သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-06
၂၀၂၁ ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့်ဆု ဆန်ခါတင်စာရင်းမှာ မြန်မာနိုင်ငံက သတင်းထောက် မကေဇွန်နွေး ရွေးချယ်ခံထားရတယ်လို့ နိုဝင်ဘာလ ၅ ရက်နေ့က နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
2021-11-06
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါးရွာကို နိုဝင်ဘာ ၅ ရက်နေ့ နေ့လည်က စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းတချို့ ယူဆောင်သွားတယ်လို့ နှမ်းခါးရွာဒေသခံတွေက RFA ကို ပြောပါ တယ်။
2021-11-06
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ အချက်တွေအပါအဝင် ပြည်တွင်း၊ ပြည်ပ ပါတီတွေနဲ့ ဆက်ဆံရေးဆောင်ရွက်နိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဗဟိုအလုပ်ကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2021-11-06
လက်ရှိ မြန်မာနိုင်ငံဟာ ကျဆုံးပျက်စီးရေး လမ်းကြောင်းပေါ် ရောက်နေပြီး ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာနေတယ်လို့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
2021-11-06
အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရရာလက်နက်ဆွဲကိုင်ပြီး ခုခံတိုက်ခိုက်ခဲ့ကြတာ ချင်းတောင်ပေါ်က ပြည်သူ့ကာကွယ်ရေးတပ် CDF တွေက ပထမဆုံး စတင်ခဲ့တာပါ။
2021-11-06
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာက ရက္ခိုင့်တပ်တော် (AA)နဲ့ ဆက် စပ်တယ်ဆိုပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံ ထားရတဲ့ ကျေးရွာသား ၂၃ ဦးကို နိုဝင်ဘာလ ၅ ရက်နေ့မှာ အပြီးသတ်အမိန့်ချဖို့ ရုံးချိန်းထားပေမယ့် အမိန့်မချဘဲ ရုံးချိန်းထပ်မံ ရွှေ့ဆိုင်းခံလိုက်ရတယ်လို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။
2021-11-05
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ၊ နိုဝင်ဘာလ ၁ ရက် နေ့အထိ၊ မြန်မာနိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခတွေနဲ့ လုံခြုံရေး အခြေအနေတွေ ကြောင့် ပြည်တွင်းနေရာရွှေ့ပြောင်းရသူ နှစ်သိန်းနှစ်သောင်းသုံးထောင့်သုံးရာ ဝန်းကျင်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
2021-11-05
ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေနဲ့ လုပ်ငန်း ရှင်တွေဟာ စစ်တပ်ပိုင် မိုဘိုင်းဖုန်းလုပ်ငန်းဖြစ်တဲ့ Mytel ကို အသုံးမပြုကြတော့ တဲ့အတွက်၊ Mytel ကိုယ်စားလှယ် တစ်သောင်းဝန်းကျင် ထွက်ခွာသွားခဲ့ကြပြီး၊ ဖေဖော်ဝါရီလကနေပြီ ဧပြီလအထိ အမေရိကန် ဒေါ်လာ ၂ သန်းနီးပါး ဆုံးရှုံးခဲ့တယ်လို့ Justic for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။
2021-11-05
ချင်းပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ မြင့်တက်လာနေတာတွေကို ရပ်တန့်အောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကနေ ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ဖို့ အရပ်ဘက်အဖွဲ့ ငါးရာကျော်က တိုက်တွန်းတောင်းဆိုလိုက်တဲ့အကြောင်း Reuters သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
2021-11-05
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ ဒေါ်လာတွေ ပေးခဲ့တယ်ဆိုတဲ့ အမှုအတွက် နိုဝင်ဘာလ ၅ ရက်နေ့ ရုံးချိန်းမှာ ကိုယ်တိုင်ထွက်ဆိုမယ့် ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ် ကျန်းမာရေးကြောင့် မလာနိုင်လို့ နောက်အပတ် ရုံးချိန်းကို ရွှေ့လိုက်ရပါတယ်။
2021-11-05
ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ အတွင်းရေးမှူးဟောင်း ကိုစည်သူအောင်တင်ကို စစ်တရားရုံးကနေ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ - ခ နဲ့ ပုဒ်မ ၅၀၅ - က တို့နဲ့ နိုဝင်ဘာ ၃ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။
2021-11-05
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ အထက (၂) စာသင်ကျောင်းအနားမှာ နိုဝင်ဘာလ ၅ ရက် ဒီနေ့ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက အနီးအနား ပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2021-11-05
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ နိုဝင်ဘာလ ၅ ရက် ဒီနေ့မနက် ၈ နာရီခွဲ အချိန်ခန့်က ကျောင်းတက်ဖို့သွားတဲ့ အထက်တန်းပြ ကျောင်းဆရာမတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2021-11-05
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ဟူးဆွန်တောင်ကြောတဝိုက်မှာ ရှမ်းတပ်နှစ်ဖွဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတာကြောင့် အနီးအနားရွာတွေက ဒေသခံတွေ ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-05
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်ထဲမှာ နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကယားပြည်နယ် ထဲက ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။