သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-05-08
ထီးလင်းမြို့နယ်၊ အကြည်ဘန်းရွာကို စစ်ကောင်စီတပ် မီးရှို့ခဲ့ပြီး ရွာခံနှစ်ဦးအသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-05-08
ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်တဲ့အပေါ် စိုးရိမ်စိတ်နဲ့ ဆန်ဝယ်ယူစုဆောင်းနေကြတာကြောင့် မေလ ၈ ရက် ဒီကနေ့မနက်ပိုင်းမှာပဲ ရန်ကုန်လက်လီဈေးကွက်ထဲမှာ ဆန်ဈေးနှုန်းကျပ်ထောင်ဂဏန်း မြင့်တက်သွားတယ်လို့ စားသုံးသူတွေက ပြောပါတယ်။
2023-05-08
ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်နေလို့ ဒေသခံ ခုနစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။
2023-05-08
ကြိမ်နီပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နေအိမ်ပေါင်း ၁၈၅ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ရိုဟင်ဂျာတွေက RFA ကို ပြောပါတယ်။
2023-05-07
မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်ရပ်ကွက်မှာ မင်္ဂလာဒုံမြို့နယ် NLD ပါတီအလုပ်အမှုဆောင်ဦးဝင်းနိုင်ရဲ့ ညီမသားအမိနှစ်ဦး သေနတ်နဲ့ အပစ်ခံရလို့ တစ်ဦးသေဆုံးပြီး တစ်ဦးက အရေးပေါ်ခွဲစိပ်ကုသမှု ခံယူနေရပါတယ်။
2023-05-07
ကန့်ဘလူမြို့နယ် ထောက်ရှာအိုင်ရွာကို မေလ ၇ ရက်ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၆၀ နီးပါး မီးလောင်ကျွမ်းခဲ့ပါတယ်။
2023-05-07
ချားလ်စ်ဘုရင်နဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့ မစ္စတာ ရှောင်တာနဲလ်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ထုတ်ပြန်ပါတယ်။
2023-05-07
ဓနုဖြူမြို့ပေါ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးဆိုင်းဘုတ်ကို မေလ ၅ ရက်မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က ဖြုတ်ချသွားပါတယ်။
2023-05-07
မေ ၁၀ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
2023-05-07
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ၂၀၂၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ကြေညာပါတယ်။
2023-05-07
ဒီတစ်ပတ်ထဲမှာ ကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံအရေးကို အဓိကထား ဆွေးနွေးဖို့ရှိနေကြောင်း ဒီကနေ့ AFP သတင်းတစ်ပုဒ်မှာ ဖော်ပြလိုက်ပါတယ်။
2023-05-07
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်း လက်ပံတောင်းတောင်ဒေသမှာ မေလ ၆ ရက်နေ့ညနေပိုင်းက တရုတ်နိုင်ငံအလံကို မီးရှို့ပြီး တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-05-07
မြင်းမူမြို့နယ် လက်ထုတ္တောရွာကို စစ်ကောင်စီတပ်စစ်ကြောင်း မေလ ၆ ရက်နေ့မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်ငါးရာကျော် ပျက်စီးခဲ့ပါတယ်။
2023-05-06
အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းက မြန်မာနိုင်ငံတစ်ဝန်းလူသားချင်းစာနာမှု အကူအညီပေးဖို့အတွက် လိုအပ်ချက်တွေကို အပြီးသတ်ပြုစုနေပါတယ်။
2023-05-06
မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ဝင်းကရဲစခန်းကို မေလ ၆ ရက်နေ့ မနက်ပိုင်းက တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။