သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-25
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာ အထွက်မှာ ဒီကနေ့မနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းရဲ့ ခရီးစဉ်အတွက် လုံခြုံရေးဆောင် ရွက်ပေးနေတဲ့ တပ်မတော်သားတစ်ဦးထံက လက်ပစ်ဗုံးပေါက်ကွဲတာကြောင့် တပ်သား တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။
2015-11-24
ရိုဟင်ဂျာ မွတ်စလင်တွေဟာ အသိ အမှတ်ပြုခံရပြီးတဲ့ တိုင်းရင်းသားတွေဖြစ် တယ်လို့ ရေးသားဖေါ်ပြထား ပြီး၊ မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာ ပါဝင်တဲ့ ပြက္ခဒိန်ထုတ်ဝေဖို့ ရိုက်နှိပ်မှုနဲ့ လူ ၅ ဦးကို တရားရုံးက ငွေဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။
2015-11-24
ကွယ်လွန်သူ မြန်မာ့ပန်းချီကျော် ဆရာကြီး ဦးဘဉာဏ်ရဲ့ ပန်းချီကားအပါအဝင် အမေရိကန်ဒေါ်လာ ၃၇၆ သန်း တန်တဲ့ အရှေ့တောင်အာရှက ခေတ်သစ်အနုပညာလက်ရာတွေကို အများပြည်သူကြည့်ရှုနိုင်ဖို့ စင်ကာပူ အမျိုးသား ပြခန်းကို မနေ့က ဖွင့်လှစ်လိုက်ပါတယ်။ ကမ္ဘာမှာ အရှေ့တောင် အာရှကလက်ရာတွေ အများဆုံး စုဆောင်းပြသတဲ့ ပြခန်း လည်းဖြစ်ပါတယ်။
2015-11-24
ရှမ်းပြည်နယ် ကျေးသီးမြို့နယ်က မိုင်းအပ်နဲ့ နာပန်းကျေးရွာတဝိုက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ အစိုးရတပ်မတော်တို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ရက်နေ့ကစပြီး မနေ့ကအထိ တိုက်ပွဲတွေ ပြန် လည် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
2015-11-24
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ အသရေဖျက်မှု ပုဒ်မ ၅ဝဝ တို့နဲ့ မအူပင် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မချောစန္ဒီထွန်းကို အာမခံပေးဖို့ နဲ့ ပုဒ်မ ၅၀၀ ကို ပယ်ဖျက်ပေးဖို့ ရှေ့နေဖြစ်သူက လျှောက်ထားတာကို မအူပင်မြို့နယ် တရားသူကြီးက ပယ်ချလိုက်ပါတယ်။
2015-11-24
အစိုးရနဲ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းတွေကို နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး ကော်မတီအစည်းအဝေးကို တက်ရောက်ဖို့ဖိတ်ကြားမှာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
2015-11-24
ကချင်ပြည်နယ် ဖားကန့်မြို့ ဆွတ်အောင်ကျေးရွာအနီးက ကျောက်စိမ်း တူးဖော်တဲ့နေရာမှာ မြေစာပုံပြိုကျလို့ ဒီကနေ့အထိ သေဆုံးသူအရေအတွက် ၁၁၄ ဦးရှိပြီဖြစ် ကာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် ကချင်ပြည် နယ် အစိုးရက တစ်ဦးကို ကျပ် ခြောက်သိန်းနှုန်းစီ ထောက် ပံ့ပေးခဲ့တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးဌာနက ပြောပါ တယ်။
2015-11-24
ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့အနီး မိုင်းရှူး-တန့်ယန်းလမ်းမပေါ်မှာ ဒီကနေ့ မနက်ပိုင်း က မိုင်းတစ်လုံး ပေါက်ကွဲခဲ့လို့ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2015-11-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်း စုကြည်နဲ့ ဒီဇင်ဘာလထဲမှာ တွေ့ဆုံမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောလိုက်ပါတယ်။
2015-11-23
တောင်သူလယ်သမားအရေးနဲ့ပြည်သူ့ အကျိုးစီပွား ဆောင်ရွက်နေတဲ့ အဖွဲ့ ၃၄ ဖွဲ့ စုပေါင်းပြီး Network for National Land Reform အမျိုးသားမြေယာ မူဝါဒ ရေးဆွဲရေးကွန်ရက် ဖွဲ့စည်း လိုက်ပါတယ်။
2015-11-23
ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက် က နေအိမ်တစ်ခုမှာ ယမ်းပေါက်ကွဲ မှုကြောင့် လူ ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။
2015-11-23
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာ အနီးက ကံခါ စုပေါင်းစွန့်ပစ်မြေစာပုံဟာ ပြီးခဲ့ တဲ့ နိုဝင်ဘာ ၂၁ ရက် စနေနေ့မနက်အစောပိုင်းက ပြိုကျခဲ့တာကြောင့်၊ ရေမဆေးကျောက်ရှာဖွေသူတွေ ရဲ့ တဲတွေ နစ်မြုပ်သွားခဲ့ပြီး သေဆုံးသူအများအပြား ရှိခဲ့ပါတယ်။
2015-11-23
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ထဲမှာ ကိုယ်စားလှယ်အဖြစ် ကိုယ်စားပြုပေးဖို့အတွက် UNA ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့နဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က ကိုယ်စားလှယ်တစ်ဦးစီကို ဒီကနေ့ ရွေးချယ်ပေးလိုက် ပါတယ်။
2015-11-23
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဟာ တစ်နှစ်ကျော်အတွင်း အဂတိလိုက် စားတဲ့ အစိုးရဝန်ထမ်း တစ်ရာကျော် ကို ဖော်ထုတ်အရေးယူခဲ့ပြီး နိုင်ငံတော်အစိုးရထံ ငွေကျပ် သိန်းပေါင်း ၂၀၀ ကျော်ကို ပြန်လည် အပ်နှံခဲ့ကြောင်း ကော် မရှင် ဥက္ကဌ ဦးမြဝင်းက ဒီနေ့ ပြည်သူ့လွှတ်တော် မှာ ပြောကြားခဲ့ပါတယ်။
2015-11-23
ရှမ်းပြည်နယ် နမ့်စန်မြို့နယ်မဲဆန္ဒနယ် မှာ ပြည်သူ့လွှတ်တော်နေရာအတွက် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက အနိုင်ရရှိခဲ့တာကို ကျားခေါင်း ပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ထံ ငွေကျပ် ၅သိန်း တင်သွင်းပြီး ကန့်ကွက် သွားမယ်လို့ သိရပါတယ်။