ်ဆေးဝါးကရ တဲ့ ထိုင်းဘတ်ငွေ သန်းပေါင်း တသန်းကျော်ကို ၁၀ နှစ်ကျော်ကြာ လွဲပြောင်းပေးမှုနဲ့ ဖမ်းဆီးလိုက် တာလို့ ဆိုပါတယ်။
2017-11-29
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတွေမှာ တိုင်းရင်းသားကျေးရွာတွေ ပိုမို တည်ထောင်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ကန့်ကွက်မယ့်သူမရှိတာကြောင့် အတည်ပြုလိုက်ပါတယ်။
2017-11-29
ဘာသာရေးခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေဟာ အသံမဲ့တွေရဲ့ အသံကို ကြားအောင် ကြိုးစားဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2017-11-29
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆိုလာမီး တပ်ဆင်ပေးမယ်ဆိုပြီး ထောင်နဲ့ချီတဲ့ အိမ်ထောင်စုတွေဆီကနေ ငွေကြေးလိမ်လည်သူ ၅ ဦးကို လပွတ္တာမြို့မရဲစခန်းမှာ ပုဒ်မ ၃ ခုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ လပွတ္တာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှ က ဒီနေ့ ပြောပါတယ်။
2017-11-29
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ဦးဆောင်ပြီး ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာက ဖွံ့ဖြိုးတိုးတက်ရေးကျောင်းဖွင့်မယ့်ကိစ္စကို ရပ်ဆိုင်းထားဖို့ ပြည်နယ်အစိုးရက တားမြစ်လိုက်ပါတယ်။
2017-11-28
ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ဖြစ်ကြောင်း မြန်မာနိုင်ငံကို ၃ ရက်ကြာ ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် Pope Francis က ပြောကြားလိုက်ပါတယ်။