သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-06
မြန်မာနဲ့ တောင်ကိုရီးယား တက္ကသိုလ်တွေ ကျန်းမာရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ သိရပါတယ်။
2018-08-05
ထိုင်းနိုင်ငံမှာ လေးရက်အတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၀၀ ခန့် ဖမ်းဆီးရမိခဲ့ပါတယ်။
2018-08-05
ရခိုင်ပြည်နယ်မှာ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော် ပုန်ကန်မှု စတဲ့ ပုဒ်မသုံးခုနဲ့ တရားစွဲဆိုခံနေရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာ အေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် စစ်တွေမြို့ ဘုရားကြီးသိမ်မှာ လူပေါင်း ၂၀၀ ကျော်လောက် ဒီနေ့ဆုတောင်းပွဲကျင်းပကြပါတယ်။
2018-08-05
နိုင်ငံတစ်ဝှမ်းက ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် ညှိနှိုင်းရေး ကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။
2018-08-05
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မန်လီကျေးရွာမှာ ဈေးဝယ်ပြီးပြန်လာတဲ့ တပ်မတော်သား တစ်ဦးအပါအဝင် ၃ ဦး သေနတ်နဲ့ အပစ်ခံရတာကြောင့် သေဆုံးခဲ့ပါတယ်။
2018-08-05
အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIO ခေါင်းဆောင်တွေဟာ ဒီကနေ့ တရုတ်-မြန်မာနယ်စပ်မှာ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးကြတယ်လို့ KIO ပြောခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
2018-08-05
အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ကို တိုင်ကြားလာတာတွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ထံ လွဲှပေးထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ဒီနေ့ ပြောပါတယ်။
2018-08-04
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မိုက် ပွန်ပေးယိုက မြန်မာနိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်နဲ့ မနေ့က တွေ့ဆုံရာမှာ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
2018-08-04
၁၉၈၈ အရေးတော်ပုံ နှစ် ၃ဝ ပြည့် အမှတ်တရ အခမ်းအနားကို အမေရိကန်ပြည်ထောင်စုရောက် မြန်မာပြည် ဒီမိုကရေစီ ရရှိရေးလှုပ်ရှားသူတွေက နယူးယောက်ပြည်နယ် ယူတီကာမြို့မှာ စနေနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။
2018-08-04
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် လောင်းချောင်း နယ်ခြားစောင့် ရဲစခန်းမှူးနဲ့ တပ်ဖွဲ့ဝင်နှစ်ဦးဟာ ဒေသခံ လူငယ်နှစ်ဦးကို ခြိမ်းခြောက်ရိုက်နှက်ပြီး ငွေကျပ် လေးသိန်း ရယူသွားတာကို အရေးယူပေးဖို့ ကာယကံရှင် လူငယ်နှစ်ဦးက ပြောပါတယ်။
2018-08-04
အရင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က လက်ရှိတိုင်းအစိုးရကို လွှဲပြောင်းပေးဖို့ ကျန်ရှိနေ တဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်ငွေသန်း ၅ ထောင်ကျော် ပြန်လည်လွဲှပြောင်းပေမယ့် အခြေအနေကို နိုင်ငံတော်သမ္မတထံ တင်ပြထားတယ်လို့ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ပြောပါတယ်။
2018-08-04
ကုမ္ပဏီတွေ၊ စီးပွားရေး အဖွဲ့အစည်းတွေအနေနဲ့ အကျိုးစီးပွားရလဒ်အတွက် မျှော်ကိုးပြီး ဆက်စပ်ဝန်ကြီးဌာနတွေ၊ အစိုးရအဖွဲ့တွေကို တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးဖြစ်ဖြစ် လှူဒါန်းတာတွေ လက်ဆောင်ပေးတာ မလုပ်ဖို့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-08-04
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းမှော်နယ်မြေမှာ သုံးနှစ်အတွင်း တောင်ကမ်းပါးယံ မြေပြိုကျမှု အကြိမ် ၁ဝဝ ကျော် ဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၂ဝဝ ကျော် သေဆုံးကာ ၁ဝဝ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
2018-08-04
ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ စိုက်ပျိုးမြေဧက အားလုံးမှာ ရက်တိုအတွင်း ပြန်လည်စိုက်ပျိုးနိုင်ဖို့ စီစဉ်ထားတယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ဒီနေ့ ပြောပါတယ်။
2018-08-04
ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုတွေကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ လူ ၁၇ ယောက် သေဆုံးခဲ့ပါတယ်။