သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-14
ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ MNDAA ကိုးကန့် တပ်မတော်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း မိမိတို့တပ်တွေ ပါဝင်မှုမရှိဘူးလို့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့က ဒီကနေ့ ငြင်းဆိုလိုက် ပါတယ်။
2015-02-13
သပိတ်မှောက်ကျောင်းသားတွေ ရန်ကုန် မဝင်နိုင်အောင် ဥပဒေအရဆောင်ရွက်မယ် လို့ အစိုးရက မနေ့ညက ကြေညာချက်ထုတ်လိုက်ပါတယ်။
2015-02-13
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ၃ မှာရှိတဲ့ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား ၁၈ဝဝ နီးပါးဟာ အခြေခံ လုပ်ခလစာ ကျပ်သုံးသောင်းတိုးမြှင့်ပေးဖို့အတွက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-02-13
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ် ချုပ်ကျခံနေရစဉ်က အသုံးပြုခဲ့တဲ့ ခြံဝင်း တံခါးနဲ့ အိမ်နံပါတ်ပြားဟောင်းကို ဈေးပြိုင်စနစ်နဲ့ လေလံ ဆွဲနေရာမှာ ဒီနေ့ ကျပ်သိန်းငါးထောင်နဲ့ ဝယ်ယူသူရရှိ ပြီး လေလံပိတ်လိုက်ပြီဖြစ်ပါတယ်။
2015-02-13
အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေဟာ သပိတ်ကို ဒီနေ့ရပ်နားပြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် အခမ်း အနားတွေ ကျင်းပကြပါတယ်။
2015-02-13
ဗိုလ်ချုပ်မွေးနေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ခဲ့တာဟာ ကလေးတွေအနေနဲ့ ဗိုလ်ချုပ်အောင် ဆန်းရဲ့စိတ်ဓါတ်ကို အတုယူစေချင်လို့ သတ်မှတ်ခဲ့ တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နတ်မောက်မြို့ မှာကျင်းပတဲ့ ကလေးများနေ့ အခမ်းအနားမှာ ပြောပါတယ်။
2015-02-13
ဒီနေ့ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်မှာ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ဗိုလ်ချုပ်ပန်း ခြံကို ဖွင့်လှစ်ခဲ့ပါတယ်။
2015-02-13
ဗိုလ်ချုပ်အောင်ဆန်းကို လေးစားဂုဏ်ပြုချင်ရင် သူဖြစ်စေချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင် စု နိုင်ငံဖြစ်အောင် အားလုံးကဝိုင်းကြိုးစား ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား ခဲ့ပါတယ်။
2015-02-12
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ တဝိုက်မှာ ဖုန်ကြားရှင် ဦးဆောင်တဲ့ လက် နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ယနေ့အထိ တိုက်ပွဲဖြစ်စဉ်ပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ကူများနှင့် လေကြောင်း ပစ်ကူ ၅ ကြိမ် ဆောင်ရွက်ခဲ့ ရကြောင်း၊ ဖြစ်စဉ်တလျှောက် တပ်မတော်မှ အရာရှိ ၅ဦး၊ စစ်သည် ၄၂ ဦး အသက်ပေးလှူခဲ့ပြီး၊ အရာရှိ ၁၁ ဦး စစ်သည် ၆၂ ဦး ဒဏ်ရာရရှိကာ မော်တော်ယာဉ် ၅ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ကိုးကန့်တိမ်းရှောင်အဖွဲ့ထံမှ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပြီး ကျဆုံး/ထိခိုက် ဒဏ်ရာရမှုအချို့ရှိခဲ့ကြောင်း အစိုးရက ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။
2015-02-12
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင် ထားသူတွေကို မဲပေးခွင့်ပြုထားတဲ့ ဥပဒေတွေကို ပယ်ဖျက်ပေးဖို့အတွက် လာမယ့် ဖေဖော် ဝါရီလ ၁၅ ရက်နေ့မှာ ဆန္ဒပြတောင်းဆိုမယ်လို့ ရခိုင် အမျိုးသားပါတီ ANP က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2015-02-12
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ရေး အတွက် သပိတ်မှောက် ကျောင်း သားကျောင်းသူတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို အစိုးရက မူအရသဘောတူညီထားပေ မဲ့ ပေါင်းတည်မြို့မှာ ရောက်ရှိနေတဲ့ သပိတ်စစ်ကြောင်းက ဆက်လက်ချီတက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
2015-02-12
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသားကျောင်းသူ ကိုယ်စားလှယ် ၁၁ ဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တေ့ွဆုံခဲ့ပါတယ်။
2015-02-12
အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ကျရောက်တဲ့ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်းပြောကြားပါတယ်။
2015-02-12
ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံ တဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့အညီ တည်ဆောက်ဖို့ိ ဆိုတာတွေ ပါဝင်တဲ့ ကတိပြုချက် ၅ ချက်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့က ဒီနေ့ လက်မှတ်ရေးထိုးလိုက်ပါတယ်။
2015-02-12
မြန်မာနိုင်ငံသားမဟုတ်သူတွေ ကိုင်ဆောင်ထားတဲ့ White Card ခေါ် ယာယီသက်သေခံ လက်မှတ်တွေကို လာမယ့် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးပြီလို့ သတ်မှတ်ကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။