သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-21
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မန်စီမြို့နယ် စီခမ်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း က ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အဲဒီဒုက္ခသည်စခန်းကို သွားရောက် ကူညီခဲ့တဲ့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဥက္ကဌ ဦးစိုင်းဌေးအောင်က ပြောပါတယ်။
2013-11-21
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က မဲပေးသူရဲ့အထောက်အထားတွေ ပါဝင်တဲ့ မဲပေးလက်မှတ်ထုတ်ပေးဖို့ စီစဉ်နေတယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ဒီနေ့ ပြောပါတယ်။
2013-11-21
ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၂ မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် အီလန်မြန်မာ အထည်ချုပ်စက်ရုံမှာ လစာတိုးပေးဖို့အတွက် စက်ရုံအလုပ်သမား ၆၀၀ ကျော်ဟာ ဒီကနေ့မှာ ၄ ရက်မြောက်နေ့အဖြစ် စက်ရုံရှေ့မှာ ဆက် လက်ဆန္ဒပြနေကြပါတယ်။
2013-11-21
မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၁၁ ပါတီက ခေါင်းဆောင် ၁၁ ယောက်ဟာ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ အပါအဝင် ပြည်ပမှာရှိတဲ့ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်နေသူ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဒီကနေ့ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို လေယာဉ်ခရီး နဲ့ ရောက်ရှိလာကြပါတယ်။
2013-11-21
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အကြမ်းဖက်ခံရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒပြရာမှာ ဦးဆောင် ပါဝင်သူ ၆ ဦးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁ လ အမိန့်ချမှတ်ခဲ့ပါတယ်။
2013-11-20
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီ အစည်းအဝေး အတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် ဗြိတိန် အစိုးရ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးဝန်ကြီး Hugo Swire က ကြေချက်ထုတ်ပြန် ကြိုဆိုလိုက်ပါတယ်။
2013-11-20
အစ္စလာမ် ဘာသာရေး အဆောက်အဦတွေ ကို ပစ်မှတ်ထား ဗုံးဖောက်ခွဲဖို့ ကြံစည် စီစဉ်မှုနဲ့ မသင်္ကာသူ သုံးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
2013-11-20
မြန်မာနိုင်ငံမှာ အမြင့်ဆုံးတောင်လို့ သတ်မှတ်ထားတဲ့ ခါကဘိုရာဇီတောင်ဟာ လတ်တလော တိုင်းတာချက်အသစ်တွေ အရ အမြင့်ဆုံးတောင်အဖြစ် ဆက်ရှိနေမလားဆိုတာ မသေချာတော့ဘူးလို့ သိရပါတယ်။
2013-11-20
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ အမျိုးသမီးတွေအပေါ် ပစ်မှတ်ထား၊ အကြမ်းဖက်ခံရမှုတွေ ရှိလာနေကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU (Rakhine Women Union) က ဒီကနေ့ စစ်တွေမြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး ပြောကြားလိုက် ပါတယ်။
2013-11-20
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီခေါင်းဆောင်ဖြစ်တဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့ ဒီနေ့ညနေပိုင်းက နေပြည်တော် မှာ တွေ့ဆုံခဲ့ကြပါတယ်။
2013-11-20
ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ် ရွှေပြည်သာစက်မှုဇုန် ၂ မှာရှိတဲ့ တောင်ကိုရီးယားနိုင်ငံသားပိုင် အီလန်မြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ အခြေခံလစာတိုးမြှင့်ပေးဖို့အတွက် စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြနေကြပါတယ်။
2013-11-20
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ပန်းခြံလမ်းမှာရှိတဲ့ ‘စပါးနှံ’ တာယာစက်ရုံက အလုပ်သမား ၃၀၀ ကျော်ဟာ လစာငွေ နှစ်သောင်းကျပ်တိုးပေးဖို့နဲ့ တနင်္ဂနွေနေ့တိုင်း ပိတ်ရက်ပေးဖို့ ဒီနေ့မနက်ပိုင်းကစပြီး စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
2013-11-20
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇ ရက်ကြာ သြစတြေးလျနိုင်ငံခရီးစဉ်ကို လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ စတင်မှာဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2013-11-20
ပြီးခဲ့တဲ့ရက်ပိုင်းက ကချင်ပြည်နယ် မန်စီမြို့နယ် နမ့်လင်းပါကျေးရွာမှာ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေနဲ့ အစိုးရတပ်အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြတဲ့ ဒေသခံ နှစ်ထောင်ကျော်ထဲက တစ်ထောင်ကျော်လောက်ဟာ ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည်စခန်းတွေ ကို ရောက်ရှိနေတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက RFA ကို ပြောပါတယ်။
2013-11-19
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊ နိုင်ငံတွင်းက တခြား အစ္စလမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်တာတွေကို တားဆီးကာကွယ်ပေး ဖို့ မြန်မာအစိုးရကို တိုက်တွန်းရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက အင်္ဂါနေ့က အားလုံးသဘောတူ အတည်ပြုခဲ့ပါတယ်။