သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-11-14
နိုဝင်ဘာ ၁၄ ရက် မနေ့က နိုင်ငံရေး အကျဉ်းသားတွေ လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ ရှိပေမယ့် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီရဲ့ နောက်ဆုံးအချိန်မှာ ရောက်လာတဲ့ ညွန်ကြားချက်ကြောင့် ဆိုင်းငံ့ခဲ့ရတယ်လို့ အမည် မဖော်လိုတဲ့ အစိုးရ အရာရှိ တစ်ဦးကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ AFP သတင်း တစ်ရပ်မှာ ရေးသား ဖော်ပြ လိုက်ပါတယ်။
2011-11-14
ထိုင်းနိုင်ငံ Chanthaburi ခရိုင်မှာ ဖွင့်ထားတဲ့ အနှိပ်ခန်း တစ်ခုက မြန်မာ အမျိုးသမီး ၇၀ နီးပါးကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့က ကယ်တင်လိုက်ကြောင်း သိရပါတယ်။
2011-11-14
ရခိုင်ပြည်နယ် တစ်ခုလုံး ၂၄ နာရီ ပုံမှန် မီးရရှိနိုင်ရေး အတွက် ရခိုင် တိုင်းရင်သား တိုးတက်ရေး ပါတီ RNDP က ပြုစုထားတဲ့ စာတမ်းတစ်စောင်ကို ပါတီ ဌာနချုပ်ရုံးရှိရာ စစ်တွေမြို့မှာ ပြည်သူလူထုကို မနေ့က ရှင်းလင်း ဟောပြောခဲ့ပြီး အစိုးရ တာဝန်ရှိသူတွေထံ မကြာခင် တင်ပြသွားမယ်လို့ သိရပါတယ်။
2011-11-14
နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေ ဒီကနေ့မှာ ပြန်လွတ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ လက်တွေ့မှာ ဖြစ်မလာဘူးလို့ အကျဉ်းထောင်တွေ ရှေ့ကို သွားရောက် စောင့်ဆိုင်းခဲ့ကြသူတွေက ပြောပါတယ်။
2011-11-14
လွှတ်ပေးမဲ့ နိုင်ငံရေး အကျဉ်းသားတွေ အထဲမှာ ဆရာတော် အရှင်ဂမ္ဘီရလည်း ပါဝင်နိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အတွက် မယ်တော် ဖြစ်သူ ဒေါ်ရေးဟာ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဆက်လက် စောင့်နေတယ်လို့ သိရပါတယ်။
2011-11-14
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြုစုထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသားများ စာရင်းကို ဒီကနေ့ထုတ်ပြန် လိုက်ပါတယ်။
2011-11-14
ရှေ့သီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံ အတွင်း မြန်မာနိုင်ငံမှာ မဖြေရှင်းနိုင်သေးတဲ့ တိုင်းရင်းသား အရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အရေး ကိစ္စတွေကို ဆွေးနွေးဖို့ AIPMC လို့ခေါ်တဲ့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
2011-11-14
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လည် လွတ်မြောက်ခဲ့တာ တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ရုံးချုပ်မှာ ဒီကနေ့နိုဝင်ဘာ ၁၄ ရက် နေ့လယ် တစ်နာရီက ကျင်းပခဲ့ပါတယ်။
2011-11-13
မနက်ဖြန် တနင်္လာနေ့မှာ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ရှိတယ်လို့ အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတွေက ပြောဆိုကြောင်း အေအက်ဖ်ပီ၊ အေပီနဲ့ ရိုက်တာသတင်းဌာနတွေက ဖော်ပြကြပါတယ်။
2011-11-13
NLD လူငယ်တွေ ဦးစီးတဲ့ BG ခေါ် ‘Blood Group သွေးအကူအညီပေးရေး အဖွဲ့’ တည်ထောင်ခြင်း နှစ်ပတ်လည်နဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းပွဲတွေကို မနေ့က စပြီး ဆောင်ရွက်ခဲ့ကြောင်း BG အဖွဲ့က ပြောပါတယ်။
2011-11-13
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူတွေကို ထပ်ပြီး လွှတ်ပေးဖို့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က နိုင်ငံတော်သမ္မတထံ မနေ့ကနေ့စွဲနဲ့ အိပ်ဖွင့်ပေးစာတစောင် ပေးပို့လိုက်ပါတယ်။
2011-11-13
မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့အတွက် နိုင်ငံရေး ပါတီ အသီးသီးမှာ ပါဝင်ဆောင်ရွက်နေ တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက Vision of Peace ဆိုတဲ့ ငြိမ်းချမ်းရေးအဖွဲ့တဖွဲ့ကို မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
2011-11-13
အမေရိကန် ပြည်ထောင်စုရောက် မြန်မာ ကျောင်းသားလူငယ်တွေ မိမိတို့ရဲ့ နိုင်ငံသား အခွင့်အရေးအပေါ် အခြေခံတဲ့ တိုးတက်အောင်မြင်မှုတွေ ဖော်ဆောင်နိုင်ဖို့ ဟောပြောပွဲတရပ်ကို အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ ပါဒူးတက္ကသိုလ်မှာ မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
2011-11-13
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ဖွယ်ရှိကြောင်း NLD ပါတီက ပြောဆိုလိုက်ပါတယ်။
2011-11-12
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အင်းစိန် အကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသား တွေထဲက ၂ ဦးကို ဆေးရုံတင်ထား ရကြောင်း ထောင်အာဏာပိုင်တွေက အတည်ပြု ပြောဆိုတယ်လို့ ဒီကနေ့ ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ မိသားစုဝင်တွေက ပြောပါတယ်။